Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

လုပ်သားများ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်ရေးအတွက် ဦးစားပေးအချက် (၅)ချက်ဖြင့် လုပ်ဆောင်လျက်ရှိ

  မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဌာန်းရေးအဖွဲ့NSSA အနေနဲ့  လုပ်သားများရဲ့ ကျွမ်းကျင်မှု အရည်အသွေးတိုးတက်စေရေးအတွက်
လက်ရှိမှာ ဦးစားပေးအချက် ၅ ချက်ထားပြီး လုပ်ဆောင်လျက်ရှိတယ်လို့ အဆိုပါအဖွဲ့ရဲ့ လုပ်ငန်းစဉ်ဖော်ပြချက်များအရ သိရပါတယ်။ အခုလို လုပ်ဆောင်ရာမှာ လက်ရှိကျွမ်းကျင်မှုဆိုင်ရာ စံများအား ပြန်လည်သုံးသပ်ခြင်း၊ ပိုမိုပြည့်စုံအောင် ဆောင်ရွက်ခြင်းနဲ့ ဦးစားပေးပြီး အလုပ်အကိုင် ဧရိယာအချို့ရွေးချယ်ခြင်း ဆောင်ရွက်မှုတွေအပြင် သင်ရိုးညွှန်းတမ်းများ ရေးဆွဲခြင်း၊ နည်းပြနှင့် စစ်ဆေးရေးမှူးများအား လေ့ကျင့် ပေးခြင်းနဲ့ စစ်ဆေးရေးစီမံချက်များ ရေးဆွဲခြင်း စတဲ့ အချက် ၅ ချက်ကို အလေးထား ဆောင်ရွက် နေတာဖြစ်တယ်လို့ သိရပါတယ်။
 

ဒါ့အပြင် NSSA အနေနဲ့ အလုပ်အကိုင်ကျွမ်းကျင်မှု စံ ၁၇၃ မျိုးကို ရေးဆွဲထားပြီး စံ ၅၅ မျိုးကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အတည်ပြုပေးပြီး ဖြစ်တယ်လို့ လည်း သိရပါတယ်။ အဆိုပါ NSSA အဖွဲ့အစည်းကိုတော့  ၂၀၀၇ ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး  နိုင်ငံအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုရေးစနစ် ချမှတ်လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ကာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအပြင် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပုဂ္ဂလိက အသင်းအဖွဲ့များမှ တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့