Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 4 July 2013

လွှတ်တော်နဲ့ အစိုးရ အပြန်အလှန်ပြောဆိုမှုဟာ ဒီမိုကရေစီရဲ့ လက္ခဏာဖြစ်

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယခုရက်ပိုင်းအတွင်း လွှတ်တော်နဲ့ အစိုးရအကြား အပြန်အလှန် ရေးသားပြောဆိုနေကြတာတွေဟာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အုပ်ချုပ်ရေးမဏ္ဏိုင်နဲ့ ဥပဒေပြုမဏ္ဏိုင်တွေ အပြန်အလှန်ထိန်းသိမ်းတဲ့ လက္ခဏာမျှဖြစ်ပြီး စိုးရိမ်ပူပန်စရာ ပြဿနာတစ်ရပ် မဟုတ်ပါဘူးလို့ RFA ကို ပြောဆိုလိုက်ပါတယ်။

"လွှတ်တော်ဆိုတာကတော့ မေးမှာပဲလေ၊ အပြန်အလှန်ပြောတာဆိုတာကတော့ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး၊ ဒါကို တစ်ချို့က စိတ်ပူစရာလို့ မြင်တာပေါ့၊ အစိုးရနဲ့ လွှတ်တော် တစ်ယောက်နဲ့ တစ်ယောက် ထိန်းသွားတာက သဘာဝကျပါတယ်"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ လွှတ်တော်အကြား ပွင့်လင်းမြင်သာမှု အတိုင်းအတာတစ်ခုအထိရှိကြောင်း ပြည်သူ့လွှတ်တော်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း မကြာခင်ရက်ပိုင်းက လာရောက်ရှင်းလင်းခဲ့တာကို ဥပမာပြု ပြောဆိုခဲ့ပါတယ်။

တဆက်တည်းမှာပဲ ကျူးကျော်အိမ်ယာတွေကို အင်အားသုံးဖယ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒီပြဿနာဖြေရှင်းရာမှာ အစိုးရအနေနဲ့ ဥပဒေရှုထောင့်အပြင် လူမှုရေးရှုထောင့်ကပါ ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

"ကျူးကျော်နေထိုင်ခဲ့တာ အင်မတန်မှကြာပြီဆိုရင် အဲဒီလိုကြာတာကို ထည့်သွင်းစဉ်းစားရမယ်၊ ဥပဒေရေးရာအရ သူတို့ကကျူးကျော်မို့လို့ ဒီဟာကို ချက်ချင်းဖယ်ရမယ်လို့ ဒီလိုလုပ်လို့ မဖြစ်ဘူး၊ နှစ်ပေါင်းများစွာ နေခွင့်ပေးတာတွေကို စဉ်းစားပေးရမယ်"

ဒါ့အပြင် လတ်တလောဖြစ်ပွားနေတဲ့ ဘာသာရေး လူမှုရေးပြသနာတွေကို ဖြေရှင်းရေးအတွက် ညှိနှိုင်းတိုင်ပင်ဖြေရှင်းတတ်တဲ့ အလေ့အကျင့် လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့