Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

တရားဝင် လုပ်ငန်း လိုင်စင် ခွင့်ပြုပေးရန် လိုအပ်သည့် Outbound Toursim


  ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ၀န်ကြီးဌာန အနေနဲ့ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်မယ့် ပြည်ပခရီးသွား လုပ်ငန်းများမှာ တရားဝင်
ခွင့်ပြုသွားဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ သြဂုတ်လ ၃ ရက်နေ့က ယုဇနဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ Outbound Toursim စနစ်တကျ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှ သိရပါတယ်။
 
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းများမှာ တရားဝင် လုပ်ငန်းလိုင်စင် ခွင့်ပြုမှု အနေနဲ့ ပြည်တွင်း ခရီးသွားလုပ်ငန်း လိုင်စင်ခွင့်ပြုမှုသာ ရှိနေသေးတာဖြစ်ပြီး ပြည်ပခရီးသွား လုပ်ငန်းများ လိုင်စင်တရားဝင် ခွင့်ပြုမှု မရှိသေးဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းများဟာ ယခုအခါ တိုးတက်လာနေပြီ ဖြစ်တဲ့အတွက် ပြည်တွင်းသာမက ပြည်ပခရီးသွား လုပ်ငန်းများမှာပါ လုပ်ငန်းလိုင်စင် ခွင့်ပြုပေးခြင်းများ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပေးခြင်းဖြင့် ပြည်ပနိုင်ငံများသို့ ခရီးသွားရာမှ ရရှိနိုင်မယ့် နိုင်ငံတကာ အတွေ့အကြုံများနဲ့ ခရီးသွားလုပ်ငန်း အခွင့်အလမ်းများပါ ရရှိလာနိုင်မှာဖြစ်ပြီး ပြည်တွင်းမှာ ပြန်လည်အသုံးချမှုများ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။
 
 
ဒီလို Outbound Toursim ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မြန်မာ့ခရီးသွား ကုမ္ပဏီများအနေနဲ့ ဘုရားဖူးခရီးစဉ်များ၊ ပညာရေး ခရီးစဉ်များနဲ့ အလည်အပတ်ခရီးစဉ်များ အစရှိတာတွေကို သွားရောက်ရာမှာ တစ်ဖက်နိုင်ငံနဲ့ ဆက်နွယ်တဲ့ ဥပဒေဆိုင်ရာ လိုက်နာမှုများ၊ ခရီးစဉ်ဆိုင်ရာ ရပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်အပြင် အာမခံဆိုင်ရာများနဲ့ နစ်နာကြေးဆိုင်ရာများကိုပါ ဥပဒေဘောင်အတွင်းက ဆောင်ရွက်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
 
 
ဒါ့ကြောင့် အခုလို အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများမှတစ်ဆင့် ခရီးသွားကုမ်္ပဏီ များက တင်ပြလာတဲ့ အချက်အလက်များပေါ်မူတည်ကာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ Outbound Toursim အတွက် တရားဝင်ခွင့်ပြုချက်များ ထုတ်ပေးနိုင်ဖို့အတွက် ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ပြည်တွင်းမှ ပြည်ပသို့ သွားရောက်လည်ပတ်ကြတဲ့ ခရီးသည်အရေအတွက်ဟာ တစ်နေ့ကို ပျမ်းမျှခရီးသည် တစ်ထောင်ကျော်ခန့် ရှိနေတာဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့