Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

ခရီးသွားကဏ္ဍ၀င်ငွေပိုမိုရရှိရေး ဆောင်ရွက်သွားမည့် ရန်ကုန်ဟိုတယ်ဇုန်

  မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ရန်ကုန်ဇုန် အနေနဲ့ ခရီးသွားကဏ္ဍမှာ ပြည်တွင်း၊ ပြည်ပဘဏ္ဍာငွေများ ပိုမိုရှာဖွေပေးနိုင်ရေးအတွက်
ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိတယ် လို့ သြဂုတ်လ ၃ ရက်နေ့က ရန်ကုန်မြို့၊ပန်ဒါဟိုတယ်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းရန်ကုန်ဇုန်ရဲ့ နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးပွဲမှ သိရပါတယ်။
 

အခုလို ဆောင်ရွက်ရာမှာတော့ ခရီးသွားများ လုံခြုံစွာနဲ့ စိတ်လက်ချမ်းသာစွာ အပန်းဖြေနိုင်ရေး၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းပြည်ပ ဟိုတယ်များနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ရန်ကုန်ဇုန် အနေနဲ့ လက်ရှိမှာ အသင်းဝင်ဟိုတယ်  ၁၇၀ ကျော်ရှိနေပြီးဖြစ်ပြီး အဆိုပါဟိုတယ် များအား ဟိုတယ်အဆင့် သတ်မှတ်ရေးအတွက် လိုက်လံစစ်ဆေးခြင်း၊ Non Star  ဟိုတယ်များ ဟိုတယ်အဆင့်မီမြှင့်တင်ရေး၊ ကျွမ်းကျင်ဝန်ထမ်းများ တိုးပွားလာစေဖို့အတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့