Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

အိပ်ပျော်စေသော နည်းလမ်းတစ်သွယ်

ပုဂံဒေသ ကိုရောက်ခဲ့စဉ်က သိရှိရတဲ့ အိပ်လို့ ကောင်းစေမယ့် နည်းလမ်းလေးပါ။ သိရှိသူများလည်း ရှိသလို မသိသေးတဲ့
သူများလည်းရှိမှာပါ။


ပါဝင်တာက အညာမှာ ပေါများများရတဲ့ ပစ္စည်းလေးတွေပါ။ တစ်ခုက ထန်းရည် ဖြစ်ပြီး နောက်တစ်ခုက ဇွန်းခြစ်
အုန်းသီး တစ်လုံးပါ။ ဒီနှစ်ခုရှိရင် ပြည့်စုံပါပြီ လုပ်ရမယ့်နေရာက နေပြင်းပြင်းပှုတဲ့ သဲသောင်ပြင် လိုနေရာ
မျိုးဆိုရင်ရပါပြီ။


ဇွန်းခြစ် အုန်းသီးတစ်လုံးကိုရပြီဆိုတာနဲ့  အုန်းသီးထိပ်မှာ မျက်လုံးပေါက် သုံးပေါက်ရှိပါတယ်။ အဲဒီထဲက တစ်ပေါက်ကို
ဖေါက်ပြီး အထဲက အုန်းရည်ကို သွန်လိုက်ပါ။ ပြီးရင် အဲဒီအပေါက်ထဲကို ထန်းရည်ခါးပြင်းပြင်း ကိုထန်းတောမှာ သွားဝယ်
ပြီးရင် အဲဒီအပေါက်ထဲကို ထည့်ပါ။ အပေါက်ကိုလုံအောင်ပိတ်လိုက်ပါ။ ပြီးနောက် သဲသောင်ပြင်ပေါ် ကျင်းတူးပြီး
မြုပ်ထားလိုက်ပါ။


၂ နာရီလောက် ကြာရင် သွားဖေါ်ပြီး အရည်ကို ခွက်ထဲသွန်ပြီး ကြည့်လိုက်ပါ အုန်းသီးဖက်တွေ နဲ့ ပျစ်ပျစ်လေး ဖြစ်နေ
တဲ့ အုန်းသီးထန်းရည်ကို တွေ့ ရမှာပါ။အုန်းသီးကိုခွဲ ကြည့်လိုက်ပါ။ အုန်းသီးဖက် တစ်ဖက်မှ မရှိတာကို တွေ့ ရမှာပါ။
အုန်းသီး ဖက်တွေနဲ့  ပြည့်နေတဲ့ ထန်းရည်ချိုမျှမျှကို သောက်သုံးပြီး ထမင်းကို ၀အောင် စားလိုက်ပါအုံး မြန်မြန်လေး
တော့ စားပေါ့နော်။ ပြီးရင် ခေါင်းအုံးလေးပေါ် ခေါင်းချပြီး တွေးခြင်တာလေးကို အတွေးထဲမှာ ဖေါ်ပြီး တွေးလိုက်ပေါ့
သင်တွေးရင်းနဲ့  နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မယ်။


သင်နိုးမယ့်အချိန်က ညနေ ၃ နာရီက သောက်ရင် နောက်နေ့  နေ့ လည် ၁၂ နာရီကျော်မှပဲ နိုးပါလိမ့်မယ်။
ပျော်ရွှင်ပါစေသူငယ်ချင်း ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့