Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 24 March 2012

နင်နဲ့ငါလမ်းခွဲခဲ့ပြီးနောက်

နင်နဲ့ငါလမ်းခွဲခဲ့ပြီးနောက်
နင်နဲ့ငါ လမ်းခွဲပြီးနောက် နင်ငါ့ဘေးမှာ ရှိတုန်းကလိုပဲ ငါရှင်သန်ရပ်တည်ခဲ့တယ်။ နင်ငါ့ဘေးမှာရှိတုန်းက ကော်ဖီ
သိပ်ကြိုက်တဲ့ ငါ့ကို သိပ်မသောက်ဖို့ အမြဲမှာသလို၊ ငါသောက်တိုင်း နင်လည်းလိုက်သောက်ခဲ့တယ်။ နင်မရှိတော့
ငါကော်ဖီသိပ်မသောက်ဖြစ်ခဲ့ဘူး။ နင့်ကိုသတိရတဲ့အချိန်တွေမှာပဲ ငါသောက်ဖြစ်ခဲ့တယ်....။နင်နဲ့ငါလမ်းခွဲပြီးတ
ဲ့နောက် ငါ Smell ပါတဲ့ တစ်ရူးကို မသုံးဖြစ်ခဲ့ဘူး။ တစ်ခါတစ်လေ မတတ်သာတဲ့ အခြေအနေမှာ သူများပေးတဲ့
 Smell နဲ့တစ်ရူးကို ငါသုံးပေမယ့် ငါကိုယ်တိုင်တော့ Smell ပါတဲ့ တစ်ရူးကို လုံးဝ ဝယ်မသုံးခဲ့ဘူး။ အထူးသဖြင့်
နင်ငါ့ကိုပေးခဲ့တဲ့ တစ်ရူးတံဆိပ်မျိုး ကိုငါအခုချိန်အထိ မသုံးဖြစ်ခဲ့ဘူး။ 

နင်နဲ့ငါ လမ်းခွဲပြီးတဲ့နောက် ငါအရင်လိုပဲ နင့်အတွက် စာတွေ၊ ကဗျာတွေကို ငါတို့နှစ်ယောက်ရဲ့စာအုပ်လေးထဲမှာ
ရေးဖြစ်ခဲ့တယ်။ စာအုပ်ထဲက ခဲတံနဲ့ ရေးထားခဲ့တဲ့ နင့်လက်ရေးတွေကို ငါမကြာခဏဆိုသလို ကြည့်ဖြစ်တယ်...။ 
နင်နဲ့ငါလမ်းခွဲပြီးတဲ့နောက် နင့်အတွက် ရည်ရွယ်ဝယ်ထားပြီး မပေးဖြစ်ခဲ့တဲ့ ဒိုင်ယာရီ စာအုပ်လေးထဲမှာ နင်ပေးခဲ့
တဲ့ စာတွေနဲ့ ကဗျာပိုင်းအစလေးတွေကို ငါသိမ်းထားတုန်းပဲ။ ငါမလိမ်ပါဘူး လမ်းခဲါပြီးတဲ့နော်က ငါလေ တစ်ခါတစ်ခါ
နင့်ကို သိပ်လွမ်းတာပဲ။နင်နဲ့ငါလမ်းခွဲပြီးနောက် နင်သွားနေကြနေရာတွေကို ငါတတ်နိုင်သမျှမသွားဘဲနေခဲ့တယ်။
နင်နဲ့ငါအမှတ်တမဲ့ ပြန်တွေ့ဖြစ်ခဲ့ရင် ငါထွက်သက်လေး ရပ်တည့်သွားမှာဆိုးလို့ ငါနင့်ကို တွေ့ချင်ပေမယ့် ငါရှောင်ခဲ့
တယ်။ မလွဲသာလို့..သွားခဲ့ရရင်လည်း ငါနင့်ကိုအရူးအမူးလိုက်ရှာဖြစ်ခဲ့တယ်...။  နင်နဲ့ငါ လမ်းခွဲပြီးတဲ့နောက်
ငါတို့တော်တော်နဲ့ပြန်မတွေ့ဖြစ်ခဲ့ကြဘူး။ အကြောင်းကြောင်းကြောင့် နင်နဲ့ငါ တိုက်ဆိုင်ပြီလား ငါနင့်ကို တွေ့ချင်တဲ့
ဆန္ဒပြင်းပြလို့...လားမသိဘူး။။သုံးလေးခါလောက်ငါတို့တွေ့ဖြစ်ကြတယ်...တွေ့တိုင်းလည်း နင့်အကြည့်တွေ ငါ့ဆီမှာ
ရှိခဲ့လို့ဝမ်းသားပါတယ်...။အဲဒီလို ညတွေဆို ငါအိပ်မပျော်ခဲ့ဘူး...။  နင်နဲ့ငါ လမ်းခွဲပြီးတဲ့နောက် နင်ပေးခဲ့တဲ့ သော့
ချိတ်ကလေးကို ငါမသုံးပေမယ့် ဘယ်သွားသွား ငါ့အိတ်ထဲမှာ အမြဲသယ်သွားလေ့ရှိတယ် နင်စာမေးပွဲဖြေတိုင်း
 ပီကေစားတဲ့ အကျင့်လိုပဲ ငါလည်း နင့်ကို သတိရတိုင်းစားဖြစ်မိတယ်။  

 နင်နဲ့ငါ တစ်ခါတစ်ခါ မကြားရတာ ကြာပြီဖြစ်တဲ့ နင့်အသံကိုအရမ်းလွမ်းတာပဲ အဲဒီလိုအချိန်တိုင်း အလွတ်ရနေတဲ့
 နင့်ဖုန်းနံပါတ်ကို ငါနှိပ်မိပေမယ့် ဖုန်းခေါ်တဲ့ ခလုတ်ကို ငါမနှိပ်မိခဲ့ဘူး။ ငါဖုန်းက နင့်အတွက် အနှောက်အဝှက်ဖြစ်
မှာကို ငါတွေးပူနေမိခဲ့တယ်။ နင်မရှိတဲ့နောက် ငါုန်းပြောင်းကိုင်ခဲ့တယ်။ ငါဖုန်းနံပါတ်က နင်သိတဲ့ အရင်နံပါတ်မဟုတ်တော့ဘူး။ ဒါကို နင်အထင်မလွဲပါနဲ့..။ နင်မသိတဲ့ ဖုန်းနဲ့ ငါနင့်ဆီကိုများ ဆက်ခွင့်ရှိမလားဆို ပြီး  ငါပြောင်းခဲ့တယ်။
ဒါပေမယ့် ငါမလုပ်နိုင်ခဲ့ဘူး။ အဲဒီတော့ ငါနင့်အသံကိုကြားချင်တဲ့ အချိန်တိုင်း စတူဒီယိုထဲက နင့်အသံကိုပဲ ငါနား
ထောင်ခဲ့မိတယ်။  နင့်နဲ့ငါ လမ်းခွဲပြီးတဲ့နောက် ငါနင့်အကြောင်းတွေကို စုံစမ်းခဲ့တယ်။ နင်ကျောင်းမှန်မှန်မတက်လို့
နင်ကျန်းမာရေးအတွက် ငါစိတ်ပူခဲ့ ရတယ်...။နောက်ကျမှ ငါသိလိုက်ရတာက နင်က ကျောင်းပျက်ပြီး စတူဒီယို
ိုသွားတယ်ဆိုတာပဲ။

နင်သိပ်ဆိုးတာပဲ အခုချိန်ထိ ကလေးဆန်စွာနဲ့.ကျောင်းပျက်နေတုန်းပဲလား..။  နင်နဲ့ငါ လမ်းခွဲပြီးတဲ့နောက် နင့်သီချင်း
တွေကို အင်တာနက်ပေါ်ကနေ ငါကြိုးစားပြီးရှာခဲ့တယ်..။တချို့အပုဒ်တွေကို နင်ကိုယ်တိုင်မဆိုပေမယ့် စာသားနဲ့သံဇဉ်
်ကို ကြည့်ပြီး နင့်သီချင်မှန်းငါသိလိုက်တယ်။ အခုဆိုရင် ငါ့ဖုန်းထဲမှာကော ငါ့ကွန်ပျူတာထဲမှာ နင့်သီချင်းတွေချည်းပါပဲ။
နင်နဲ့ငါ လမ်းခွဲပြီးတဲ့နောက် နင်သိပ်မြတ်နိုးတဲ့ ဂီတကို ငါလေ့လာခဲ့တယ်..။ ဒါပေမယ့်ငါပဲမတော်တာလား၊ဂီတနဲ့မရင်းနှီး
တာလားမသိဘူး။ အခုချိန်အထိ သံစဉ်တွေနဲ့...ကီးတွေကို ငါနားမလည်ခဲ့ဘူး။ အခုချိန်နင်သာ ငါ့ဘေးမှာရှိရင် အရင်တုန်း
ကလိုပဲ နင်က တုံးတာကို ဆိုပြီး အပြစ်တင်ဦးမယ်ထင်တယ်နော်...။ နင်နဲ့ငါ လမ်းခွဲပြီးတဲ့နောက်ငါဘုရားတွေသွားတိုင်း
ကောင်းမှူကုသိုလ်တွေလုပ်တိုင်း နင့်အတွက် ငါအမြဲဆုတောင်းပေးတယ်။ နင်တစ်ယောက်ဘဝမှာ ဖြစ်ချင်တဲ့ ဆန္ဒနဲ့
 ဖြစ်ပျက်နေတဲ့ဘဝတစ်ထပ်တည်းကျပါစေလို့။နင်အကြောင်းတွေကြားမိတိုင်းနင်အဆင်ပြေတယ်ဆိုရင်ငါလည်းပျော်မိသ
လိုပါပဲ။ နင်နဲ့ငါလမ်းခွဲပြီးတဲ့နောက် ငါအရင်လို တစ်ယောက်တည်းမနေဖြစ်တော့ဘူး။ ငါအပေါင်းသင်အများကြိးထားဖြစ်ခဲ့
တယ်။ နင်က အေးဆေးနေတဲ့ငါ့ကိုပဲ သဘောကျမယ်ဆိုတာ ငငါသိပေမယ့် ငါမလုပ်နိုင်ခဲ့ဘူး။ ငါအပေါင်းအသင်းတွေ
အများကြိးကို တမင်ထားခဲ့တယ်...သူတို့ထဲက တစ်ယောက် တစ်လေဆီကများ နင့်အကြောင်းသိမလားဆိုတဲ့ အတွေးနဲ့
ငါထားခဲ့တယ်..။  

နင်နဲ့ငါလမ်းခွဲပြီးတဲ့နောက် ငါဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချခဲ့မိတယ်။ ငါဒီနိုင်ငံမှာ ဆက်မနေတော့ဘူးဆိုတာပဲ။
ငါကြိုးစားပြီး နင့်ရှေ့ကို ပြန်လာရမယ်လေ။ နင်ပြန်လာရင် ငါ့ရင်ခွင်က နင့်အတွက် လုံခြုံမှု အပြည့်ပေးနိုင်အောင် ငါကြိုး
စားဖို့ ငါဒီကနေ ထွက်သွားမှဖြစ်မယ်လေ။ နင်ဒီစာကို အမှတ်တမဲ့ဖတ်မိရင် နင်မှတ်ထားနော်။ ငါတစ်နေ့နင့်ရှေ့ကို ပြန်
လာခဲ့မယ်ဆိုတာ နင်ယုံကြည်ထားလိုက်ပါ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့