Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

နယ်မြို့များမှာပါ ရုံးခွဲများ တိုးချဲ့ဖွင့်လှစ်သွားမည့် ပုဂ္ဂလိက အာမခံကုမ္ပဏီ တစ်ခု

ပြည်တွင်းက ပုဂ္ဂလိက အာမခံကုမ္ပဏီတစ်ခုဖြစ်တဲ့ IKBZ Insurance Co.Ltd ဟာ အာမခံ ကုမ္ပဏီရုံးခွဲများကို နယ်မြို့များမှာပါ တိုးချဲ့ဖွင့်လှစ်သွားဖို့
စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ IKBZ Insurance Co,Ltd မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အဲ့ဒီလို ရုံးခွဲများ တိုးချဲ့ဖွင့်လှစ်ရာမှာ ပဏာမ အဆင့်အနေနဲ့ အာမခံလုပ်ငန်းများ လုပ်ကိုင်နေတဲ့ မြို့ကြီးများဖြစ်တဲ့ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးမြို့များမှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တခြားမြို့များမှာ IKBZ အာမခံရုံးခွဲများ ဆက်လက်တိုး ချဲ့ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။


အခုလက်ရှိ မန္တလေး၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့များမှာ အာမခံရုံးခွဲများ ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်မှုတွေ ပြုလုပ်လျက်ရှိပြီး မြန်မာ့အာမခံ ကြီးကြပ်ရေးလုပ်ငန်း မှလည်း တရားဝင် ခွင့်ပြုချက် တောင်းခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မြို့ကြီး ၃ မြို့မှာ အာမခံရုံးခွဲဖွင့်လှစ်မှုကတော့ လာမယ့်သြဂုတ်လလယ်လောက်မှသာ ဖွင့်လှစ်နိုင်မှာ ဖြစ်တယ်လို့  သိရပါတယ်။ အဆိုပါ IKBZ Insurane Co.,Ltd ကို ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အာမခံလုပ်ငန်းများဖြစ်တဲ့ မီးအာမခံ၊ အလုံးစုံမော်တော်ယာဉ်အာမခံ၊ အသက်အာမခံ၊ ငွေသားလုံခြုံမှုအာမခံ၊ ငွေပို့ငွေသယ်အာမခံနဲ့ သမာဓိအာမခံတို့ကို လုပ်ကိုင်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့