မြန်မာလူထုအတွက် တယ်လီဖုန်းသုံးစွဲခတွေဟာ တတ်နိုင်တဲ့နှုန်းထားဖြစ်ရမယ်လို့ Ooredoo ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ပြောလိုက်ပါတယ်။ လာမယ့် ၁၅ နှစ်အတွင်း ဒေါ်လာသန်းပေါင်း ၁,၅၀၀ ကိုရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး လုပ်ငန်းတွေကို စပြီး အကောင်အထည်ဖော်ပြီဆိုတာနဲ့ အကြီးမားဆုံးရှိနေတဲ့ စိုးရိမ်ချက်ကတော့ ပြီးမြောက်အောင်မြင်အောင် လုပ်သွားနိုင်ရေးပဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ရန်ကုန်မြို့၊ Park Royal ဟော်တယ်မှာ သောကြာနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Ooredoo ဆက်သွယ်ရေးကုမ္ပဏီ တာဝန်ရှိသူတွေ ပြောခဲ့ကြတာတွေကိုတော့ ကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရထားတဲ့ နိုင်ငံခြားကုမ္ပဏီနှစ်ခုထဲက Ooredoo ကုမ္ပဏီဟာ ကာတာနိုင်ငံမှာအခြေစိုက်ပြီး နိုင်ငံပေါင်း ၅၀ ကျော်က မတူကွဲပြားတဲ့လူမျိုးပေါင်း ၅၀ ကျော်နဲ့ဖွဲ့စည်းထား တဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်ဆိုတာကို ကုမ္ပဏီတာဝန်ရှိသူတွေက အလေးအနက်ပြောခဲ့ကြပါတယ်။
သတင်းစာရှင်းလင်းပွဲ အတွင်း အဓိကစိတ်ဝင်စားခဲ့ကြတဲ့ မေးခွန်းတစ်ခုကတော့ တယ်လီဖုန်းသုံးစွဲခတွေကို ဘယ်လိုသတ်မှတ် မလဲဆိုတာပါပဲ။ ဒါနဲ့ပတ်သက်ပြီး အတိအကျပြောဖို့ရာ စောပါသေးတယ်လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ Ross
"ဒီကြီးမားတဲ့လူဦးရေထဲက လူအများစုဆီ ရောက်နိုင်ဖို့အတွက် ကျနော်တို့အနေနဲ့ တတ်နိုင်တဲ့နှုန်းထားတွေ သတ်မှတ်ရပါမယ်။ ကျနော်တို့ဟာ သိပ်ကို ယှဉ်ပြိုင်နိုင်စွမ်အား ကောင်းပါလိမ့်မယ်။ ဈေးနှုန်းနဲ့ပတ် သက်ပြီး နောက်ပိုင်းမှာ ကျနော်တို့ ပိုပြီးတော့ ပြောသွားနိုင်မှာဖြစ်ပါတယ်" လို့ Ooredoo ကုမ္ပဏီရဲ့ အကြီးတန်းကိုယ်စားလှယ် မစ္စတာ ရော့စ် ကောမက်က် (Ross Cormack) က ပြောသွားတာပါ။
သူတို့အနေနဲ့ လာမယ့် ၁၅ နှစ်အတွင်းမှာ ဒေါ်လာ ၁၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး လုပ်ငန်းတွေကို အကောင်အထည် ဖော်ဖို့ ပြည်တွင်း လုပ်ငန်းလုပ်ဘက်တွေကို ရွေးချယ်သွားမှာဖြစ်သလို ၀န်ထမ်းတွေကိုလည်း ပြည်တွင်းက လူတွေကို ရွေးချယ် ခန့်အပ်ပြီးတော့ လေ့ကျင့်ပေးသွားမယ်လို့ ပြောပါတယ်။
လုပ်ငန်းတွေကို စပြီး အကောင်အထည်ဖော်ပြီဆိုတဲ့အချိန်မှာ အကြီးမားဆုံးဖြစ်လာဖွယ်ရှိတဲ့ စိုးရိမ်ချက်ကတော့ အောင်မြင်ပြီး မြောက်အောင် လုပ်ဆောင်နိုင်ရေးပဲဖြစ်ပါတယ်လို့ နောက် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကျနော်တို့ ထိန်းချုပ်လို့မရတဲ့ကိစ္စတွေအပေါ် စိုးရိမ်ပါတယ်။ လုပ်ငန်းတွေ ပြီးမြောက်အောင်မြင်အောင် အကောင်အထည် ဖော်ရေးပိုင်းမှာ အကြီးမားဆုံးစိုးရိမ်ချက်ရှိပါတယ်။ ဒီအခြေအနေထိ ကျနော်တို့ရောက်လာခဲ့ပြီဖြစ်ပေမဲ့ တကယ့်ကို ပင်ပင်ပန်းပန်း လုပ်ရမယ့်အပိုင်းက အခုမှစတာပါ။ အောင်မြင်ပြီးမြောက်ရေးဟာ အကြီးမားဆုံးစိုးရိမ်ချက်ဖြစ်ပေမဲ့ ဒါက ကျနော်တို့ လုပ်ရမယ့် အပိုင်းပါ။ လုပ်စရာတွေကို ပြီးအောင်လုပ်၊ စီမံကိန်းကို အကောင်အထည်ဖော်၊ ကွန်ယက်တွေကို တည်ဆောက်၊ ကျနော်တို့ရဲ့ စီးပွားရေးကိုတည်ဆောက်ပြီး ဖြစ်နိုင်သမျှ အကောင်းဆုံးစီးပွားရေးဖြစ်အောင် လုပ်ဆောင်သွားဖို့ဖြစ်ပါတယ်။"
Ooredoo ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာနီကိုလာစ် ဆွားဇီး (Nicholas Swierzy) က ပြောသွားတာပါ။
မြန်မာနိုင်ငံဟာ သူတို့အတွက် အာရှမှာ အင်ဒိုနီးရှားနိုင်ငံပြီးရင် လူဦးရေအားဖြင့် ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်ပြီး ပြိုင်ဘက်တွေ နဲ့ အပြင်းအထန် ယှဉ်ပြိုင်လုပ်ကိုင်သွားမှာဖြစ်တယ်လို့ မစ္စတာရော့စ်ကလည်း ပြောပါတယ်။
Ooredoo ကုမ္ပဏီဟာ ကာတာနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုပါတယ်။ နော်ဝေးနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီနဲ့ Ooredoo ကုမ္ပဏီတို့ကို တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းလုပ်ဖို့ လိုင်စင်အတွက် ဇွန်လ ၂၇ ရက်နေ့မှာ ဆက်သွယ်ရေးဝန်ကြီးဌာနက ရွေးချယ်ခဲ့ပြီးတဲ့နောက် Ooredoo ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုအပေါ် ကန့်ကွက်တာတချို့ အထူးသဖြင့် Facebook စာမျက်နှာတွေ ပေါ်မှာ ပေါ်လာခဲ့ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ရော့စ် ကောမက်က်ကတော့ သူတို့အနေနဲ့ လုပ်သမျှကို ပွင့်ပွင့်လင်းလင်း အသိပေးပြီး လုပ်ပြသွားမှာပါလို့ ပြောပါတယ်။
"ကျနော်တို့ဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုသွားမယ့်လူမျိုးတွေပါ။ မေးသမျှကို ကျနော်တို့တတ်နိုင်သမျှ အကောင်းဆုံး ဖြေကြားသွားမှာပါ။ ကျနော်တို့မှာ သတင်းကောင်းတွေရှိလာရင် အသိပေး ပြောဆိုသွားမှာဖြစ်သလို အနာဂတ်မှာ အမှားအယွင်းတွေ လုပ်မိခဲ့ရင်လည်း ကျနော်တို့ ပြောဆိုသွားမှာပါ။ ဒါဟာ ကျနော်တို့ရဲ့ ဈေးကွက်တွေမှာ လုပ်တဲ့ပုံစံပါပဲ။ ဒါဟာ မြန်မာနိုင်ငံက ကောင်းမွန်တဲ့လူတွေနဲ့လက်တွဲပြီး ကျနော်တို့ လုပ်ကိုင်သွားမယ့်ပုံစံပါပဲ။" လို့ -Ooredoo ကုမ္ပဏီရဲ့ အကြီးတန်းကိုယ်စားလှယ် ရော့စ် ကောမက်က်က ပြောခဲ့ပါတယ်။
လက်ရှိအချိန်ထိ ဆက်သွယ်ရေးဥပဒေတစ်ခုကို လွှတ်တော်က မပြဌာန်းနိုင်သေးပါဘူး။ ဒါပေမဲ့ Ooredoo ကုမ္ပဏီကတော့ ထွက်လာမယ့် ဥပဒေသစ်ပါ ပြဌာန်းချက်တွေအတိုင်း အောင်မြင်စွာအကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။
Ooredoo ကုမ္ပဏီဟာ ဖောက်သည်ပေါင်း ၉၃ သန်းရှိနေပြီဖြစ်ပြီး လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်အတွင်း ၀င်ငွေအားဖြင့်တိုင်းတာရင် ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးတိုးတက်နေတဲ့ ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပါတယ်လို့ မစ္စတာဆွားဇီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ သူတို့ရဲ့ဝန်ဆောင်မှုကို ဘယ်အချိန်မှာစမယ်ဆိုတာကိုတော့ မစ္စတာကောမက်က်က အတိအကျ ပြောမသွားပါဘူး။
သတင်း မီဒီယာတွေကို ပြောပြချင်ပေမဲ့လည်း သူတို့ရဲ့ ယှဉ်ပြိုင်ဘက်တွေကို မသိစေချင်လို့ကြောင့်ပါလို့ အကြောင်းပြခဲ့ပါတယ်။ Ooredoo ကုမ္ပဏီအနေ နဲ့ မြန်နှုန်းမြင့် 3G-HSPA ဆက်သွယ်ရေး နည်းပညာကို မြန်မာနိုင်ငံတ၀န်းမှာ အသုံးပြုနိုင်အောင် တည်ဆောက်သွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်ခင်ဗျား။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Friday, 5 July 2013
ဖုန်းခတွေ အများတတ်နိုင်တဲ့နှုန်း သတ်မှတ်သွားမည်ဟု Ooredoo ကုမ္ပဏီပြော
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
July
(645)
- ယာဉ်နောက်လိုက်၏ ဦးခေါင်း (၃၉) အထူးယာဉ် ကြိတ်
- မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ရေကြီး ရေလျှံမှုများ မ...
- ပါကစ္စတန် အကျဉ်းထောင်ကို တာလီဘန်တွေက တိုက်ခိုက်ခဲ့
- ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကနီမြို့တာရိုြး...
- ကလေးတွေ ပြည့်တန်ဆာ အဖြစ် အသုံးချခံနေရတာကိုFBIနှိမ်...
- တရားဝင်မှတ်ပုံတင်ဖို့ ကားစာရင်း ပေးပို့ရန် တောင်ပိ...
- တရားရုံးက စီရင်လိုက်သည့်အမှုများကို ဝေဖန်နိုင်ပြီ
- မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြို...
- ပရိသတ်ရင်ထဲလည်း မရောက်နိုင်ဘူးဆိုရင် မရိုက်ချင်တော...
- ကိုယ့်မြန်မာ ဝတ်စုံတွေကိုတော့ မပျောက်ပျက် စေချင်ဘူ...
- ကော လာ ဟ လ နဲ့ စံရတီမိုးမြင့်
- နှိပ်စက်ညှင်းပန်း ခြိမ်းခြောက်ပြီး ပရောဂါလို့ စွပ်...
- အဓမ္မပြုကျင့်ခံရသည်ဆိုသော သူငယ်တန်းကျောင်းသူနှင့် အ...
- မိခင်အလောင်းကို စားသောက်သူအဖြစ် သံသယရှိသူကို ရဲမျာ...
- ဆက်သွယ်ရေးဝန်ကြီးဟုဆိုကာ ငွေကျပ် သိန်း ၅၀ ကျော် လိ...
- တစ်လအတွင်း ဗီဒီယိုဇာတ်ကား ၂၁ ကား ဆင်ဆာထိနေ
- The Voice Weekly Vol.9/No.29
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် ...
- ဇူလိုင်လ (၂၆)ရက်နေ့ ထုတ် Focus Online ဂျာနယ် အတွဲ(...
- ဇူလိုင်လ (၂၃)ရက်နေ့ ထုတ် ကုမုဒြာ ဂျာနယ် အတွဲ ၃၊ အမ...
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- ဌာနေ ပြန်ချင်တဲ့ မလေးရှားရောက် မြန်မာတွေ အခက်တွေ့နေ
- Adobe Photoshop Cs4
- ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊
- 'V Root အသုံးပြုပုံလေးပါ ...'
- 'Android Phone တော်တော်များများကို Root လုပ်ပေးနို...
- အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ အမျက်ဖြေတရား"'
- 'အပျိုသီလ'
- Free Make Video Converter အရမ်းအသုံးတည့်ပါတယ်'
- 'wifi တွေကိုလွယ်ကူစွာရှာဖွေရင် wifi radar ကိုသုံးပါ'
- အလွယ်ကူဆုံး ထိုင်းစကားပြော စာအုပ်လေး
- ကိုယ်ချင်းစာ နာခဲ့ရပြီ'
- မန္တလေး ပေါက်ကွဲမှုအတွက် မသင်္ကာသူများကို စတင် စစ်ဆေး
- ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင...
- လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်
- အာဂျင်တီးနားနိုင်ငံမှ H1N1 ဗိုင်းရပ်ပိုးကူးစက်မှြုေ...
- ထိုင်းအစိုးရမှ လျှပ်စစ်စွမ်းအင် ကဏ္ဍအတွက် ဆိုလာပြားမ...
- စပိန်နိုင်ငံတွင် မီးရထားလမ်းမတော်တဆမှု ဖြစ်ပွားခဲ့
- ဂျပန်မြေအောက်မီးရထားအတွင်း ဖက်ရှင်ရှိုးတစ်ခု ကျင်းပ...
- ယခုလ အတွင်း အာရှဒေသမှ ဘုရာဖူး အများအပြား ရွှေတိဂုံေ...
- ဂျပန်နိုင်ငံမှ လှူဒါန်းသည့် မီးသတ်ယာဉ်များအား အမြန...
- တန်ချိန် ၃၃၃ တန်ရှိ ကြေးသွန်း ခေါင်းလောင်းကြီး တစ်...
- ဆီးဂိမ်းအတွက် ဆိုင်းဘုတ်ကိုင် အမျိုးသမီး Volunteer...
- ဂျာမနီနိုင်ငံမှ တရားဥပဒေပိုင်း ဆိုင်ရာတွင် ကူညီမှုမ...
- မလေးရှားပြန် အလုပ်သမား ၅၃၀ အား အလုပ်နေရာများ ပြန်လ...
- အာမခံ ကုမ္ပဏီ ၃ ခုအား သြဂုတ်လဆန်းပိုင်း ခန့်တွင် လု...
- ဇူလိုင်လ ၂၆ရက်နေ့ အတွက် မိုးလေ၀သ ခန့်မှန်းချက်
- ပင်လယ်ပြင် ငါးဖမ်းဆီးရေးကို ၇၅ ရာခိုင်နှုန်းထက် မပိ...
- ကံစမ်းမဲပေါက်သည်ဟု ပြောဆို လိမ်လည်သူတွေ ဖမ်းမိ
- သမီး ယောက်ဖချင်းစကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်
- လွှတ်တော် ဥပဒေ မူကြမ်း ကိစ္စ လွှတ်တော်နဲ့ သမ္မတ သဘော...
- ရေအောက် cable ဆက်ကြောင်းပြင်ဆင်မှု ကြိုးစားဆဲ
- စာချုပ်သစ်အတိုင်း ကြေးနီစီမံကိန်း ကို အကောင်အထည်ေ...
- လက်ပန်းတောင်းတောင် စာချုပ်သစ်အပေါ် ဆန္ဒပြ
- ဧရာဝတီတိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွား
- ပါရမီ/အဓိပတိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား အရေ...
- ထိုင်းနယ်စပ်က၀င်သည့် နိုင်ငံခြားသားများ နှစ်သက်ရာလ...
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ ...
- ဧရာဝတီတိုင်းတွင် ရေကြီးမည့် ဘေးအန္တရာယ်ရှိဟု မိုးလေ...
- ၂၀၁၅ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှ...
- ထားဝယ်တွင် ရေကြီး
- ပုသိမ် ရေနက်ဆိပ်ကမ်းဆောက်ရန် ဒေသခံ လယ်သမားများငြင်...
- စည်းမဲ့ကမ်းမဲ့ သစ်ခိုးထုတ်မှူကြောင့် မေယူတောင်တန်း...
- တရုတ်သို့ရောင်းချမည့် ခွေးနှစ်ရာ ပြန်ရွေးရန်ငွေလို
- ဝန်ကြီးအပြောင်းအလဲတွေအပေါ် သုံးသပ်ချက်
- အမ်းမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦး ရဲဒင်းဖြင့် ခုတ...
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် Net Guide Journal Vol 2 I...
- ဇူလိုင်လ (၂၆)ရက်နေ့ ထုတ် EURO SPORTS Journal (VOL....
- ဇူလိုင်လ (၂၅)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အ...
- ဇူလိုင်လ (၂၄)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတ...
- ဝိုင်းမော်မြို့နယ်အတွင်း စိတ်ကြွဆေးပြား ၊ ဘိန်းဖြူ...
- ယနေ့ ည မြစ်ကြီးနားမြို့ မှာ သိန်းရာနှင့်ချီ တန်းဖု...
- စင်္ကာပူလို ဖြစ်ချင်ရင် ဒါတွေကိုပါ အတုခိုးဖို့ လိုမယ...
- ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စုေ...
- ချမ်းသာဖို့ နည်းလမ်း(၇)သွယ်
- ကြေးနီစီမံကိန်း ကော်မရှင်အကြံပြုချက်များ အကောင်ထည်...
- ယာဉ်ဖြတ်ကူးစဉ် တံတား ကျိုးကျသော်လည်းထိခိုက်ဒဏ်ရာ ...
- ခရီးသွားများ လူနေအိမ် နေခွင့်မရှိ
- မြစ်ရေတင်စီမံကိန်းအတွင်း အဓမ္မလုပ်အားပေးခိုင်းစေ ဟုဆို
- အင်ဒိုနီးရှားငါးဖမ်းလှေပေါ်မှ မြန်မာလုပ်သားများကို ...
- မန္တလေးပေါက်ကွဲမှု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေ
- ပြည်နယ်နှင့် တိုင်းအစိုးရများ ငွေကို စနစ်တကျသုံးစွ...
- အမျိုးသားကျန်းမာရေးမူဝါဒ လွှတ်တော်တင်ရန် ကြန့်ကြာမည...
- ပြည်ပ ရင်းနှီးမြုပ်နှံမှုတွင် အဟန့်အတားဖြစ်နေသောေ...
- ငါးဖမ်းစက်လှေ၌ လူသေအလောင်း ပါရှိလာ
- မလေးရှာနိုင်ငံမှ နိုင်ငံကူးလက်မှတ်စာအုပ် အတုများဖြ...
- သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ်ကို ရည်းစားက အဓမ္မကျင့်...
- သြစီခိုလုံခွင့်တောင်းခံသူ မူဝါဒသစ်ကို အင်ဒိုဝေဖန်
- ဗီဒီယိုရိုက်ကွင်း ဖြစ်လာတဲ့ ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်
- ဇူလိုင်လ (၂၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဇူလိုင်လ (၂၄)ရက်နေ့ ထုတ် SHADE ဂျာနယ်၊ အတွဲ(၇)၊အမှ...
- ဇူလိုင်လ (၂၄)ရက်နေ့ ထုတ် ကျန်းမာရေးနှင့် အလှအပ ဂျာ...
- ဇူလိုင်လ (၂၅)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမ...
- ကင်ဆာ တိုက်ဖျက်ရန် ဆေးသစ် ထုတ်လုပ်နိုင်ပြီဟု ကျူးဘ...
- ကော့သောင်းမြို့ နယ်စပ်စခန်း မှ နိုင်ငံခြားသားများ ...
- ပွဲတော်လာလှည်းတို့ရဲ့ ကျက်သရေ
- တပ်သားများ အဓမ္မ စုဆောင်းခြင်း မရှိဟု ကာကွယ်ရေး ဒုဝ...
- တက္ကစီနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ နှစ်ဦးသေ
- အကြမ်းဖက်ဝါဒနှင့်အကြမ်းဖက်လုပ်ရပ် ပြင်း ထန်စွာ ရှုတ...
-
▼
July
(645)
No comments:
Post a Comment