Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Tuesday 20 March 2012
ဘ၀ရဲ့ ခရီးသည်
ချစ်သူ- - - -
ငါဟာ ကျောပိုးအိပ်ကိုလွယ်
အရာရာကို စွန့်လွှတ်
ဒုက္ခကို ဖြတ်ကျော်ရင်း
ခရီးသွားနေတဲ့
ဘ၀ရဲ့ ခရီသည်တစ်ဦးပါ။
ငါလှမ်းခဲ့တဲ့ ခရီးမှာ
ခါးသီးခြင်း ချိုမြိန်ခြင်း
ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။
ကျန်နေသေးတဲ့
ငါ့ဘ၀ရဲ့ ခရီးရှည်ကြီးမှာ
အဖော်မွန်ဆိုတာ
လိုအပ်လာပြီ ။
ချစ်သူ- - - -
ငါကမ်းပေးထားတဲ့ လက်ကို
မြဲမြဲသာဆုပ်ကိုင်ထားပါ
ငါတို့နှစ်ယောက်ရဲ့
ဘ၀ခရီးကို
ပျော်ရွှင်မှုတွေနဲ့
လျောက်လှမ်းကြရအောင် ။
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့