Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 3 July 2013

ကွမ်းတောင် စားရာ ကနေ လူသတ်မှု ဖြစ်ပွား

 ဇူလိုင်လ (၂) ရက်နေ့ က ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့၊ မဘေကျေးရွာအုပ်စု၊ မဘေရွာမကျေးရွာနေ ဦးကြည်အေး အား တစ်ရွာတည်းနေ ကိုခင်မောင်မြင့် နှင့် ကိုကိုမောင် တို့ ညီအစ်ကို မှ ဓားဖြင့်ခုတ် သတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါတယ်။ 

ဖြစ်စဉ်မှာ မဘေးရွာမကျေးရွာနေ မအိသန္တာစိုး (ခ) မအိမွန်၏ နေအိမ်သို့ ကိုခင်မောင်မြင့်နှင့် ကိုကိုမောင် တို့ ညီအစ်ကို (၂) ဦးရောက်ရှိလာခဲ့ပြီး ကွမ်းတောင်းစားခဲ့ကြောင်း၊ ကွမ်းထုပ် , ထုတ်ပေးရာတွင် ကိုခင်မောင်မြင့်မှ ဆောင့်အောင့် ပေးသည်ဟုဆိုကာ မအိသန္တာစိုးအား ဆဲဆိုပြီး ရိုက်နှက်မည်ပြု သဖြင့် ကြောက်လန့်၍ နေအိမ်ရှေ့ကွင်းပြင်သို့ ထွက်ပြေးခဲ့ကြောင်း၊ ကိုခင်မောင်မြင့်နှင့် ကိုကိုမောင်တို့မှ နောက်မှ ပြေးလိုက်လာကြစဉ် မအိသန္တာစိုး၏ နေအိမ်ခေါင်းရင်းဘက် ကိုက် ၂၀ ခန့်အကွာတွင် နေထိုင်သော မအိသန္တာစိုး၏ ယောက်ခမ ဦးကြည်အေးမှ ပြေးလာပြီး မင်းတို့ ငါ့ချွေးမကိုမထိနဲ့၊ မူးလာလျင်ပြန်ကြဟု ပြောဆိုခဲ့ကြောင်း၊ ထိုသို့ ပြောဆိုစဉ် ကိုကိုမောင်မှ ကြွက်လိုက်ရန်အတွက် အသင့်ပါလာသော မှိန်းဖြင့်တစ်ချက်ထိုးရာ ဦးကြည်အေးမှာ လဲ ကျသွားခဲ့စဉ် ကိုခင်မောင်မြင့်မှ အသင့်ပါလာသော ဓါးဖြင့် ၂/၃ ချက်ခန့်ခုတ်ခဲ့ကြောင်း၊ ထိုအခိုက် အိမ်နီးချင်းနေ ဦးထွန်းမြင့်နှင့် မအိသန္တာစိုး၏ခင်ပွန်း ကိုစိုးသူတို့ရောက်ရှိလာသဖြင့် ကိုကိုမောင်မှ မှိန်းအားချထားခဲ့ကာ ကိုခင် မောင်မြင့်မှ ဓါးကိုင်၍ ထွက်ပြေးသွားခဲ့ကြကြောင်း၊ ဦးထွန်းမြင့်နှင့် ကိုစိုးသူတို့မှ ဦးကြည်အေးအား ပွေ့ထူ၍ခေါ် ကြည့်ရာ ဦးကြည်အေးမှာ အသက်မရှိတော့ကြောင်းသိရှိရသဖြင့် မော်လမြိုင်ကျွန်း ရဲစခန်းသို့ သွားရောက်တိုင် တန်းခဲ့ရာ မော်လမြိုင်ကျွန်းရဲစခန်းမှ (ပ) ၅၉/၂၀၁၃ ၊ ပုဒ်မ - ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ပြစ်မှုဖြစ်ပွားကြောင်း သိရှိသည်နှင့် တစ်ပြိုင်နက် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ လက်အောက်တပ်ဖွဲ့ဝင်များအား အဖွဲ့များခွဲ၍ ထွက်ပြေး တိမ်းရှောင်သွားသော လူသတ်တရားခံ ကိုခင်မောင်မြင့်နှင့် ကိုကိုမောင်တို့အား အမြန် ဖမ်းဆီး ရမိရေးအတွက် တာဝန်ပေး ညွှန်ကြားမှုများပြုလုပ်ပြီး ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးအား အနီးကပ် ကြပ်မတ်ဆောင် ရွက်စေခဲ့တယ်လို့ ရဲစခန်း တာဝန်ရှိသူတွေက Myanmar News Now ကိုပြောပါသည်။ 

ထိုသို့ အပူတပြင်း စီမံဆောင်ရွက်ခဲ့သဖြင့် ရဲစခန်းလာရောက် တိုင်တန်းသည်အချိန်မှ (၁၁)နာရီ အတွင်း ရဲအုပ် ၀င်းဇော်အောင် ဦးဆောင်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ ဧရာချောင်းဝကိုင်းတောအတွင်း ဓါး ကိုင်လျက်ပုန်းခိုနေသော လူသတ်မှု ကျူးလွန်ခဲ့သူ ခင်မောင်မြင့်၊ ၂၅ နှစ် (ဖ) ဦးမြဟန်နှင့် ကိုကိုမောင်၊ ၂၁ နှစ် ၊ (ဖ) ဦးမြဟန်တို့ ညီအစ်ကိုနှစ်ဦးအား လုံးထွေး ဖမ်းဆီးရမိခဲ့သဖြင့် အမြန်တရားစွဲတင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့