လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 4 August 2013

ဂျာကာတာမြို့ ဗုဒ္ဓဘုရားဝိုင်းမှာ ဗုံးပေါက် တစ်ဦးဒဏ်ရာရ


အင်ဒိုနီးရှားနိုင်ငံ ​ဂျာကာတာမြို့ရှိ ​ဗုဒ္ဓဘာသာ ​ဘုရားဝိုင်းမှာ ​ဗုံးတစ်လုံး ​ပေါက်ကွဲခဲ့တဲ့အတွက် ​လူတစ်ဦး ​လက်မှာ ​ဒဏ်ရာရခဲ့တယ်လို့ ​အင်ဒိုနီးရှားရဲက ​ပြောပါတယ်။ ဂျာကာတာမြို့လယ် (Credit: Reuters)
 ဂျာကာတာမြို့ ​အဂ္ဂယာန ​ဗုဒ္ဓဘာသာ ​ဘုရားဝိုင်းမှာ ​တနင်္ဂနွေညက ​အသေးစား ​ဗုံးတစ်လုံး ​ပေါက်ကွဲခဲ့တာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

အဲဒီဗုံးဟာ ​ဘုရားအတွင်းက ​မှန်တွေနဲ့ ​ပြုလုပ်ထားတဲ့ ​တံခါးနားမှာ ​ပေါက်ကွဲခဲ့တာဖြစ်ပေမယ့် ​ပျက်စီးမှု ​အနည်းငယ်သာ ​ဖြစ်ခဲ့ပြီး ​နောက်ဗုံးတစ်လုံးကတော့ ​အခိုးငွေ့လောက်သာ ​ထွက်လာပြီး ​ပေါက်ကွဲတဲ့ ​အဆင့်ထိ ​မရောက်ခဲ့ဘူးလို့ ​အေအက်ပီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာမှာ ​ဗုံးကျွမ်းကျင်သူ ​ရဲတပ်ဖွဲ့တွေနဲ့ ​အကြမ်းဖက်မှု ​တိုက်ဖျက်ရေး ​ရဲတပ်ဖွဲ့တွေပါ ​ရောက်ရှိပြီး ​စုံစမ်းမှုတွေ ​လုပ်ခဲ့ပါတယ်။

အဂ္ဂယာန ​ဘုရားဟာ ​ဂျာကာတာမြို့က ​အကြီးဆုံး ​ဘုရားဝင်းတစ်ခုဖြစ်ပြီး ​ဒီလို ​ဘုရားဝိုင်း ​တိုက်ခိုက်ခံရမှုကြောင့် ​ဘာသာရေး ​အဓိကရုန်း ​ဖြစ်မှာကို ​စိုးရိမ်ရတယ်လို့ ​အင်ဒိုနီးရှားရဲတွေက ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​အစ္စလာမ်ဘာသာကိုးကွယ်သူ ​ရိုဟင်ဂျာတွေ ​နှိပ်ကွပ်ခံနေရတဲ့အပေါ် ​ကမ္ဘာ့မွတ်စလင်လူဦးရေ ​အများဆုံးရှိတဲ့ ​အင်ဒိုနီးရှားနိုင်ငံသားတွေ ​အမျက်ဒေါသထွက်နေပြီး ​ပြီးခဲ့တဲ့ ​မေလကပဲ ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့ ​ကြိုးစားခဲ့တဲ့ ​အစ္စလာမ်အစွန်းရောက်သူတွေကို ​အင်ဒိုနီးရှားရဲတွေက ​ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ​ဒီတကြိမ်ဗုဒ္ဓဘုရားကျောင်းဝိုင်း ​ဗုံးဖောက်ခွဲခဲ့တာ ​ဘယ်သူ့လက်ချက်ဖြစ်နိုင်တယ်ဆိုတာကို ​ဘုရားဝိုင်းတွင်းက ​တာဝန်ရှိပုဂ္ဂိုလ်တွေရော ​အင်ဒိုနီးရှားရဲတွေကပါ ​ထင်ကြေးမပေးခဲ့ဘူးလို့ ​သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့