Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

အမှိုက်ပုံး အလုံအလောက် ၀ယ်ယူပြီးပါက ဖျက်သိမ်းသွားမည့် အမှိုက်ကန်စနစ်

ရန်ကုန်မြို့ရှိ အမှိုက်ကန်များကို အမှိုက်ပုံး အလုံအလောက် ၀ယ်ယူပြီးပါက ဖျက်သိမ်းသွားမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက ပြည်သူများကို မနက် ၆ နာရီမှ ည ၁၀ နာရီ၊ ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ အမှိုက်ကန်တွေမှာ အမှိုက် စွန့်ပစ် ခွင့်ပြုထားပါတယ်။


အမှိုက်ကန်တွေဟာ အဖုံးအကာ မရှိတဲ့အတွက် အနံ့သက်ဆိုးတွေ ထွက်ပေါ်ကာ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများ ရှိနေတယ်လို့ သိရပါတယ်။ အနံ့အသက် ဆိုးရွားလှတဲ့ အမှိုက်ကန်စနစ်ကို အဖုံးပါတဲ့ အမှိုက်ပုံများနဲ့ အစားထိုး လဲလှယ်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက သိရပါတယ်။ အမှိုက်ကန်တစ်ကန်ကို အမှိုက်ပုံး ၁၅ ပုံးနဲ့ အစားထိုး လဲလှယ်သွားမှာ ဖြစ်ပြီးတော့ လက်ရှိမှာ အမှိုက်ပုံး သုံးထောင်ကျော် ၀ယ်ယူထားပြီးပြီလို့ သိရှိရပါတယ်။ ရန်ကုန်မြို့တွင် အမှိုက်ကန်ပေါင်း ၆၄၉ ကန်ရှိပြီး အမှိုက်ပုံးပေါင်း ၁၃၅၀၀ ကျော် ၀ယ်ယူပြီးပါက အမှိုက်ကန်အားလုံးကို ဖျက်သိမ်းသွားမယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့