Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 14 July 2012

ဧရာဝတီတိုင်း ဒေသကြီး၊ ရေကြည် မြို့နယ်တွင် စိုက်စရိတ် ချေးငွေ သိန်းပေါင်း တစ်သောင်းငါးထောင် ထုတ်ချေး ပေးခဲ့

Max Myanmar ကုမ္ပဏီ အုပ်စု ရေကြည် ဆန်စပါး ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်မှ ၂၀၁၂-၂၀၁၃ ခုနှစ် မိုးစပါး အတွက် ရေကြည်မြို့နယ်ရှိ တောင်သူများကို
စိုက်ပျိုးစရိတ်၊ ရိတ်သိမ်း စရိတ်၊ သွင်းအားစုနဲ့ လယ်ယာသုံး စက်ကိရိယာ များ အပါအ၀င် စုစုပေါင်း တန်ဖိုး ငွေကျပ် သိန်းပေါင်း တစ်သောင်း ငါးထောင်ကို ဇူလိုင်လ ၁၂ ရက်နေ့က ဧရာဝတီတိုင်း ဒေသကြီးရေကြည် မြို့နယ်မှာ အခမ်းအနား ပြုလုပ်ပြီး ထုတ်ချေးပေး ခဲ့ပါတယ်။

အဆိုပါ ထုတ်ချေး ပေးတဲ့ စိုက်စရိတ်မှာ ၁ ဧကကို သွင်းအားစု တန်ဖိုးများ အပါအ၀င် ငွေကျပ် ငါးသောင်း နှုန်းနဲ့ စုစုပေါင်း ဧက ၃ သောင်း တောင်သူ စုစုပေါင်း သုံးထောင့် ကိုးရာဦး အတွက်ကို ထုတ်ချေး ပေးခဲ့တာ ဖြစ်ပါတယ်။ Max Myanmar ကုမ္ပဏီ အုပ်စု အနေနဲ့ အဆိုပါ ထုတ်ချေးငွေ များကို ၂၀၀၉ ခုနှစ်ထဲ ကတည်းက ထုတ်ချေး ပေးခဲ့တာ ဖြစ်ပြီး ယခု ထုတ်ချေး ပေးမှုဟာ စတုတ္ထ အကြိမ်မြောက် ထုတ်ချေး ပေးခြင်း ဖြစ်ပါတယ်။ ယခုလို ထုတ်ချေး မှုဟာ အဆိုပါ ရေကြည် မြို့နယ်ရှိ ကျေးရွာအုပ်စု ၉၉ ရွာမှ ကျေးရွာအုပ်စု ၅၁ အုပ်စု အတွက်ကို ထုတ်ချေး ပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စိုက်စရိတ် ချေးငွေကို မနှစ်က ဧက သုံးသောင်း အတွက် ၁ ဧကကို  စိုက်စရိတ်နဲ့ သွင်းအားစု တန်ဖိုးများ အပါအ၀င် ငွေကျပ် သုံးသောင်း ထုတ်ချေး ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ချေးငွေများကို ထုတ်ချေး ရာမှာတော့ တောင်သူ တစ်ဦးကို အနည်းဆုံး ၁ ဧကမှ အများဆုံး ၁၀ ဧက အထိ လယ်ဧကရှိ သူများကိုသာ ထုတ်ချေးပေးတာ ဖြစ်ပြီး ၁၀ ဧက ကျော်ရှိတဲ့ တောင်သူတွေ ကိုတော့ ချေးငွေထုတ်ချေး ပေးခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ် အတွင်း ချေးငွေများကို အစောဆုံး ပြန်လည် ပေးသွင်းခဲ့တဲ့ တောင်သူ ၁၀ ဦးနဲ့ ကျေးရွာ အုပ်စု ၃ ခုကို ဂုဏ်ပြု လက်ဆောင်များ ကိုလည်း  ပေးအပ် ချီးမြှင့် ခဲ့တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့