Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 3 July 2013

ဝ တပ်ဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံဆွေးနွေးမည်

ဝ တပ်ဖွဲ့ ရှမ်းပြည်တောင်ပိုင်းမှာ လတ်တလော စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ ၀ တပ်ဖွဲ့တို့အကြား ပြေလည်မှုရစေဖို့ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဆွေးနွေးမယ်လို့ ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့က ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် နားယောင်းရွာမှာ ပြီးခဲ့တဲ့အပတ်အတွင်း အစိုးရတပ်ဘက်က  ၀ တပ်ဖွဲ့ဝင်တွေ ဆန်သယ်တဲ့ခါ  ယူနီဖောင်းမ၀တ်ရ၊ လက်နက်မကိုင်ရ စတဲ့ အချက်တွေ ထိန်းချုပ်တယ်လို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) တရားရေးဌာန ရုံးတာဝန်ခံ ဦးအိုက်လူက ပြောပါတယ်။

ဝ တပ်ဖွဲ့ဘက်ကလည်း မြန်မာတပ်တွေကို ၂ ဘက်စလုံး ယူနီဖောင်း မ၀တ်ရ၊ လက်နက်မကိုင်ဆောင်ရလို့ ပြန်ပြောရာက နှစ်ဘက်တင်းမာမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အပတ်အတွင်း မိုင်းတုန်း၊  မိုင်းခတ်၊ ပန်ဖ ကျေးရွာတွေဘက်ကို အစိုးရတပ်ဘက်က အင်အား ၅၀၀ လောက် ထပ်ပြီး ရောက်လာတယ်လို့ ဦးအိုက်လူက ပြောပါတယ်။

နှစ်ဘက်တပ် တင်းမာနေတဲ့ ကိစ္စကို ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးမယ့် အကြောင်း ယူဒဗလျုအက်စ်အေဘက်ကို မနေ့ကဘဲ ဖုန်းနဲ့ အကြောင်းကြားလာကြောင်း၊ ဘယ်နေ့၊ ဘယ်ချိန်၊ ဘယ်နေရာမှာ ဆွေးနွေးမယ်ဆိုတာ မသိရကြောင်း ဦးအိုက်လူက ပြောပါတယ်။

ယူဒဗလျူအက်က်စ်အေ ၀ တပ်ဖွဲ့ဟာ ယခင် န၀တအစိုးရလက်ထက်ကတည်းက အပစ်အခတ်ရပ်ပြီး အထူးဒေသ ၂ အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေ ရရှိထားတာ ဖြစ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့