Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 3 July 2013

ပြည်မြို့ စည်ပင်မှ စည်းကမ်းမဲ့စွာ ကမ်းနားလမ်း တစ်လျှောက်တွင် ရွှံ့ ပုတ်ရည်များ စွန့်ပစ်နေ





ပြည်မြို့ စည်ပင်မှ စည်းကမ်းမဲ့စွာ ကမ်းနားလမ်း တစ်လျှောက်တွင် ရွှံ့ ပုတ်ရည်များ စွန့်ပစ်နေ
 ပြည်မြို့ အများ ပြည်သူငှာ နားနေ အပန်းဖြေရာ ဧရာဝတီ မြစ်ကမ်းနဘေး ကမ်းနားလမ်းတစ်လျှောက်တွင် စည်ပင်မှ မြောင်းပုတ်ရည် သယ်ဆောင်လာသော ကားများ စည်ကမ်းမဲ့စွာ မြောင်းပုတ်ရွှံ့ ရည်များစွန့် ပစ်နေကြောင်း သိရပါတယ်။

ကမ်းနားလမ်းဟာ ပြည်မြို့ ရဲ့  အလှတရားများထဲမှာ တစ်ခုအပါအ၀င် ဖြစ်သည့်အား လျှော်စွာ
အနယ်နယ် အရပ်ရပ် အများပြည်သူများ ၊ ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသည်များ ဆည်းဆာ ညနေခင်းရဲ့ နေ၀င်ချိန် အလှတရားနဲ့  မြစ်ရေပြင်ထက်မှ ဖြတ်သန်း တိုက်ခတ်လာတဲ့ လေပြေလေညှင်းလေးတွေကို ခံစားရင်း စိတ်လက် အပန်းဖြေရာ ပြည်မြို့ ရဲအထင်ကရ နေရာလေး တစ်ခု ဖြစ်တယ်လို့  ပြည်မြို့ ခံတဦးက ပြောပါတယ်။

မြောင်းပုတ်ရွှံ့ ရည်များကို စည်းကမ်းမဲ့စွာ စွန့် ပစ်နေခြင်းကြောင့် အနံ့ အသတ်ဆိုးများ ထွက်ရှိကာ ပတ်ဝန်းကျင်ရှိ လူနေအိမ်များ အတွက်လည်း ထိုအနံ့ အသက်ဆိုးများကြောင့် ကျန်းမာရေး အရဘယ်လိုမှ မကောင်းနိုင်ပါဘူးလို့ လည်း ပြည်မြို့ ခံက ဆိုပါတယ်။

ပြည်မြို့ နယ် စည်ပင်က ထိုကဲ့သို့ စည်းကမ်းမဲ့စွာ မြောင်းပုတ်ရွှံ့ ရည်များ ကမ်းနားလမ်း တစ်လျှောက် စွန့် ပစ်နေခြင်းကို သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ပြန်လည်စဉ်းစား စေလိုကြောင်း ပြည်မြို့ ကမ်းနားလမ်း မှာ နေထိုင်သူ တစ်ဦးကပြောပါတယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့