Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 4 July 2013

လားရှိုး မြို့ လယ် နန်းဟေ၀န် ပန်းခြံမှာ ယနေ့  မိန်းကလေးတစ်ဦး ဓားဒဏ်ရာနှင့် သေဆုံးနေ

 ဇူလိုင် ၄ ရက်နေ့ 

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ လားရှိုးမြို့ ရဲ့ မြို့ အလယ်မှာ တည်ရှိတဲ့  နန်းဟေ၀န် ပန်းခြံမှာ အသက်(၁၇)နှစ် အရွယ် မိန်းကလေးတစ်ဦး ဓားဒဏ်ရာနဲ့ သေဆုံးနေကြောင်း ဇူလိုင်လ(၄)ရက်နေ့ ယနေ့ နံနက် ၁၁း၀၀ ၀န်းကျင်ခန့် မှာ တွေ့ ရှိခဲ့တယ်လို့  လားရှိုးမြို့ မ ရဲစခန်း က တာဝန်ရှိသူတွေက ပြောပါတယ်။

 ဒုရဲမှူးအဆင့် တာဝန်ယူ ရုံးထိုင်တဲ့  မြို့မရဲစခန်း(ယခင်အမှတ်-၁၊ရဲစခန်း)နှင့် သုံးမိနစ်ခန့်သာလမ်းလျှောက်ရင် ရောက်နိုင်တဲ့  အကွာအဝေးမှာ တည်ရှိ ဖွင့်လှစ်ထားတဲ့  အခပေး အပန်းဖြေ ပန်းခြံ နှင့်ခေတ်မီ ကစားကွင်းများ တည်ရှိရာ "နန်းဟေ၀န်"ပန်းခြံ အတွင်းမှာ ထိုးသွင်းဒဏ်ရာများဖြင့် လဲကျေ သဆုံးနေသော (၁၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပန်းခြံကို ကာရံထားတဲ့ အုတ်တံတိုင်းနှင့် အုတ်ထိုင်ခုံကြားတွင် ပက်လက်လှန်ကာ သေဆုံးနေသည့်မိန်းကလေး အလောင်းကို တွေ့မြင်သူ တစ်ဦးမှ သက်ဆိုင်ရာ ရဲစခန်းသို့ဖုန်းဆက်အကြောင်းကြားရာမှ ယခုကဲ့သို့ သိရှိရခြင်းဖြစ်ကာ သေဆုံးသူ မိန်းကလေးသည် မမိုးဆွေဦး(၁၇)နှစ်၊(ဘ)ဦးချစ်ဆွေဟုသိရှိရပြီး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယမန်နှစ်တွင် ကျရှုံးထားပြီး လက်ရှိတွင် ပြင်ပမှ ပြန်လည်ဖြေဆိုရန် ကြိုးပမ်းနေသူ တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

လွန်ခဲ့သောဇွန်လ(၂)ရက်နေ့၊ နံနက်(၁၀း၀၀)၀န်းကျင်တွင် ၄င်းနေထိုင်ရာ ရပ်ကွက်(၁၀)၊ နယ်မြေ(၈)၊ အတွင်းရှိ နေအိမ်မှ မိန်းကလေး သူငယ်ချင်းဖြင့် မြို့မဈေးကြီးသို့ ထွက်ခွာသွားခဲ့ကြောင်း၊ အိမ်ပြန်ချိန်တွင် ပြန်လည်မရောက် ရှိခဲ့သည့် အတွက် ယောင်္ကျားလေး မိတ်ဆွေ (ချစ်သူရည်းစား) ဖြင့်လူငယ်သဘာဝ လိုက်ပြေးသည်ဟု ထင်မြင်ကာ နီးစပ်ရာ သူငယ်များကို မေးမြန်းခြင်း၊ ကားဂိတ်များတွင် လိုက်လံရှာဖွေခြင်းတို့ကို မိဘဆွေမျိုးများမှ ရှာဖွေမှုများ ပြုလုပ်နေစဲတွင် ယခုကဲ့သို့  ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်ပါတယ်။

ကနဦး စစ်ဆေးချက်များ အရ သေဆုံးသူ မိန်းကလေး၏ ညာဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျောတည့်တည့်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ကိုတွေ့ရှိရပြီး ၄င်းနဲ့အတူ သစ်သီးအခွံခွာရာ၊ သစ်သီး လှီးရာတွင် အသုံးပြုသည့် စတီးဓါးငယ်တစ်ချောင်းကိုလည်း တွေ့ရှိရပါတယ်။

အဆိုပါ ဓါးတွင်သွေးများ ပေကျံနေခြင်းကို မတွေ့ရသော်လည်း တိကျသည့်အဖြေတစ်ခုရရှိရန် အတွက် ဓါတ်ခွဲစစ်ဆေးရန် ဆက်လက် လုပ်ဆောင်လျက်ရှိပြီး မည်သည့် ဒဏ်ရာများကြောင့် သေဆုံးရသည် နှင့်အတူ သေဆုံးချိန် မည်မျှကြာမြင့်ခဲ့သည်တို့ကို သိရှိနိုင်ရန် အတွက် မှုခင်းဆရာဝန်ကြီးများမှ ခွဲစိပ်စစ်ဆေးလျက်ရှိကြောင်းနှင့် လူသတ်တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိစေရေး
အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံ စုံစမ်းလျက်ရှိကြောင်း သိရှိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့