Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 14 July 2012

ယခု ဘဏ္ဍာရေး နှစ်၏ ၃ လတာ ကာလအတွင်း ငါးသားပေါက် ကောင်ရေ သိန်း ၂၄၀၀ နီးပါး မွေးမြူ ထုတ်လုပ်ခဲ့

ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်ရဲ့ ၃ လတာ ကာလ အတွင်းမှာ ငါးသားပေါက် ကောင်ရေ သိန်း နှစ်ထောင့် လေးရာ နီးပါးကို မွေးမြူ ထုတ်လုပ်ခဲ့ပြီး ဖြစ်တယ်လို့
မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာနရဲ့ စာရင်းဇယားများ အရ သိရပါတယ်။ အဲ့ဒီ ငါးသားပေါက် ကောင်ရေ သိန်း နှစ်ထောင့် လေးရာ နီးပါးထဲကမှ ငါးသားပေါက် ကောင်ရေ သိန်း ၅၁၀ ကျော်ကို မျိုးစိုက် ထည့်နိုင်ခဲ့ပြီး ငါးသားပေါက် ကောင်ရေ သိန်း ၁၈၀၀ ကျော်ကို ဖြန့်ဖြူး ရောင်းချ ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အဆိုပါ ငါးသားပေါက် များကို နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့ရှိ ငါးသားဖောက် စခန်း ၂၇ ခုနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များရဲ့ ငါးသားပေါက် စခန်း ၁၆ ခုတို့မှ မွေးမြူ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေး နှစ်မှာတော့ ငါးလုပ်ငန်း ဦးစီးဌာန အနေနဲ့ ငါးသားပေါက် ကောင်ရေ သိန်း ခုနှစ်ထောင့် ငါးရာကျော် မွေးမြူ ထုတ်လုပ် နိုင်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့