Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 23 March 2012

တန်ဖိုးအရှိဆုံးအရာ

အရာခပ်သိမ်းတို့သည် တန်ဖိုးအသီးသီးရှိကြသည်။ တန်ဖိုးဟူသည်လူ့ပတ်ဝန်းကျင်၌သာရှိကြသည်။
အဖိုးတန်သောအရာကိုလည်းကောင်းအသုံးဝင်သောအရာကိုလည်းကောင်း တန်ဖိုးထားတက်ကြသည်။ အဖိုးတန်သည့်
အသုံးဝင်သည့်အရာတို့ကို အသုံးပြုတက်အသုံးချတက်မှသာလျှင် တန်ဖိုးရှိမည်။ အသုံးဝင်မည်ဖြစ်သည်။


တခါတရံအသုံးဝင်သည်၊ အဖိုးတန်သည်ဆိုသောအရာတို့သည် အခြေအနေ၊ အချိန်အခါအရ အသုံးမ၀င်၊
တန်ဖိုးမရှိခြင်းတို့နှင့်ကြုံတက်သည်။တန်ဖိုးဆိုသည့်အရာကို “ရော်ဘင်ဆန်ခရူးဆိုး” ပုံဝတ္တုက ဤသို့ပြဆိုခဲ့သည်။
လူသူကင်းမဲ့နေသည့် ကျွန်းပေါ်သို့ သဘောင်္ပျက်၍ အသက်မသေဘဲရောက်လာသော ရော်ဘင်ဆန်ခရူးဆိုးသည်
ကျွန်ပေါ်တွင်စိန်ကျောက်မျက်ရတနာများရှိသော်လည်းအလိုမရှိချေ။


သူသည်ခြေကုန်လက်ပန်းကျနေသည့်အတွက်အစားအစာနှင့်ရေ ကိုသာတောင့် တခဲ့သည်။ သူအသက်ရှင်ရပ်တည်
နိုင်ရေးအတွက် အစာရေစာမှတစ်ပါးအခြားအရာတို့သည် သူ့အတွက်တန်ဖိုးမရှိချေ။ ဤတွင်ကျွန်ုပ်တို့တန်ဖိုးထားသော
စည်းစိမ်ဥစ္စာရတနာတို့သည် အသုံးမ၀င်၍ တန်ဖိုးမရှိဖြစ်ခဲ့ရသည်။ဥစ္စာပစ္စည်းကြွယ်ဝသူသည် လောကတွင် တည်ရှိ
သောပစ္စည်းမှန်သမျှ သူမရနိုင်သောအရာဟူ၍ မရှိဟုဆိုသည်။ သို့သော်လည်း တောင်းတတိုင်းအလိုမပြည့်သည့်
အရာလည်းရှိသည်။


သူသည်ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝသော်လည်း ကျမ်းမာရေးမကောင်းသဖြင့် အဖိုးတန်သည်ဆိုသောပစ္စည်းဥစ္စာသည်
သူ့အတွက် အသုံးမ၀င်၊ တန်ဖိုးမရှိချေ။ ထိုအခါသူသည် ကိုယ်လည်းမကျန်းမာ၊စိတ်လည်းမချမ်းသာတော့ပေ။သူ့ဘဝ
ဝယ် တန်ဖိုးတခြား၊ စည်းစိမ်တခြားဖြစ်ခဲ့ရသည်။



ကျွန်ုပ်တို့လူမှုပတ်ဝန်းကျင်ဆက်ဆံကြရာတွင် တွေ့မြင်ရသည့်သာဓကများလည်းရှိသည်။ ကောင်းစွာ ရှာဖွေကျွေးမွေး

သောလင်ယောင်္ကျားကိုဇနီမယားကတန်ဖိုးထားသည်။ ကောင်းစွာသင်ကြားပြသသည့်ဆရာသမားကို တပည့်သားသမီး
များကတန်ဖိုးထားကြသည်။ကောင်းစွာနိဗ္ဗာန်မဂ်ဖိုကို ညွှန်ပြသည့် ရဟန်း၊သံဃာကို ဒါယိကာ၊ဒါယိကာမများက
တန်ဖိုးထားကြသည်။

ကောင်းစွာတရားဓမ္မဖြင့်အုပ်ချုပ်သူ မင်းကောင်းမင်းမြတ်ကို တိုင်းသူပြည်သားများက တန်ဖိုးထားကြသည်။


ဤအရာကိုကြည့်ခြင်းအားဖြင့် လောကမှာမည်သည့်အရာမဆို အသုံးမ၀င်လျှင် အဖိုးမတန်၊ အသုံးဝင်မှတန်ဖိုးရှိ

မည်ဟုဆိုရပေမည်။ သို့သော်လည်း ကမ္ဘာကျော်ပန်းချီဆရာကြီး ဗန်ဂိုး၏လက်ရာပန်းချီကားသည် အသုံးမ၀င်သော်
လည်း တန်ဖိုးရှိသည်ကိုတွေ့မြင်နိုင်သည်။



ထိုအခါလောကမှာ လူသားတို့စိတ်ဝင်စားသည့်အရာသည်လည်း တန်ဖိုးရှိသည်ဟုဆိုရပေမည်။



အသိပညာ၊အတက်ပညာကျွမ်းကျင်မှုသည်လည်းတန်ဖိုးရှိသည်။မိမိသိသည့်အရာ၊မိမိတက်ကျွမ်းသည့်ပညာတို့ကို

အသုံပြုမှ။ အသုံးချမှသာအဖိုးတန်မည်။ တက်သိသည့်ပညာကို အကျိုးရှိအောင် အသုံးမပြု။ မျှဝေခြင်းမရှိလျှင်လည်း
တန်ဖိုးရှိမည်မဟုတ်ပေ။လူ့ပတ်ဝန်းကျင်ရှိ တန်ဖိုး၏အနက်အဓိပ္ပာယ်သည် ကျယ်ဝန်းနက်ရှိုင်းများပြားလှပေသည်။
မည်သို့ပင်ဆိုစေကာမူ တန်ဖိုးဟူသည် စေတနာ၊ မေတ္တာ၊သဒ္ဒါ၊ဟီရိသြတ္တပ္ပ စသည်တို့ပါမှသာလျှင် တန်ဖိုး၏သဘော
သဘာဝကို အပြည့်အ၀သိနိုင်ပေမည်။တန်ဖိုးအရှိဆုံးနှင့် တန်ဖိုးအကြီးဆုံးအရာသည်သဒ္ဒါဖြစ်သည်ဟု အောင်ခြင်း
ရှစ်ပါး၏ အာဠာဝကဘီလူးမင်းအား ကယ်ချွတ်ခန်း၌ မြတ်စွာဘု၇ားဟောကြားတော်မူခဲ့သည်။ တန်ဖိုးထားအထင်ကြီး
နေသည့် စည်စိမ်ဥစ္စာများသည် ရန်သူမျိုးငါးပါးနှင့် မကင်း၊ အချိန်မရွေးဆုံးရှုံးစေနိုင်သည်။ဤပစ္စည်းများကြောင့်ပင်
စိုးရိမ်ကြောင့်ကြရ၊ အလုအယက်အနှောင့်အယှက်ခံရသဖြင့် ဒုက္ခရောက်ကြရသည်။ သေလျှင်လည်းပါမသွား၊
ထားရစ်ခဲ့ရသည်။ တစ်ဘ၀စာလေး ကျေနပ်သယောင်ရှိသော်လည်း ပစ္စည်းမှပေးသောဒုက္ခကအဆပေါင်းများစွာ
သာလွန်နေသည်။



သဒ္ဒါဆိုသည့် ယုံကြည်ချက်မှာ ခိုင်မြဲသည်။ မည်သူမျှခိုးယူလုယက်၍မရနိုင်။ သဒ္ဒါဟူသည် ကောင်းတာပြုလုပ်လျှင်

ကောင်းတာခံစားရမည်ဟူသော ယုံကြည်ချက်ကြောင့် ဒါနပြုလိုခြင်း၊ သီလဆောက်တည်လိုခြင်း၊ တရားနာလိုခြင်း
စသည့် ကုသိုလ်စိတ်များဖြစ်ပေါ်လာသည်။အားကောင်းသောသဒ္ဒါတရားကြောင့်ဘ၀အဆက်ဆက်ကောင်းတာတွေ
အများကြီးခံစားကြရသည်။ ထို့ကြောင့် အမြတ်ဆုံးဥစ္စာသည် သဒ္ဒါပင်ဖြစ်သည် ဟုမြတ်စွာဘုရားကမိန့်ကြားတော်မူ
ခဲ့သည့်အတိုင်း တန်ဖိုးရှိသောလူ့ဘ၀၀ယ် တန်ဖိုးရှိသောသဒ္ဒါတရားဖြင့် လူ့ဘောင်လောကကို
တည်ဆောက်စေချင်ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့