Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

ဇီဝိတဒါန သံဃာ့ဆေးရုံကြီး ရန်ကုန် ၏ ၂၇ ကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူမှု

ဇီဝိတဒါန သံဃာ့ဆေးရုံကြီး ရန်ကုန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ ဆရာတော်ဘုရားကြီးနဲ့ သံဃာတော်များအား
ဝါဆိုသင်္ကန်းကပ်လှူမှုကို သြဂုတ်လ ၃ ရက်နေ့က ရန်ကုန်ရှိ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ၀ါဆိုသင်္ကန်းကပ်လှူမှုမှာ နိုင်ငံတော် သံဃာ့မဟာနယကအဖွဲ့ ဆရာတော်ကြီးများထံမှ ရှစ်ပါးသီလခံယူပြီး လူပုဂ်္ဂိုလ်များမှ ဆရာတော်ကြီးနဲ့ သံဃာတော်များအား ၀ါဆိုသင်္ကန်းနဲ့ လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အခုလို ၀ါဆိုသင်္ကန်းကပ်လှူပွဲမှာ ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့မှ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးရှိ သီလရှင်များ၊ သံဃာတော်များရဲ့ ကျန်းမာရေး ကိစ္စအ၀၀ကိုလည်း ဆေးရုံတက်တာမှစပြီး နေရာထိုင်ခင်း၊ ဆွမ်းကွမ်း အစရှိတာတွေကိုပါ အခမဲ့ ဆောင်ရွက်ကုသပေးလျက် ရှိတယ်လို့ သိရပါတယ်။


ဒါ့အပြင် လက်ရှိဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှာ သံဃာတော်အပါး ၁၃၀ နဲ့ သီလရှင်အပါး ၃၀ ကိုလည်း အတွင်းလူနာအဖြစ် ဆေးဝါးကုသပေး လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်မှုတွေအပြင် ရုံးဖွင့်ရက်များမှာလည်း လူပုဂ်္ဂိုလ်များအတွက် ပြင်ပလူနာဌာနများ ဖွင့်လှစ်ပေးထားပြီး သာမန်ရောဂါများအတွက်လည်း ပြင်ပကုသမှုအနေနဲ့ အခမဲ့ကုသပေးလျက်ရှိနေတာဖြစ်ပါတယ်။ အခုလို ဇီဝိတဒါနသံဃာ့ဆေးရုံကြီး ရန်ကုန်ရဲ့ ၀ါဆိုသင်္ကန်းကပ်လှူမှုကို နှစ်စဉ်နှစ်တိုင်း ကျင်းပတာဖြစ်ပြီး အခုလို ကျင်းပတာဟာ ၂၇ ကြိမ်မြောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့