Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အတွက် များစွာ လိုအပ်နေသည့် အင်ဂျင်နီယာများ

  နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ဆိုရင် အဆိုပါနိုင်ငံမှာ အင်ဂျင်နီယာများရှိမှ ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်တယ်လို့ သြဂုတ်လ ၃ ရက်နေ့က UMFCCI မှာ
ကျင်းပပြုလုပ်ခဲ့တဲ့ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ သိရပါတယ်။
 
 
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ အင်ဂျင်နီယာ မရှိပါက နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် အင်ဂျင်နီယာဘာသာရပ်ရဲ့ လွယ်ကူပုံများ၊ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါက ဖြတ်ထိုးဥာဏ်သုံးတတ်ပြီး အကောင်းဆုံးနဲ့ အမြန်ဆုံး လုပ်ဆောင်တတ်ရမယ်ဆိုတာတွေကိုပါ ရှင်းလင်းဟောပြောခဲ့တာဖြစ်ပါတယ်။
 
အဲ့ဒီ အင်ဂျင်နီယာအလုပ်ရုံဆွေးနွေးပွဲကို မလေးရှားနိုင်ငံရှိ UCSI University နဲ့ ပြည်တွင်းရှိ Jenko ပညာရေး ၀န်ဆောင်မှု လုပ်ငန်းတို့က ပူးပေါင်းပြုလုပ်တာဖြစ်ပြီး UCSI University အင်ဂျင်နီယာဌာနမှ ဌာနမှူးက အင်ဂျင်နီယာမဲ့သော ကမ္ဘာကြီး ခေါင်းစဉ်နဲ့ ဆွေးနွေး ဟောပြောခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ အင်ဂျင်နီယာနဲ့ ပတ်သက်တာတွေ ဆွေးနွေးဟောပြောခဲ့တာဖြစ်တဲ့အပြင် တက်ရောက်လာသူများထဲမှ အင်ဂျင်နီယာ ဘာသာရပ်ကို စိတ်ဝင်စားသူများကို လက်တွေ့ဆောင်ရွက်မှုတွေပါ  ပြုလုပ်စေခဲ့တာဖြစ်ပါတယ်။
 
ဒါ့အပြင် Jenko ပညာရေး ၀န်ဆောင်မှု လုပ်ငန်းဟာ ပညာရေး ၀န်ဆောင်မှု လုပ်ငန်း တွေကို ဆောင်ရွက်နေတာ ၁၃ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှ တက္ကသိုလ် ၀င်တန်းအမှတ် ၄၈၀ နဲ့အထက် ရရှိထားတဲ့သူများ အနေနဲ့လည်း UCSI ရဲ့ ပညာသင်ဆု ကို လျှောက်ထားနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့