Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 4 July 2013

ဖျားနာသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များထွက်ပြီး သေဆုံး

 အမျိုးသမီးတစ်ဦးသည် ဖျားနာနေသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များ ထွက်လာပြီး သေဆုံးခဲ့မှုတစ်ခု မင်္ဂလာဒုံမြို့နယ်တွင် ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။

သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် မမော်မော်သန်းဖြစ်ပြီး သူမသည် မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်းရွာ တွင်နေထိုင် သူဖြစ်သည်ဟု ရဲဌာနက မှတ်တမ်းတွင် အတည်ပြုထားသည်။

မမော်မော်သန်းသည် အဖျားတက်နေသဖြင့် အမျိုးအမည်မသိသော ဆေးကို သောက်လိုက်ပြီး မကြာမီ ပါးစပ်မှ အမြှုပ် များ ထွက်လာကြောင်း မျက်မြင်သက်သေများ၏ ထွက်ဆိုချက်ကို ရဲဌာနက မှတ်တမ်းတင် ထားသည်။

ထိုသို့ဖြစ်နေသည်ကို တွေ့ရှိသူများက ချက်ချင်းပင် မင်္ဂလာဒုံမြို့နယ် ပုလဲဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မမော်မော်သန်း သေဆုံးရခြင်း အကြောင်းရင်းမှန်ကို သိရှိရန် အလောင်းကို ဆေးရုံ၌ စစ်ဆေးလျှက်ရှိပြီး ရဲအုပ်မြင့်အောင်က အမှုကို တာဝန်ယူကိုင်တွယ်နေသည်ဟု ဆိုသည်။

မင်္ဂလာဒုံရဲစခန်းကလည်း အမှုကို သေမှုသေခင်းအမှတ်စဉ် ၁၁/၁၃ ဖြင့် ဖွင့်လှစ်ထားပြီး ဆက်လက်စုံစမ်း မှုများ လုပ်ဆောင်နေသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့