Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 14 July 2012

ပုဂ္ဂလိက ဘဏ်များတွင် နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှု ငွေအမျိုးအစား ၄ မျိုးကိုသာ ခွင့်ပြု

ပုဂ္ဂလိက ဘဏ်များနဲ့ နိုင်ငံပိုင် ဘဏ်များရဲ့ နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်မှုမှာ ငွေအမျိုးအစား ၄ မျိုးသာ ခွင့်ပြု ထားတာဖြစ်ပြီး အခြားငွေ အမျိုးအစား များကို
ခွင့်ပြုပေးဖို့ မရှိသေးဘူးလို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အခုလို နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်ရာမှာ ခွင့်ပြု ထားတဲ့ ငွေအမျိုးအစားတွေ ကတော့ ယူရို၊ အမေရိကန် ဒေါ်လာ၊ စင်္ကာပူ ဒေါ်လာ၊ အက်ဖ်အီးစီ စတဲ့ငွေ အမျိုးအစား ၄ မျိုးကိုသာ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

အဲ့ဒီငွေ အမျိုးအစား တွေဟာ ငွေမာ အမျိုးအစား ဖြစ်တာကြောင့် ခွင့်ပြုထားတာ ဖြစ်ပြီး အချိန်မရွေး လဲလှယ် နိုင်သလို နိုင်ငံတကာ ဘဏ်များ မှာလည်း အသုံးပြုနေတဲ့ ငွေအမျိုးအစားများ  ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တခြားငွေ အမျိုးအစား များကို နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုမှာ ခွင့်ပြုဖို့ အတွက်ကို နှစ်နိုင်ငံ သဘော တူညီမှု ရှိမှသာ ခွင့်ပြုပေးလို့ ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် တခြားငွေ အမျိုးအစား များကို ခွင့်ပြုဖို့ ပြည်ပ နိုင်ငံများနဲ့ ဆွေးနွေးမှုများ ပြုလုပ်နေ ပေမယ့်လည်း ငွေလဲလှယ်ရာမှာ အဆင်ပြေမှု ရှိ၊ မရှိ လေ့လာ ပြီးမှသာ ခွင့်ပြုဖို့ သင့်၊ မသင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ် မှာတော့ အဆိုပါ နိုင်ငံခြားငွေ အမျိုးအစား ၄ မျိုးအပြင် တခြားငွေ အမျိုးအစား များကို ခွင့်ပြုဖို့ မရှိသေးဘူးလို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့