Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

စီးပွားရေး အလားအလာ ကောင်းသည့် ဘူတာအချို့တွင် Shopping Mall များ တည်ဆောက်သွားရန် ရှိခြင်း


  မြန်မာ့မီးရထား လုပ်ငန်းမှ ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းမှာရှိတဲ့ စီးပွားရေးအရ အလားအလာကောင်းမယ့် ဘူတာအချို့မှာ Shopping Mall များ
တည်ဆောက်သွားဖို့ ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မီးရထားလမ်း မြေနေရာများမှာ လက်ရှိ ရထားပြေးလမ်းများနဲ့ မီးရထားလုပ်ငန်းများကို လက်ရှိအတိုင်းထားရှိပြီး အပေါ်ပိုင်းမှာ ဈေးဆိုင်၊  ကုမ္ပဏီရုံးခန်းများ၊ ဟိုတယ်များနဲ့ ကားရပ်နားရာ နေရာများ ထားရှိဖို့အတွက်ပါ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ဖို့ အတွက်ကိုတော့ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအား တင်ဒါဖိတ်ခေါ်ပြီး BOT စနစ်နဲ့ ငှားရမ်းခြင်းတို့ကို ဆောင်ရွက်သွားစေမှာ ဖြစ်ပါတယ်။ အခုလို ဆောင်ရွက်နိုင်ဖို့ အတွက်ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာလည်း ထည့်သွင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဆောင်ရွက်ခြင်းဖြင့် မီးရထား စီးနင်းမှု ခရီးသည် ပိုမိုရရှိစေမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
ဒါ့အပြင် ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ပြည်တွင်းမှာရှိတဲ့ မီးရထားလမ်းပိုင်းများ အားလုံးကို လက်ရှိအခြေအနေထက် တိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာမှာ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို ပထမဦးစားပေးအဖြစ် သတ်မှတ်ပြီး ရထားစီးနင်းမှုမှာ အန္တရာယ် ကင်းဝေးစေရေးနဲ့ အရှိန်လျော့ချနိုင်ရေးတို့ကိုပါ ဆောင်ရွက်လျက်ရှိတာ ဖြစ်ပါတယ်။ ဒီလို အဆင့်မြှင့်တင်မှု ဆောင်ရွက်ရာမှာ ဒုတိယဦးစားပေးအဖြစ် မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ တတိယ ဦးစားပေးအနေနဲ့ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းများ ကောင်းမွန်ရေးကိုလည်း တို့ကိုလည်း ဆောင်ရွက်လျက် ရှိတယ်လို့ သတင်းရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့