Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

သြဂုတ်လ 4 ရက်နေ့အတွက် မိုးလေ၀သ ခန့်မှန်းချက်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအား
အသင့်အတင့် ရှိနေပါတယ်။
 
ထူးခြားတဲ့ အခြေအနေ တစ်ရပ်အနေနဲ့ ယမန်နေ့ မြန်မာစံတော်ချိန် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း ဂျီဘီဟာ ဗီယက်နမ်နိုင်ငံ၊ မြောက်ပိုင်းကမ်းခြေသို့ ဟနွိုင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။
 
ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်းမှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
 
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊  လှိုင်းကြီးပါမယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပါမယ်။
 
မနက်ဖြန်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးပိုလာနိုင်ပါတယ်။
 
မှတ်သားဖွယ်ရာမိုးရေချိန်တွေကတော့-
ဆောမြို့မှာ ၃.၉၄ လက်မ၊
သာစည်(စိုက်ပျိုးရေး)မှာ ၃.၀၁ လက်မ၊
ရေးမြို့မှာ ၂.၃၆ လက်မ၊
ချောင်းဆုံမြို့မှာ ၁.၈၅ လက်မ၊
မိတ်္ထီလာမြို့မှာ ၁.၇၇ လက်မနဲ့
မြိတ်မြို့မှာ ၁.၇၃ လက်မတို့ ဖြစ်ကြပါတယ်။
 

နေပြည်တော်နဲ့ အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ ညနေအထိ ခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာပါမယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့