Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 14 July 2012

အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီး မြှုပ်နှံမှု ကန့်သတ်ချက် များအား ဖြေလျှော့ပေး

အမေရိကန် နိုင်ငံရှိ အိမ်ဖြူတော်မှ ထုတ်ပြန်ချက် တွေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူရဲ့ ပြောကြားမှုတွေ အရ အမေရိကန်နိုင်ငံ အစိုးရ
အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အရ ရင်းနှီးမြှုပ်နှံဖို့ ကန့်သတ်ချက် တွေကို ယခုလ ၁၁ ရက်နေ့မှ စတင်ကာ ဖြေလျှော့ပေး လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖြေလျှော့မှုဟာ အမေရိကန် ပြည်ထောင်စုမှ လုပ်ငန်း ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ အပါအ၀င် အခြား စီးပွားရေး လုပ်ငန်းများမှာ ပါဝင်ရင်းနှီး မြှုပ်နှံဖို့ ခွင့်ပြု လိုက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံ အနေနဲ့ ယခုလို မြန်မာနိုင်ငံ အတွက် ဖြေလျှော့ မှုတွေ ပြုလုပ်ပေးမှုဟာ မြန်မာနိုင်ငံမှ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အပါအ၀င် အစိုးရနဲ့ တာဝန် ရှိသူများဟာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု များကို ပြုလုပ်နေပြီး အဆိုပါ ပြုပြင် ပြောင်းလဲမှု တွေကို အားပေးတဲ့ အနေနဲ့ ဖြေလျှော့မှု ပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို ဖြေလျှော့မှုဟာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု တွေကို ချက်ချင်း ကူညီ တုံ့ပြန်ပေးတာ ဖြစ်တဲ့အပြင် မြန်မာပြည်သူတွေ အတွက် အကျိုးရှိမယ့် ပံ့ပိုးမှုတွေ ကိုလည်း ဆက်လက် ပံ့ပိုးပေး သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

အမေရိကန် သံရုံးမှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောပြချက် အရ အမေရိကန် နိုင်ငံဟာ ၎င်းတို့ နိုင်ငံမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင် တွေကို မြန်မာနိုင်ငံမှာ ယခုလို စီးပွားရေး လုပ်ငန်းများ လာရောက် ရင်းနှီး မြှုပ်နှံဖို့ ဖြေလျှော့ ပေးမှုဟာ ယခုအခါ မှသာ ပထမဦးဆုံး ခွင့်ပြုတာ ဖြစ်ပြီး စီးပွားရေး လုပ်ငန်းတွေ ထဲမှ သတ်မှတ် ထားတဲ့ စည်းမျဉ်း စည်းကမ်း များနဲ့ ကိုက်ညီမယ့် စီးပွားရေး လုပ်ငန်း တွေကို မြန်မာနိုင်ငံမှ ခွင့်ပြုပေး သွားမှာ ဖြစ်ပါတယ်။ ဒါ့ပေမယ့် အမေရိကန် နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး ပိတ်ဆို့မှု အချို့ဟာ ဥပဒေများ ထုတ်ပြန်ကာ ပိတ်ဆို့ ထားတဲ့ အတွက် တချို့စီးပွားရေး ပိတ်ဆို့မှုတွေ ကိုတော့ ဥပဒေများ ပြန်လည် ပြင်ဆင်ကာ ဖြေလျှော့ ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဌာနမှ ထုတ်ပြန်ချက်တွေ အရ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ အမေရိကန်က ပြည်တွင်းမှာ  စီးပွားရေး အရ လာရောက် ရင်းနှီး မြှုပ်နှံမှုမှာ နိုင်ငံအလိုက် ရင်းနှီး မြှုပ်နှံမှု တွေမှာ အဆင့် ၉ နေရာ မှာရှိပြီး အမေရိကန် ဒေါ်လာ ၂၄၃.၅၆၅ သန်း ရင်းနှီးမြှုပ်နှံ ထားတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့