လျှိဝှက်ဥယျာဉ်


လျှိုဝှက် ဥယျာဉ် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု..
DoveAnimated1.gif

Members

သတိပေးချက်များ

<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Loading...

အသိပေးချက်များ

တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
http://api.ning.com/files/99WImdTndisexSIlFh1rxE5w9s8NQOuBrZPzZ9miSJZHmyyEGEE4OmZjx5WY8j1b9NXnHNe6wzrAD8PpryUzb2AAnHvdAgVr/d1.gif

ဒီမှာလဲလိုအပ်တာရှာနိုင်ပါတယ်ဗျာ

Wednesday, 3 July 2013

်း » မတော်မတရား ပြုကျင့်ခံရသူ အမျိုးသမီးငယ် တောင်ကုတ် ဆေးရုံတင်လိုက်ရ

ပုံ တစ် - တရားခံ ငပြူး။ ကလေးနှစ်ဦး ဖခင်။

ပုံ နှစ် - ကျူးလွန်ခံရသူက အခင်းဖြစ်နေရာကို လိုက်ပြနေပုံ။

ပုံ သုံး - ပူးတွဲ စွပ်စွဲခံရသူ ကုလား နောက်တစ်ဦး။

Photo credit : Communal Thandwe Township 
သံတွဲမှာ မတော်မတရား ပြုကျင့်ခံလိုက်ရသော တောင်ကုတ်မှ မိန်းခလေးအား ကျန်းမာရေး ချို့ယွင်းလာသဖြင့် ယနေနေ့ နံနက် ၁၁ နာရီခွဲက တောင်ကုတ်ဆေးရုံသို့ တင်လိုက်ရသည်ဟု ရခိုင်လူမူ ကွန်ယက် (သံတွဲ)မှ ကိုစိန်ချစ်က ပြောသည်။

“ အဲဒီ ကလေးမလေးကို ဒီကနေ့ နံနက်က သူမိဖတွေရယ်၊ ရခိုင်လူမူကွန်ယက်ရယ်၊ ပင်တိုင် စာကြည့်တိုက် အသင်းရယ်၊ နောက်ရဲတွေ အစောင့် အရှောက်နဲ့  တောင်ကုတ်ကို ခေါ်ယူသွားပါတယ်။ တောင်ကုတ်ကိုရောက်တော့ ကျန်းမာရေး မကောင်းတဲ့ အတွက် ဆေးရုံကို တင်လိုက်ရပါတယ်” ဟု ဆိုသည်။

တောင်ကုတ် အပါအ၀င် သံတွဲတွင် မကျေနပ်သူများ အထူးတိုးပွားနေသဖြင့် တရားခံ အဖြစ်စွပ်စွဲခံရသူများကို အမြန်ဆုံး ရုံးတင်ပြီး ဥပဒေနှင့် အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကိုစိန်ချစ်က ပြောသည်။

အမျိုးသမီးငယ်မှာ အသက် (၁၇) နှစ်သာ ရှိသေးပြီး ဇွန်လ ၂၉ ရက်နေ့က သံတွဲမှ တောင်ကုတ်သို့ ပြန်ရန် ကားဂိတ်တွင် စောင့်နေစဉ်  မတော်မတရား ပြုကျင့်ခံခဲ့ရခြင်း ဖြစ်သည်။

၎င်းအမျိုးသမီးငယ်အား မတော်မတရားပြုကျင့်သူဟု စွပ်စွဲခံရသူ (၂) ဦးကိုမူ ယခုအခါ ရဲစခန်းမှ သံတွဲထောင်သို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်း သံတွဲရဲက အတည်ပြု ပြောကြားသည်။

လူကြီးတွေက စစ်ဆေးမေးမြန်းမူတွေ လုပ်စရာရှိတဲ့ အတွက် ထောင်ကို ပြောင်းရွှေ့လိုက်တာပါဟု ဆိုသည်။

ပြစ်မှုကျုးလွန်သူဟု စွပ်စွဲခံရသူ(၂) ဦးထဲမှ  ကိုနိုင်သူကို အခင်းဖြစ်ပွားသည့် ဇွန်လ (၃၀) ရက်နေ့ ညနေ ၃ နာရီတွင် ရဲက  ဖမ်းဆီးသည်။ နောက် တစ်ယောက်ဖြစ်သူ ကိုမင်းနိုင်ခေါ်  ဗေလုဝ (ခ) ငပြူး ထွက်ပြေးသွားခဲ့သဖြင့် ဇူလိုင်လ (၁) ရက်နေ့မှ ဖမ်းမိသည်။

စစ်ဆေးနေတုန်း ဖြစ်သဖြင့် မည်သို့ မည်ပုံ အခင်း ဖြစ်ပွားသည်ကို မပြောနိုင်ကြောင်းက ရဲက ပြောသည်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့