Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

သာကေတ မူးယစ်ဖမ်းဆီးမှု လူစုဖြင့် တုံ့ပြန်ခြင်း မဟုတ်ဟု ဆို

 သာကေတမြို့နယ်အတွင်း မူးယစ် ဆေးတွေ့ရှိ၍ ဝင်ရောက်ဖမ်းဆီးရာ မိသားစုက အမှုကို အမှန်အတိုင်း ဆောင်ရွက်ပေးရန် အုပ်ချုပ်ရေးမှူးရုံး သို့ သွားရောက်တောင်းဆိုရာမှ လူစုလူဝေး ပုံစံဖြစ်သွားခဲ့ရခြင်း ဖြစ်သည်ဟု ၄င်း ကိစ္စ ဖြစ်ပွားရာ အနော်မာရပ်ကွက်မှ သိရသည်။

မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ ရာ ကိုမြဝင်းဇော်၏ နေအိမ်မှ ၄င်းနှင့် အတူ ကိုကျော်လင်းအား သာကေတမြို့ မ ရဲစခန်းမှ ဒုရဲအုပ် အောင်ဇော်ဝ င်းနှင့် အဖွဲ့က အနော်မာ အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်စဉ် အထက်ပါကဲ့သို့ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

မြဝင်းဇော်၏ မိခင်က ၄င်းအနေ ဖြင့် သားဖြစ်သူအိမ်သို့ ဝင်ရောက်ရှာဖွေ စဉ် အိမ်ရှေ့မှသာ ရပ်ကြည့်နေခဲ့ခြင်း ဖြစ်ပြီး လမ်းထဲမှ ခေါ်ဆောင် သွားချိန်မှ သာ မူးယစ်ဆေးဝါး တွေ့ရှိမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ကို သိရကြောင်း ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

”ဒီရပ်ကွက်ရုံးမှာတင် အမှုမှန် ဖြစ်အောင် လုပ်ပေးဖို့ လိုက်တောင်းဆို တာပါ။ ရပ်ကွက်ရုံးက လမ်းမတန်းမှာ ဆိုတော့ ဝိုင်းကြည့်တဲ့သူတွေနဲ့ ဆိုတော့ လူအုပ်များသွားတာပေါ့”ဟု ၄င်းက ဆို သည်။

အဆိုပါ လူစုလူဝေး (၅ဝ)ဦးခန့် အား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူး၊ ဒုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ အကူ တပ်ဖွဲ့ခွဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ် ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြိုနယ် အုပ်ချုပ်ရေးမှူး၊ အရှေ့နှင့်အနောက်ပိုင်း ခရိုင်များမှ မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့် တပ်ဖွဲ့ဝင်များမှ အနော်မာအုပ်ချုပ်ရေး မှူးရုံးသို့ သွးရောက်ရှင်းလင်းခဲ့သည်ဟု သိရသည်။

သို့သော် အဆိုပါ လူစုလူဝေးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန်တွင် ကိုမြ ဝင်းဇော်၏ မိသားစုဝင်များမှာ ၄င်းအုပ် ချုပ်ရေးမှူး ရုံးဝင်း၌သာ ရှိနေ သည်ဟု ကိုမြဝင်းဇော်၏ မိခင်နှင့် မျက်မြင်တွေ့ ရှိသူများက ပေါ်ပြူလာနယူးစ်သို့ ပြော သည်။

အနော်မာ (၇)လမ်း (အရှေ့)မှ ဆယ်အိမ်မှူး ဦးအောင်ကျော်မင်းက ရဲ တပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝင်ရောက် ရှာဖွေမှုကို လမ်းတာဝန်ရှိသူများ အား အသိပေးခေါ်ဆောင်ခဲ့ခြင်းမရှိဟု ပြော ကြားသည်။

လက်ရှိတွင် ကိုမြဝင်းဇော်နှင့် ကိုကျော်လင်းတို့ကို မူးယစ်ဆေးဝါးမှု ဖြင့် ပုဇွန်တောင်ရဲစခန်း အချုပ်တွင် ရမန်ဖြင့် ဖမ်းဆီးထားသည်ဟု သာကေ တ အမှတ် (၁) ရဲစခန်းမှ သိရသည်။

၎င်းလူစုလူဝေး (၅ဝ)ခန့်က တုတ်၊ ခဲများဖြင့် ရဲတပ်ဖွဲ့ဝင်များအား အနော် မာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ဘက်မှ လည်း ဒိုင်းကာများဖြင့် ကာကွယ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

”ဖမ်းဆီးတာကို မကျေနပ်တဲ့ သဘောပေါ့။ သူတို့ အမျိုးအဆွေတွေ များတယ်။ ကျန်တဲ့ ဘေးပတ်ဝန်းကျင် က ဆူပူမှုကို မဖြစ်ဖြစ်အောင် လှုံ့ေ ဆာ် သွေးထိုးမယ့်သူတွေလည်း ပါလာတယ်။ ဒါပေမဲ့ အချိန်မီ တားဆီးလိုက်နိုင်ပါ တယ်”ဟု သာကေတ အမှတ်(၁)ရဲစခန်း မှ တာဝန်မှူး ဒုရဲအုပ် စိန်လွင်က ပြော သည်။

ယင်းသို့ ဖြစ်ပွားခဲ့ခြင်းကြောင့် ရဲ တပ်ဖွဲ့ဝင်များနှင့် ဒုရဲအုပ်တွင် ကြီးမား သည့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိ ကြောင်း၊ ဆူပူမှု ဖြစ်စေရန် ဆောင် ရွက် ခဲ့သူများအား အရေးယူရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့