မောင်..... ယွန်းလေးတို့ လက်ထပ်ပြီးရင် သားသား မီးမီးလေးတွေ အများကြီးယူရအောင်နော်.....
မောင်ကလည်း မိဘတွေ မရှိတော့တဲ့ တစ်ဦးတည်းသော သား.....
မောင်ကလည်း မိဘတွေ မရှိတော့တဲ့ တစ်ဦးတည်းသော သား.....
ယွန်းလေးကလည်း တစ်ဦးတည်းသော သမီးဆိုတော့
ယွန်းလေးတို့တွေ ဘယ်လောက် အထီးကျန်လိုက်သလဲ.....
အဲတော့ ယွန်းလေးတို့ရဲ့ သားသားမီးမီးလေးတွေ အလှည့်ကျရင် မောင်တို့ ယွန်းလေးတို့လို မဖြစ်ရအောင်ပါ မောင်ရဲ့.....
နော်..... နော်လို့.....
ယွန်းလေးတို့တွေ ဘယ်လောက် အထီးကျန်လိုက်သလဲ.....
အဲတော့ ယွန်းလေးတို့ရဲ့ သားသားမီးမီးလေးတွေ အလှည့်ကျရင် မောင်တို့ ယွန်းလေးတို့လို မဖြစ်ရအောင်ပါ မောင်ရဲ့.....
နော်..... နော်လို့.....
ဟားဟားဟားဟား.....
ယွန်းလေးရယ်...... အဲဒါက ကံနဲ့လည်းဆိုင်တယ်လေ ယွန်းလေးရဲ့.....
မောင်တို့ လိုချင်ပေမယ့် မရရင် ဘယ်လို လုပ်မလဲ.......
မဟုတ်ဘူးလား......
ကျွန်မကို ဘယ်ဖက်ရင်ခွင်ထဲထည့်ပြီး ရယ်မောရင်း ပြောလိုက်တဲ့ မောင့်စကားကြောင့်
ကျွန်မ နည်းနည်း စိတ်ကောက်ချင်သလို ဖြစ်သွားခဲ့တယ်.....
တွေ့လား.....
မောင်က ယွန်းလေးပြောတာကို လှောင်တာပေါ့လေ.....
ဒီကတော့ မိန်းကလေးတန်မဲ့ ရှက်ရှက်နဲ့ ပြောလိုက်ရတာ.....
ဟွန်း..... တော်ပြီကွာ.... မခေါ်တော့ဘူး.....
မဟုတ်ပါဘူး ယွန်းလေးရဲ့.....
မောင်တို့ ချစ်သူသက်တမ်း ဒီလောက်ကြာလာတာကို အခုချိန်ထိ ဖြူစင်တဲ့
မြတ်နိုးခြင်း ခေါင်းစဉ်အောက်မှာပဲ
ရှိနေကြတာ မဟုတ်လား.....
ရှိနေကြတာ မဟုတ်လား.....
အင်းလေ.....
အဲဒါ ဘာဖြစ်လဲ မောင်.....
အဲဒါကို ယွန်းလေးက အဆင့်တွေကျော်ပြီး ဟောဒီ အင်းလျားကန်ကြီးကို ကြည့်ရင်း သားသားမီးမီးလေးတွေ အများကြီးအဆင့်အထိ
ပြောလိုက်တော့..... ယွန်းလေး ဘာတွေများ မဟုတ်တာတွေ တွေးနေလဲလို့ပါကွာ.....
ဟားဟားဟားဟား.....
တွေ့လား..... ပြောနေရင်းနဲ့ကို ထပ်လှောင်တာပေါ့လေ.....
ကဲ.... ကဲ.....
အား..... နာတယ် ယွန်းလေးရဲ့ ဗိုက်ခေါက် လိမ်မဆွဲနဲ့လေ.....
ဟိုမှာ သူများအတွဲတွေ ကြည့်ကုန်ပြီ.....
ဆွဲမှာပဲ.....
ယွန်းလေးကို လှောင်နေတာကိုးလို့.....
ယွန်းလေးရယ်.....
မောင်လေ ယွန်းလေးရဲ့ မေတ္တာတရားတွေအတွက် ကျေးဇူးတင်ပါတယ်နော်.....
မောင့်လို ဘကြီးဘုန်းကြီးကျောင်းမှာ ခိုကပ်နေရင်း ပညာသင်နေရတဲ့ ဘဝကိုမှ.....
တော်တော့ မောင်..... ဘယ်နှစ်ကြိမ် ရှိနေပြီလဲ....
ထပ်ပြောမယ်ဆိုရင် ယွန်းလေး ဟောဒီအင်းလျားကန်ထဲ ခုန်ချလိုက်မယ်.....
အဲလိုတော့ မလုပ်ပါနဲ့ ယွန်းလေးရယ်....
မောင်က ယွန်းလေးကို အားနာလို့ ပြောမိတာပါ.....
တော်တော့ မောင်.....
မောင်အဲဒီစကားကို တစ်ကြိမ်ပြောတိုင်း ယွန်းလေး ရင်ထဲမှာ အကြိမ်ကြိမ် နင့်နေအောင် ခံစားရတယ် သိလား....
ဆက်မပြောပါနဲ့တော့ မောင်ရယ်နော်.....
ဟုတ်ကဲ့ပါ ယွန်းလေးရယ်.....
မောင်တို့ တစ်ခြားအကြောင်းတွေပဲ ပြောကြရအောင်နော်.....
လိမ္မာလိုက်တဲ့ မောင် ....... လေး.....
အဲ.....
ဟားဟားဟားဟားဟား.....
ယွန်းလေးနော် ကိုက်ဆွဲမှာ
မောင့်ကိုများ မောင်လေးတဲ့.....
ကောင်းကင်တစ်ပြင်လုံးမဲမှောင်ြ ပီး လျှပ်နွယ်ပန်းခက်တွေ တသွင်သွင် စီးနေပါပေါ့လား.....
ဒါဆိုရင် မကြာခင် မိုးတွေ ရွာဦးတော့မှာပေါ့.....
လှမ်းလက်စခြေလှမ်းတွေကို ခပ်သွက်သွက်ဆက်လှမ်းရင်း စပါးခင်းတွေကို ဖြတ်သန်းတိုက်ခတ်လာတဲ့
လေနုအေးလေးတွေကို ကျွန်မ နှစ်လိုစွာ ရှိုက်သွင်းလိုက်မိတယ်.....
စိတ်ထဲ လန်းသလိုရှိပေမယ့် ရင်ထဲက ဆန္ဒတစ်စုံကြောင့် သောကတွေကတော့ လျော့မသွားခဲ့ပါဘူး မောင်.....
လေထဲကိုလွင့်ဝဲနေတဲ့ ကျွန်မရဲ့ ဆံနွယ်စတွေကို လက်တစ်ဖက်က စုကိုင်ရင်း ခပ်ရေးရေးမြင်နေရတဲ့ ရွာဦးစေတီလေးဆီ
အပြေးတစ်ပိုင်း ဆက်လှမ်းခဲ့မိတယ်.....
ဟိုးခပ်ဝေးဝေးက တောင်တန်းပြာကြီးတွေရဲ့ နောက်မှာ တိမ်တွေ အဆုပ်လိုက် ခရီးသွားနေသလို ၊
မကြာခင်ပြိုတော့မယ့် မိုးတိမ်တွေကြောင့် ထစ်ချုန်းသံတွေကလည်း အဆတ်မပြတ် ထွက်ပေါ်နေလေရဲ့.....
စေတီလေးဆီရောက်ရောက်ချင်း ချက်ချင်း ဝတ်မပြုနိုင်သေးပဲ
နဖူးစပ်ဆီက စို့ထွက်လာတဲ့ ချွေးစတွေကို သုတ်ရင်း
အသက်ကို တဝကြီး ရှူနေမိတယ်.....
ကုန်းမို့မို့လေးပေါ်တည်ထားတဲ့ ထုံးဖြူစေတီလေးဟာ လူတစ်ဖက်စာ ခရေပင်ကြီးတွေ ပတ်ပတ်လည် ဝိုင်းရံထားတာကြောင့် ၊
အရိပ်အာဝါသကောင်းပြီး ဆိတ်ငြိမ်လွန်းလှပါတယ်.....
ဒီတစ်ကြိမ်နဲ့ဆိုရင် ဒီစေတီလေးဆီ ကျွန်မ ရောက်တာ အကြိမ်ကြိမ်ရှိပါပြီ မောင်.....
မောင်နဲ့ လက်ထပ်ပြီးကထဲက အချိန်တိုင်း ကျွန်မရောက်ဖြစ်ခဲ့တာပါ မောင်ရယ်.....
ဝေ့သီလာတဲ့ မိုးဖွဲလေးတွေအောက် ကျကျနန ထိုင်ရင်း အအေးဓာတ်က ရင်ထဲအထိ တိုးဝင်လာတာ
သတိထားလိုက်မိတယ်.....
ခေတ္တ အမောပြေသလို ခံစားလိုက်ရတော့ စေတီဦးလေးဆီ မော့ကြည့်ရင်း
ထုံးစံအတိုင်း ဆုတောင်းလိုက်မိတယ်.....
အရှင်ဘုရား.....
အသက်ကို တဝကြီး ရှူနေမိတယ်.....
ကုန်းမို့မို့လေးပေါ်တည်ထားတဲ့ ထုံးဖြူစေတီလေးဟာ လူတစ်ဖက်စာ ခရေပင်ကြီးတွေ ပတ်ပတ်လည် ဝိုင်းရံထားတာကြောင့် ၊
အရိပ်အာဝါသကောင်းပြီး ဆိတ်ငြိမ်လွန်းလှပါတယ်.....
ဒီတစ်ကြိမ်နဲ့ဆိုရင် ဒီစေတီလေးဆီ ကျွန်မ ရောက်တာ အကြိမ်ကြိမ်ရှိပါပြီ မောင်.....
မောင်နဲ့ လက်ထပ်ပြီးကထဲက အချိန်တိုင်း ကျွန်မရောက်ဖြစ်ခဲ့တာပါ မောင်ရယ်.....
ဝေ့သီလာတဲ့ မိုးဖွဲလေးတွေအောက် ကျကျနန ထိုင်ရင်း အအေးဓာတ်က ရင်ထဲအထိ တိုးဝင်လာတာ
သတိထားလိုက်မိတယ်.....
ခေတ္တ အမောပြေသလို ခံစားလိုက်ရတော့ စေတီဦးလေးဆီ မော့ကြည့်ရင်း
ထုံးစံအတိုင်း ဆုတောင်းလိုက်မိတယ်.....
အရှင်ဘုရား.....
အခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတာ ဘယ်နှစ်ကြိမ်မှန်း မသိတော့.....
ခြေထောက်တွေ ညောင်းချိလာသလို ရင်ထဲက သောကတွေကြောင့်
လူက ကတုန်ကရင်ကြီး ဖြစ်နေမိသည်.....
ဘုရား ဘုရား..... ယွန်းလေးကို ကယ်တော်မူပါ ဘုရား.....
အရာရာအေးချမ်း အဆင်ပြေပါစေ ဘုရား.....
သူမနူတ်မှ အကြိမ်ကြိမ် အသံထွက် ဆုတောင်းနေမိသည်.....
တိုက်နယ်ဆေးရုံကလေးကို ရောက်ကထဲက ယခုအချိန်ထိ ဂနာမငြိမ်ပဲ သောကတွေ ဖိစီးနေသော
သူမကိုကြည့်ရင်း ကိုကို့ ရင်ထဲမကောင်း၍ထင်သည် .....
သူမကိုငြိမ်သက်စွာကြည့်နေရင်းမှ စကားတစ်ခွန်းဖွင့်ဟလာသည်.....
ကြယ်လေး..... စိတ်အေးအေးထားပါကွာ.....
ကိုကို့သူငယ်ချင်း အောင်ဇော်လည်း ထက်မြက်တဲ့ ဆရာဝန်တစ်ယောက်ပါ.....
မကြာခင် ယွန်းလေး သတိရလာမှာပါနော်.....
ကိုကို့ စကားသံအဆုံးမှာတော့.....
ငိုချင်ရက်လက်တို့ ဖြစ်နေသော သူမသည် ကိုကို့ အနားဝင်ထိုင်ရင်း ပခုံးထက် ခေါင်းလေးတင်ကာ
အသံမထွက်အောင် ရှိုက်ငင်လိုက်မိသည်.....
ကိုကိုရယ်..... ကြယ်လေးလေ..... ယွန်းလေးကို သိပ် သနားတာပဲ .....
ဘာတတ်နိုင်မှာလဲ ကြယ်လေးရယ်.....
သူက ချစ်ခြင်းတရားအတွက် တောက်လျှောက်ပေးဆပ်နေတော့တာကိုး .....
ကိုကို့ရဲ့ စကားသံအဆုံးမှာတော့ မျက်ဝန်းထဲပြည့်လျှံလာသော မျက်ရည်တို့ကြောင့်
သူမအမြင်တွေ ဝိုးတဝါးဖြစ်ပြီး
စိတ်တို့သည် အတိတ်ဆီသို့ တိမ်စိုင်တစ်ခုလို ရွေ့လျားသွားတော့သည်.....
စိတ်တို့သည် အတိတ်ဆီသို့ တိမ်စိုင်တစ်ခုလို ရွေ့လျားသွားတော့သည်.....
အဓိပ္ပါယ်မရှိဘူး ကြယ်လေး.....
ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်ပြီးကထဲက သူ ငါ့ကို တောက်လျှောက် ရှောင်နေတာ ဘာသဘောလဲ.....
ဘာတစ်ခုမှလည်း မေးလို့မရဘူး.....
ဘာလဲ.....
နင်တို့မြို့လေးမှာ သူ နောက်တစ်ယောက် အသစ်တွေ့နေတာလား.....
ငါ့ကို မှန်မှန်ပြောစမ်းပါ ကြယ်လေးရယ်.....
အဲလိုတော့ မဟုတ်လောက်ပါဘူး ယွန်းလေးရယ်.....
သုတ နင့်အပေါ် ဘယ်လောက်ချစ်တယ်ဆိုတာ ငါ အသိဆုံးပါဟာ.....
အခု နင့်ကို ဖုန်းမခေါ်ဖြစ်ဘူးဆိုတာကတော့ သူ အလုပ်များနေလို့ နေပါလိမ့်မယ်.....
ဟဲ့..... ငါခေါ်တော့လည်း သူက မကိုင်ဘူးဟ....
အချိုးတွေ ပြောင်းသွားတာတော့ သိပ်သေချာတယ်ဟာ.....
ငါ့ကို အခုလို သောင်မတင်ရေမကျ မလုပ်စေချင်ဘူး.....
နောက်တစ်ယောက်တွေ့ထားရင်လည်း ယောင်္ကျားပီပီ သတ္တိရှိရှိပြောဟာ.....
ငါအခုလိုတော့ ချစ်သူရဲ့ ဥပေက္ခာအောက်မှာ တနူံ့နူံ့နဲ့ မခံစားချင်ဘူး.....
သူ့ကို လူချင်းတွေ့တာနဲ့ နင်ပြောလိုက်ဟာ.....
ဒီလကုန် ငါ လိုက်လာခဲ့မယ်..... အရာရာအတွက် ကြိုတင်ပြင်ဆင်ထားပါလို့ ပြောလိုက်.....
ဖုန်းထဲမှာ ဒေါသတကြီးနဲ့ အသံတုန်ယင်စွာ ပြောဆိုပြီး ဖုန်းချသွားတဲ့ ယွန်းဝတီကို
ကျွန်မဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့.....
သေချာတာကတော့ သူတို့နှစ်ယောက်လုံး သိပ်ချစ် သိပ်မြတ်နိုးကြတာကိုတော့ဖြင့်
သေချာတာကတော့ သူတို့နှစ်ယောက်လုံး သိပ်ချစ် သိပ်မြတ်နိုးကြတာကိုတော့ဖြင့်
နီးစပ်ပတ်သက်သူတိုင်း အသိပင်.....
ညီသုတနဲ့က ဘာသာရပ်ချင်း မတူကြပေမယ့် ယွန်းလေးနဲ့ပက်သက်ပြီး ကျွန်မတို့ ကျောင်းကအမြဲလိုရောက်နေတာမို့
နှစ်ယောက်စလုံးက အချစ်ဆုံးသူငယ်ချင်းတွေ.....
ယွန်းကလေးရဲ့ ညီသုတအပေါ်ချစ်မြတ်နိုးစိတ်ကို ကျွန်မ သိသလို
နှစ်ယောက်စလုံးက အချစ်ဆုံးသူငယ်ချင်းတွေ.....
ယွန်းကလေးရဲ့ ညီသုတအပေါ်ချစ်မြတ်နိုးစိတ်ကို ကျွန်မ သိသလို
ညီသုတရဲ့ ယွန်းကလေးအပေါ် အကြွင်းမဲ့ သစ္စာကိုလည်း ကျွန်မအသိဆုံး.....
ကျောင်းတုန်းကထဲက တောက်လျှောက်တွဲလာခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ မဟုတ်လား.....
တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိတာပေါ့.....
ကျောင်းပြီးလို့ ကိုကိုနဲ့ အိမ်ထောင်ကျပြီး ကိုကိုတာဝန်ထမ်းဆောင်နေရတဲ့ ဟောဒီ နယ်မြို့ကလေးကို
ယောင်နောက်ဆံထုံးပါ လိုက်လာပြီးကထဲက ဒီသူငယ်ချင်းတွေ မဆုံဖြစ်ကြတော့.....
ဖုန်းနဲ့တော့ အဆက်အသွယ် အမြဲရှိခဲ့ကြပြီး၊
ကျောင်းတုန်းကထဲက တောက်လျှောက်တွဲလာခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ မဟုတ်လား.....
တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိတာပေါ့.....
ကျောင်းပြီးလို့ ကိုကိုနဲ့ အိမ်ထောင်ကျပြီး ကိုကိုတာဝန်ထမ်းဆောင်နေရတဲ့ ဟောဒီ နယ်မြို့ကလေးကို
ယောင်နောက်ဆံထုံးပါ လိုက်လာပြီးကထဲက ဒီသူငယ်ချင်းတွေ မဆုံဖြစ်ကြတော့.....
ဖုန်းနဲ့တော့ အဆက်အသွယ် အမြဲရှိခဲ့ကြပြီး၊
အထူးသဖြင့် ညီသုတ အငယ်တန်းအင်ဂျီနီယာ ဘဝနဲ့ တိုက်တိုက်ဆိုင်ဆိုင်
ကျွန်မတို့ မြို့လေးမှာ တာဝန်ကျလာတော့ ၊ စင်ကာပူက မိဘလုပ်ငန်းတစ်ခုမှာ ဦးစီးလုပ်ကိုင်နေတဲ့
ယွန်းလေးဟာ နေ့စဉ်နဲ့အမျှ ကျွန်မဆီကို အချိန်တိုင်းလိုလို ဖုန်းဆက်နေခဲ့ပါတော့တယ်.....
ကျွန်မတို့မြို့လေးကို ညီသုတရောက်လို့ သုံးလကျော်လောက်မှာပဲ ကံမကောင်းစွာနဲ့ ညီသုတ ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်ခဲ့တယ်.....
အဲဒီတုန်းကတော့ ယွန်းလေးဟာ မိုးလင်းမိုးချုပ် ကျွန်မဆီကို ဖုန်းတွေဆက်ပြီး အချိန်နဲ့အမျှ သုတရဲ့ သတင်းကို မေးနေခဲ့တာပါ.....
အဲဒီတုန်းက ဖြစ်ပြီး နောက် နှစ်ရက်လောက်နေတော့မှ သတင်းရလို့ ဆေးရုံကို လိုက်သွားတော့ သုတက အေးအေးဆေးဆေးပါပဲ.....
ခေါင်းက ပတ်တီး မဖြည်ရသေးတာနဲ့ ခြေထောက်က ပွန်းပဲ့ဒဏ်ရာကလွဲလို့ ကိုကိုနဲ့တောင် နောက်ပြောင် ပြောဆိုရင်း ရွှင်ပြနေတာမို့
ကျွန်မတောင် ယွန်းလေးရဲ့ သောကတွေကို ပြောပြရင်း ဖုန်းဆက်ခိုင်းလိုက်ပါသေးတယ်... ..
ကျွန်မတို့ မြို့လေးမှာ တာဝန်ကျလာတော့ ၊ စင်ကာပူက မိဘလုပ်ငန်းတစ်ခုမှာ ဦးစီးလုပ်ကိုင်နေတဲ့
ယွန်းလေးဟာ နေ့စဉ်နဲ့အမျှ ကျွန်မဆီကို အချိန်တိုင်းလိုလို ဖုန်းဆက်နေခဲ့ပါတော့တယ်.....
ကျွန်မတို့မြို့လေးကို ညီသုတရောက်လို့ သုံးလကျော်လောက်မှာပဲ ကံမကောင်းစွာနဲ့ ညီသုတ ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်ခဲ့တယ်.....
အဲဒီတုန်းကတော့ ယွန်းလေးဟာ မိုးလင်းမိုးချုပ် ကျွန်မဆီကို ဖုန်းတွေဆက်ပြီး အချိန်နဲ့အမျှ သုတရဲ့ သတင်းကို မေးနေခဲ့တာပါ.....
အဲဒီတုန်းက ဖြစ်ပြီး နောက် နှစ်ရက်လောက်နေတော့မှ သတင်းရလို့ ဆေးရုံကို လိုက်သွားတော့ သုတက အေးအေးဆေးဆေးပါပဲ.....
ခေါင်းက ပတ်တီး မဖြည်ရသေးတာနဲ့ ခြေထောက်က ပွန်းပဲ့ဒဏ်ရာကလွဲလို့ ကိုကိုနဲ့တောင် နောက်ပြောင် ပြောဆိုရင်း ရွှင်ပြနေတာမို့
ကျွန်မတောင် ယွန်းလေးရဲ့ သောကတွေကို ပြောပြရင်း ဖုန်းဆက်ခိုင်းလိုက်ပါသေးတယ်... ..
ဘယ်လိုလဲ သုတ.....
အော်ပရေးရှင်းဝင်လိုက်ရသေးတယ်ဆို.....
အခုရော သက်သာပြီလား.....
သက်သာပါတယ် မိုးဝေးရဲ့.....
တစ်လလောက် အနားယူလိုက်ရင် အလုပ်ပြန်ဝင်နိုင်ပါပြီ.....
မင်းတို့လာတာ အားနာလိုက်တာကွာ.....
အလုပ်တွေရော အားလို့လား......
မင်းကလဲကွာ......
အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းပါနဲ့.....
ဒီသူငယ်ချင်းတွေပဲရှိတာကို မင်းကို ငါတို့လာကြည့်ရမှာပေါ့ကွ.....
ကဲ.... အခု ဘာတွေလိုအပ်သေးလဲပြော......
ဟောဒီမှာ ကြယ်လေးက မင်းအားရှိအောင်လို့ သူကိုယ်တိုင် စောစောထပြီး လုပ်လာတာ....
တောကြက် စွပ်ပြုပ်လေး သောက်လိုက်ဦး.....
အေးပါကွာ..... မင်းတို့ကို ကျေးဇူးတင်ပါတယ်.....
ကြယ်လေးက ဘယ်ဆိုးလို့လဲ.....
တောလိုက်ပြီး တောကြက်တောင်ပစ်တတ်နေပြီပေါ့... ...
ဟားဟားဟားဟား
သုတနော်..... တွေ့လားကိုကို ကိုကို့ သူငယ်ချင်းက ကြယ်လေးဆိုရင် အဲလိုပဲ......
အမြဲချိုးချိုးနှိမ်နှိမ် ပြောနေတော့တာပဲ.....
ဝယ်လာတာဟဲ့ သုတ အစုတ်ပလုပ်ရဲ့.....
ငါက တောလိုက်စရာလား.... ဟွန်း....
ကျွန်မက အကဲပါပါနဲ့ မျက်စောင်းထိုးလိုက်တော့ ကိုကိုကပါ သုတနဲ့အတူတူ လိုက်ရယ်မောနေတာမို့
ကိုကို့ ခါးကို မနာအောင် လိမ်ဆွဲလိုက်မိပါသေးတယ် .....
အဲဒီနောက်ပိုင်းတော့ ကျွန်မတို့အိမ်လေးကို သူ အဝင်အထွက် နည်းသွားသလို ခံစားမိပေမယ့်
အလုပ်မအားလို့ ဖြစ်မှာပါလို့ပဲ ခပ်ပေါ့ပေါ့ တွေးခဲ့သေးတာပေါ့ .....
အခုတော့ သုတတစ်ယောက် ယွန်းလေးနဲ့ပါ အဆက်အသွယ် ဖြတ်နေတယ်ဆိုပါ့လား.....
အင်း..... ယောင်္ကျားတွေရဲ့ အချစ်ဆိုတာ အနေဝေးရင် သွေးအေးသွားတတ်တာမျိုးလား.....
ဘာပဲဖြစ်ဖြစ် အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ရဲ့
အခုတော့ သုတတစ်ယောက် ယွန်းလေးနဲ့ပါ အဆက်အသွယ် ဖြတ်နေတယ်ဆိုပါ့လား.....
အင်း..... ယောင်္ကျားတွေရဲ့ အချစ်ဆိုတာ အနေဝေးရင် သွေးအေးသွားတတ်တာမျိုးလား.....
ဘာပဲဖြစ်ဖြစ် အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ရဲ့
ကြည်မွေ့စရာ အနာဂတ်တွေကိုပဲ ကျွန်မမြင်ချင်မိတာတော့ အမှန်ပါပဲ .....
ကဲ..... ပြောပါဦးမောင်.....
ဘာအတွက်ကြောင့် အခုလိုတွေ အဆက်အသွယ်တွေ ဖြတ်နေရတာတဲ့လဲ.....
ဘာလဲ.....
ယွန်းဝတီဆိုတဲ့ မိန်းမတစ်ယောက်ဟာ မောင့်ကို အနီးကပ် သာယာမှုမပေးနိုင်လို့
ဘာအတွက်ကြောင့် အခုလိုတွေ အဆက်အသွယ်တွေ ဖြတ်နေရတာတဲ့လဲ.....
ဘာလဲ.....
ယွန်းဝတီဆိုတဲ့ မိန်းမတစ်ယောက်ဟာ မောင့်ကို အနီးကပ် သာယာမှုမပေးနိုင်လို့
နောက်တစ်ယောက် ရှာချင်နေတာလား.....
ယောင်္ကျားတစ်ယောက်ရဲ့ သစ္စာတရားက ဒါလား.....
ပြောပါဦး... ပြော.... ပြော....
ယောင်္ကျားတစ်ယောက်ရဲ့ သစ္စာတရားက ဒါလား.....
ပြောပါဦး... ပြော.... ပြော....
သုတ ကျွန်မအိမ်လေးဆီ ရောက်ပြီး ခုံမှာ ဝင်ထိုင်လိုက်တယ် ဆိုရင်ပဲ ခရီးရောက်မဆိုက် ယွန်းလေးရဲ့ ဒေါသတွေဟာ
အဆတ်မပြတ် ထွက်ပေါ်လာပြီး ပြောလည်းပြော ငိုလည်း ငိုနေတာမို့ ကျွန်မ စိတ်မကောင်းနိုင်ပါ.....
ကိုကိုကတော့ ရုံးအားရက်မို့ အိမ်မှာ ရှိနေပေမယ့် ယွန်းကလေး ရောက်လာပြီး
ခရီးရောက်မဆိုက် သုတကို ဖုန်းခေါ်ပြီး
အိမ်ကို လာခိုင်းနေတာမို့ ချိန်းထားတာလေး ရှိသေးလို့ ဆိုပြီး အပြင်ကို ရှောင်သွားလေရဲ့.....
ကျွန်မအနေနဲ့ သူငယ်ချင်းတွေ ဆိုပေမယ့် ဒီလိုကြားမျိုးက ဝင်မကောင်းတာမို့ အသာပဲ ငြိမ်နေမိပါတယ်.....
အိမ်ကို လာခိုင်းနေတာမို့ ချိန်းထားတာလေး ရှိသေးလို့ ဆိုပြီး အပြင်ကို ရှောင်သွားလေရဲ့.....
ကျွန်မအနေနဲ့ သူငယ်ချင်းတွေ ဆိုပေမယ့် ဒီလိုကြားမျိုးက ဝင်မကောင်းတာမို့ အသာပဲ ငြိမ်နေမိပါတယ်.....
မောင်ရဲ့ ပြောင်းလဲမှုတွေအောက်မှာ ကျွန်မ နေသားမကျဘူး မောင် .....
ကျွန်မ မောင့်ကို သိပ်ချစ်တာပါ.....
ကျွန်မကို ထားသွားခဲ့မယ်ဆိုရင်တောင် ပွင့်ပွင့်လင်းလင်းပြောခဲ့ပါမော င်.....
ကျွန်မ ကျေနပ်ပါတယ်.....
အခုလိုတော့ ဥပေက္ခာ မပြုပါနဲ့ မောင်ရယ်....
ကျွန်မလေ.... ကျွန်မ......
ရင်ထဲမချိလွန်းလို့ပါ မောင်ရယ်......
မျက်နှာလေးကို လက်နှစ်ဖက်နဲ့ အုပ်ရင်း ကြူကြူပါအောင် ရှိုက်ငိုနေတဲ့ ယွန်းလေးကို
စိတ်မကောင်းစွာကြည့်ပြီး
ကျွန်မ ပင့်သက်တစ်ချက် ရှိုက်လိုက်မိတယ် .....
သုတရဲ့ မထုံတတ်တေး အမူအယာတွေကြောင့် ကျွန်မပါ ဒေါသတွေ လောင်ကျွမ်းခဲ့မိပါရဲ့ .....
ကျွန်မ ပင့်သက်တစ်ချက် ရှိုက်လိုက်မိတယ် .....
သုတရဲ့ မထုံတတ်တေး အမူအယာတွေကြောင့် ကျွန်မပါ ဒေါသတွေ လောင်ကျွမ်းခဲ့မိပါရဲ့ .....
နင်ဘာလုပ်နေတာလဲ သုတ.....
နင် အခုလိုပဲ ရေငုံနူတ်ပိတ်နေနေတော့မှာလား... ..
နင်က ဘာဖြစ်ချင်နေတာလဲ......
နင်ယောင်္ကျား မဟုတ်ဘူးလား.....
နင့်ရဲ့ ဥပေက္ခာတရား အကြောင်းရင်းကို သိရဖို့အတွက် ဒီအထိလိုက်လာခဲ့တဲ့ ယွန်းလေးကို
အခုလိုပဲ နင် တစ်ခွန်းမှ မပြောပဲနဲ့ နေနေတော့မှာလား .....
ယွန်းလေးရဲ့ သောကတွေကို မျက်မြင်တွေ့နေရတာမို့ ကျွန်မ အနေနဲ့ မပြောစဖူး အသံမာမာနဲ့ သုတကို ပြောလိုက်မိတယ်....
အဲဒီတော့မှ အံကြိတ်ထားရင်း အဝေးကို ငေးနေတဲ့ သုတ ခေါင်းလည်လာပြီး ကျွန်မကို ရီဝေစွာ စိုက်ကြည့်နေတယ်.....
ပြီးတော့ ယွန်းလေးကို တစ်ချက်ငဲ့ကြည့်ရင်း .....
ယွန်းလေး......
မောင့်ကို ခွင့်မလွှတ်ပါနဲ့.....
မောင်..... ယွန်းလေးမဟုတ်တဲ့ တစ်ခြား မိန်းမတစ်ယောက်နဲ့ လက်ထပ်ရတော့မယ်.....
မောင် သူ့ကို တာဝန်မယူလို့ မရတော့တဲ့ အနေအထားမို့ မောင့်ကို မေ့ပစ်လိုက်ပါ......
ဘယ်တော့မှ ခွင့်မလွှတ်လိုက်ပါနဲ့......
တစ်ခုပဲ ယွန်းလေးရယ်.....
ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းပါ.....
မောင်နဲ့ ပက်သက်သမျှ အရာအားလုံးကို မေ့ပစ်လိုက်ပါ.....
အချိန်တန်ရင် အရာအားလုံးဟာ ပုံမှန်ဖြစ်သွားမှာပါနော်.....
ယွန်းလေးကြိုက်တဲ့ အပြစ်ပေးပါ..... မောင်ခံယူပါ့မယ်.....
ယွန်းလေးတော့ ရင်ထဲ ဘယ်လိုနေမယ် မသိပါ......
ဘေးက ကျွန်မတောင် ရင်ထဲနင့်ကနဲ ဖြစ်သွားခဲ့ရပါတယ်.....
ဘာတွေ ဖြစ်ကုန်ပြီလဲ.....
ဒီလောက်တည်ကြည် ရိုးသားတဲ့ ယောင်္ကျားတစ်ယောက်ဟာ အခုလိုပဲ လွယ်လွယ်နဲ့ ဖောက်ပြန်တတ်သလား.....
ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ ယွန်းလေးကို ကျွန်မ ဘယ်လိုမှ မကြည့်ရက်တော့ပါ.....
ဒီမှာ သုတ..... နင်အရှက်တရားကင်းမဲ့လှချည်လား.. ...
နင်အဲဒီလောက်ထိ အောက်တန်းကျနေလိမ့်မယ်လို့ ငါထင်မထားဘူးဟာ.....
ငါ ယွန်းလေးကို သိပ်သနားတာပဲ.....
နင်ဟာ.... နင်
နင် အခုချက်ချင်း ထွက်သွားပါတော့ဟာ.....
နင် ထွက်သွားပါတော့.....
ကျွန်မရင်ထဲ မရည်ရွယ်ထားပါပဲနဲ့ စကားလုံးတွေ အလိုလိုစီးဆင်းလာခဲ့တယ်.....
ယွန်းလေးကို သနားတဲ့ စိတ်နဲ့ ဒေါသအဟုန်ကြောင့်
ကျွန်မရဲ့ အသံတွေ အလိုလို တုန်ရီလှိုက်ခါနေခဲ့ပါတယ် .....
ငိုထားတဲ့အရှိန်ကြောင့် မျက်နှာလေး ရဲပြီး မျက်ဝန်းတွေ အစ်နေတဲ့ ယွန်းလေးဟာ
သုတကို အကြာကြီးငေးစိုက်ကြည့်နေရင်း.....
ငိုထားတဲ့အရှိန်ကြောင့် မျက်နှာလေး ရဲပြီး မျက်ဝန်းတွေ အစ်နေတဲ့ ယွန်းလေးဟာ
သုတကို အကြာကြီးငေးစိုက်ကြည့်နေရင်း.....
ကောင်းပါပြီမောင်..... ကျွန်မကျေနပ်ပါတယ်.....
တစ်ခုပဲမောင်.....
ကျွန်မ မောင့်ကို သိပ်ချစ်တယ်.....
အဲဒီတော့ မောင်နဲ့ပက်သက်တဲ့အရာမှန်သမျှကို ကျွန်မ ကျေနပ်စွာ ခံယူပါတယ်မောင် .....
ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကျွန်မရင်ထဲမှာ မောင် ဆိုတဲ့ တစ်ဦးတည်းသော
ယောင်္ကျားတစ်ယောက်သာ ထာဝရ ရှင်သန်နေမှာပါ မောင်.....
နူတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်ရင်း သုတကို ရီဝေစွာ စိုက်ကြည့်လို့ ပြောလိုက်တဲ့ ယွန်းလေးကို
ကျွန်မ တစ်ကယ်ကို မကြည့်ရက်တော့ပါ.....
သုတရယ်......
ယွန်းလေးရဲ့ ချစ်ခြင်းမေတ္တာကို နင်မို့လို့ ရက်စက်စွာ နင်းချေပစ်ရက်တယ်ဟာ .....
ကျွန်မရင်ထဲမှာတော့ ဒီစကားလေးကိုပဲ အကြိမ်ကြိမ် ပြောနေမိပါတော့တယ်.....
ကလင်.... ကလင်.... ကလင်.... ကလင်....
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ရှည်လျားစွာ အဆက်မပြတ်မည်နေတဲ့ ဖုန်းလေးကို ကိုင်လိုက်ဖို့အတွက်
ကျွန်မမှာ အားအင်တွေမရှိတော့သလိုပါပဲ.....
ဒါ သေချာတယ်.....
ယွန်းလေးဆီက ဖုန်းဆိုတာ သိပ်ကိုသေချာလွန်းနေတယ်....
တစ်မနက်လုံး ဟန်းဖုန်းပိတ်ထားသလို မနေ့ကထဲက သူ့သံသယတွေကို ဖြည်ခွင့်မပေးတဲ့အတွက်
တောက်လျှောက်ဆက်နေတာပဲ ဖြစ်မှာပါ.....
သက်ပြင်းတစ်ချက်ချလိုက်ရင်း အသက်မဲ့နေသူလို ဖုန်းလေးကို ကိုင်လိုက်မိတယ်.....
သိစိတ်နဲ့လား မသိစိတ်နဲ့လားတော့ ကျွန်မ မသိတော့ပါဘူး....
ဟယ်လို.....
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ရှည်လျားစွာ အဆက်မပြတ်မည်နေတဲ့ ဖုန်းလေးကို ကိုင်လိုက်ဖို့အတွက်
ကျွန်မမှာ အားအင်တွေမရှိတော့သလိုပါပဲ.....
ဒါ သေချာတယ်.....
ယွန်းလေးဆီက ဖုန်းဆိုတာ သိပ်ကိုသေချာလွန်းနေတယ်....
တစ်မနက်လုံး ဟန်းဖုန်းပိတ်ထားသလို မနေ့ကထဲက သူ့သံသယတွေကို ဖြည်ခွင့်မပေးတဲ့အတွက်
တောက်လျှောက်ဆက်နေတာပဲ ဖြစ်မှာပါ.....
သက်ပြင်းတစ်ချက်ချလိုက်ရင်း အသက်မဲ့နေသူလို ဖုန်းလေးကို ကိုင်လိုက်မိတယ်.....
သိစိတ်နဲ့လား မသိစိတ်နဲ့လားတော့ ကျွန်မ မသိတော့ပါဘူး....
ဟယ်လို.....
ကြယ်လေး..... ကြယ်လေးလားဟင်....
ကြယ်လေး..... ငါ့ကို တစ်ခုခုပြန်ပြောပါဟာ....
မနေ့ကညက ဖုန်းထဲမှာ ကြားလိုက်ရတဲ့ အသံတွေဟာ မောင့် အသံ မဟုတ်လားဟင်.....
ငါ့ကို သေချာရှင်းပြပါ ကြယ်လေးရယ်.....
ဖုန်းမချလိုက်ပါနဲ့နော်....
ငါ တောင်းပန်ပါတယ် ကြယ်လေးရဲ့.....
ငါလေ..... ငါ.....ငါ
မောင်နဲ့ပက်သက်လာရင် တစ်နှစ်ကျော်လာခဲ့ပြီးပြီ ဆိုပေမယ့် ငါ့နှလုံးသား ငါ့စိတ် ငါ့ရှင်သန်ခြင်းတွေထဲမှာ
မောင်နဲ့ ပက်သက်သမျှ ဘာမှကို မပြောင်းလဲခဲ့ပါဘူး ကြယ်လေးရယ်.....
ငါ့ကို တစ်ခုခုပြန်ပြောပါ..... ငါ့ကို တစ်ခုခု ပြန်ပြောပါ ကြယ်လေးရယ်.....
ငါအခုချိန်ထိ မအိပ်ရသေးပါဘူး ကြယ်လေးရယ်.....
ငါလေ.... ငါ.....
အဆက်မပြတ်ပြောနေရင်းက ရုတ်တရက် ရှိုက်ငိုနေတဲ့ ယွန်းလေး အသံကို
ကျွန်မ မကြားရက်တော့တာ အမှန်ပါပဲ.....
ကံကြမ္မာရယ်.....
ယွန်းလေးတို့ရဲ့ ချစ်ခြင်းတွေမှာ ဘယ်လို ဝဋ်ကြွေးတွေကများ အငြိုးတကြီးနဲ့ သောကလှိုင်းတွေဆင့်နေရတာတဲ့လဲကွယ်.....
ကျွန်မရင်ထဲ ဆို့နင့်နေတယ် ယွန်းလေးရယ်.....
ကျွန်မ ဘယ်လိုပြောရမလဲ.....
ကျွန်မ ဘယ်လိုစိတ်နဲ့ ပြောထွက်ရက်မလဲ.....
ကံကြမ္မာရယ်.....
ယွန်းလေးတို့ရဲ့ ချစ်ခြင်းတွေမှာ ဘယ်လို ဝဋ်ကြွေးတွေကများ အငြိုးတကြီးနဲ့ သောကလှိုင်းတွေဆင့်နေရတာတဲ့လဲကွယ်.....
ကျွန်မရင်ထဲ ဆို့နင့်နေတယ် ယွန်းလေးရယ်.....
ကျွန်မ ဘယ်လိုပြောရမလဲ.....
ကျွန်မ ဘယ်လိုစိတ်နဲ့ ပြောထွက်ရက်မလဲ.....
ယွန်းလေးကို မပြောရင်လည်း သူ့ရင်ထဲက တစ်ယောက်ထဲသော သုတ အတွက်ဆိုရင်
ကမ္ဘာမြေကိုတောင် အချိန်မရွေး ချုံ့ပြနိုင်တာမို့ ကျွန်မရင်ထဲမှာ စကားလုံးတွေကို စီနေမိပါတော့တယ်.....
ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်တုန်းက သုတကို အော်ပရေးရှင်းဝင်တော့ ဒေါက်တာအောင်ဇော်ရဲ့ ဆေးစစ်ချက်အရ
ဆီးကျိတ်ကင်ဆာ ဖြစ်နေတာကို သိလိုက်ရတဲ့ သုတဟာ.....
မကြာခင်လောကထဲကနေ ထွက်ခွာသွားရတော့မှာမို့ သူချစ်မြတ်နိုးရတဲ့ ယွန်းလေးကို စွန့်ခွာခဲ့တာပါပဲ.....
ယွန်းလေး စင်ကာပူကို ပြန်သွားပြီးတဲ့နောက် ကံငါးပါးလုံခြုံတဲ့ သုတဟာ နေ့နေ့ညည မူးရူးရင်း
အရက်ရဲ့ကျေးကျွန် ဖြစ်လာခဲ့ပြီး ငှက်ဖျားပိုးဦးနှောက်ထဲ ဝင်ရာကတစ်ဆင့်
သွက်သွက်ခါအောင် ရူးသွားခဲ့တာပါပဲ.....
ယွန်းလေးရဲ့ နာမည်တစ်ခုကလွဲရင် ဘာကိုမှ မမှတ်မိတော့တဲ့ သုတကို ကိုကိုနဲ့ တိုင်ပင်ပြီး ကျွန်မတို့ လင်မယားနှစ်ယောက်က
အိမ်ခေါ်ထားရင်း ကြည့်ရှူစောင့်ရှောက်ထားခဲ့တာပါ.....
အခုတော့ ယွန်းလေး ဖုန်းဆက်လာတုန်း သူ့ရဲ့ အခန်းလေးထဲကနေ ဝူးဝူးဝါးဝါးတွေ အော်ဟစ်နေတဲ့
သုတရဲ့ အသံကို ယွန်းလေး မှတ်မိသွားပြီး ကျွန်မကို မေးခွန်းတွေ အထပ်ထပ်မေးလာခဲ့ပါပြီ.....
ကျွန်မ ဘယ်ကနေ စပြောရမလဲ ယွန်းလေးရယ်.....
အခန်းတံခါး ဖွင့်ထွက်လာတဲ့ ဒေါက်တာအောင်ဇော်ကြောင့်
ကျွန်မ အတွေးတွေထဲကနေ နိုးထလာခဲ့ပါတယ်.....
ဆရာ.... ဆရာ.....
ယွန်းလေး ဘယ်လိုနေသေးလဲဟင်.....
ယွန်းလေး သက်သာရဲ့လား ဆရာ.....
ယွန်းလေးကိုကယ်ပါနော်....
ကြယ်လေး စိတ်အေးအေးထားပါနော်.....
ကိုကိုအေးဆေးမေးပါ့မယ်....
ခုံမှာ ခဏထိုင်လိုက်နော် ကြယ်လေး.....
ကိုကိုက ကျွန်မကို တွဲပြီး ခုံတန်းလေးဆီ တွဲပို့ပေးခဲ့ပေမယ့် ကျွန်မရင်ထဲ သောကတွေကြောင့် အလိုလို မောပန်းနေတာတော့ အသေအချာပါပဲ.....
ဘုရား ဘုရား..... ယွန်းလေး ဘာမှ မဖြစ်ပါစေနဲ့.....
သောကကြောင့် အောက်နူတ်ခမ်းလေးကိုကိုက်ထားရင်း ဒေါက်တာအောင်ဇော်ကို
မျှော်လင့်ချက်မျက်ဝန်းတွေနဲ့
စူးစူးစိုက်စိုက် ကြည့်နေမိတာကြောင့် ဒေါက်တာက ကိုကို့ကို လက်ဆွဲခေါ်ပြီး
စူးစူးစိုက်စိုက် ကြည့်နေမိတာကြောင့် ဒေါက်တာက ကိုကို့ကို လက်ဆွဲခေါ်ပြီး
သူ့နားနေခန်းလေးထဲ ဝင်သွားခဲ့ပါတယ်.....
ပွင့်ပွင့်လင်းလင်းပြောပါ အောင်ဇော်ရာ.....
ကြယ်လေးရှေ့မှာမို့ ငါဟန်ဆောင်ထားပေမယ့်
ကြယ်လေးရှေ့မှာမို့ ငါဟန်ဆောင်ထားပေမယ့်
ငါလည်း ယွန်းလေးအခြေအနေကို အရမ်းသိချင်ပါတယ်ကွာ.....
မြန်မြန်ပြောပြပါနော်.....
မြန်မြန်ပြောပြပါနော်.....
ငါ မရှင်းဘူး ဖြစ်နေတယ် မိုးဝေး.....
ဘာကိုလဲ အောင်ဇော်.....
မင်းကသာ ငါ့ကို ရှင်းပြရမှာလေကွာ.....
ဘယ့်နှယ် မင်းက မရှင်းဘူး ဖြစ်နေရတာတဲ့လဲ.....
ဒီလိုလေကွာ.....
မင်းအမျိုးသမီးရဲ့ သူငယ်ချင်း ယွန်းဝတီက ငါတို့မြို့လေးကို ရောက်တာ မကြာသေးဘူး မဟုတ်လား.....
အခု ဘယ်လိုလုပ်ပြီးတော့.....
အခုဘာဖြစ်လို့လည်း အောင်ဇော်.....
ဆက်ပြောလေ.....
ငါ စိတ်မကောင်းပါဘူး မိုးဝေး .....
ယွန်းလေးက တစ်နေ့လုံးလိုလို မိုးရေထဲမှာ သတိလစ်နေတာဆိုတော့
အခု သူ့မှာ ရှိနေတဲ့ ကိုယ်ဝန် ပျက်ကျသွားခဲ့တယ်ကွာ.....
ဟာ..... ဖြစ်မှ ဖြစ်ရလေကွာ.....
ဒါနဲ့ နေပါဦး မိုးဝေး.....
သူက ဘယ်သူနဲ့ အိမ်ထောင်ကျသွားလို့ သူ့မှာ ကိုယ်ဝန်ရှိနေရတဲ့လဲ .....
ဟူးးးးးးးးး...... ရင်မောတယ် အောင်ဇော်ရယ်.....
ငါဘယ်လိုပြောပြရမလဲကွာ.....
လွန်ခဲ့တဲ့ နှစ်လလောက်က ဆုံးသွားတဲ့ သုတကို အနီးကပ် ပြုစုဖို့အတွက် ယွန်းလေးက သူ့ကို လက်ထပ်ခဲ့တယ် အောင်ဇော်.....
မင်းသိတဲ့အတိုင်းပဲ.... သုတက စိတ်ဝေဒနာရှင်ဆိုတော့ ယွန်းလေးဆန္ဒအတိုင်းပဲ ဆရာတော် ငါးပါးပင့်ပြီးတော့
အကျဉ်းရုံးလေး လက်ထပ်ဖြစ်ခဲ့ကြတာပါ .....
စိတ်ဝေဒနာခံစားနေရတဲ့ သုတဟာ သူလက်ထပ်လိုက်ရတဲ့ ယွန်းလေးကို သေသွားတဲ့ အချိန်ထိ
ယွန်းလေးမှန်း သိမသွားခဲ့ရှာပါဘူးကွာ.....
ဟာကွာ.... ငါစိတ်မကောင်းလိုက်တာ မိုးဝေးရာ....
ဟူး...... ရင်ထဲနင့်နေအောင်ကို ခံစားရပါတယ်ကွာ.....
ဟုတ်တယ်အောင်ဇော်.....
သူသိပ်ချစ် သိပ်မြတ်နိုးခဲ့ရတဲ့ ယွန်းလေးကို နှစ်လတာ လက်ထပ်ပြီး အတူနေခဲ့ရပေမယ့်
ယွန်းလေးမှန်း သိမသွားခဲ့ရှာပါဘူး.....
အခုတော့ ယွန်းလေးမှာ တင်ကျန်ခဲ့တဲ့ သုတရဲ့ ကိုယ်ပွားလေးပါ ပျက်စီးသွားပြီဆိုတာကိုသာ
ယွန်းလေး သိသွားခဲ့ရင် ဘယ်လောက် ကြေကွဲလိုက်မလဲ အောင်ဇော်ရယ်.....
ငါတို့တွေ ဘယ်လိုစိတ်နဲ့ ပြောထွက်ရက်မလဲဟင်.....
ပင်လယ်ကြီး ကိုယ် ဖြတ်သန်း အကြင်နာ အင်အားတွေ......
တောင်စွယ်များ ဝိုင်းကာ ကာရန်ထား.....
အတွေးထဲ ဝင်ရောက်ခဲ့မယ်....
မမောဘူး အချစ်လေးရယ်.....
တစ်ယောက်ထဲ မနေချင်ဘူး.....
ကိုယ်တို့ဝေးနေ......
မိုင်ပေါင်းကုဋေ.....
ခိခိခိ.....
အံမယ်...... ဒီသီချင်းက သိပ်မစွံသေးဘူးဟ.....
မောင် ဆိုတဲ့ စကားလုံးလေး မပါသေးဘူး.... ဟိဟိ
နင်တို့သေချာ နားထောင်ကြနော်.....
မောင် ဆိုတဲ့ စကားလုံးလေးလည်းပါရမယ်.....
ကမ္ဘာတစ်ဖက်ကို စွန့်ခွာသွားသူလည်း ဖြစ်ရမယ်လေဟာ.....
အဲဒီတော့.....
နောက်တစ်ပုဒ် ထပ်ဆိုပြမယ်နော်.....
လက်ခုပ်တီးကြနော်..... ဟိဟိ
ဝေး....... ဖြောင်း ဖြောင်း ဖြောင်း
ဒေါ်လေးကလည်း အစောကြီးထဲက အရင် ဆိုနေကျလေးပဲ ဆိုလိုက်ရင် ပြီးရော.....
နော့်လေ ကိုကို....
အယ်..... ညီမလေးကလည်း.....
ဒေါ်လေးဆိုချင်တာ ဆိုပါစေနော်.....
အေး..... သားတို့ သမီးတို့က ဒေါ်လေးရဲ့ အမာခံ ပရိတ်သတ်တွေနော် ဟိဟိ.....
ဆိုနေကျလေးနဲ့ပဲ ဆိုပြမယ်နော်.....
အမှောင်ညကို စွန့်သွားတဲ့ ..... မောင့် လပြည့်ဝန်း .....
ကွယ်လွန်ခြင်း ..... ကမ္ဘာတစ်ဘက်မှာ ကျန်ရစ်သူ .....
တစ်ဖက်စွန်းမှ အခက်ပွေလည်း အမှောင်ဆုံးညတွေ .....
ဘယ်မှာ ဆုံးမလဲ ..... မတွေးတတ်တော့ဘူး....
သြော်..... မတွေးတတ်တော့ဘူး.....
ဟီး...... အဟင့်..... အဟင့်......
ဟယ် ..... ယွန်းလေး ငိုနေပြန်ပြီလား .....
သြော် ..... သားတို့ သမီးတို့ ..... ဒေါ်လေးကို သီချင်းဆိုခိုင်းနေပြန်ပြီထင်တယ် ......
ဒေါ်လေးက နေမကောင်းဘူး ..... သီချင်းမဆိုခိုင်းရဘူးလို့ မေမေပြောထားတယ် မဟုတ်လား .....
ဟုတ်ပါဘူး မေမေရဲ့ ..... ဒေါ်လေးက သူ့ဟာသူ ဆိုပြတာပါ.....
ပြီးတော့ ဆိုပြပြီးတိုင်းလည်း အမြဲ ငိုနေတာလေ မေမေရဲ့ .....
အကြီးကောင် သားနေသူရိန်ရဲ့ ဆင်ခြေပေး စကားလေးကြောင့် စိတ်မကောင်းတဲ့ကြားထဲကပဲ
ကျွန်မ ပြုံးလိုက်မိပါတယ်.....
အေး..... အေး..... ခဏနေရင် ဒေါ်လေးကို စေတီလေးဆီ လိုက်ပို့ပေးလိုက်ကြနော်.....
ပြန်လာရင် မေမေက သားတို့ သမီးတို့နဲ့ ဒေါ်လေးအတွက် ရခိုင်မုန့်တီချက်ထားတာလေး ကျွေးမယ်နော်....
ဟုတ်ပြီလား.....
ဝေး....... ပျော်တယ်ဝေး......
ဒေါ်လေးရေ..... ဘုရားသွားကြမယ်နော်.... ပြီးရင် မြန်မြန်ပြန်ရမယ်နော်.....
ပြန်လာရင် မေမေက မုန့်တီကျွေးမှာတဲ့..... ဒေါ်လေးရဲ့.....
အေးပါဟ..... မုန့်တီကျွေးရင် မြန်မြန်ပြန်မယ်လေ....
ပြီးရင် ငါ့သားလေးကိုလည်း ကျွေးရမယ်နော်..... ဟိဟိ
လက်တစ်ဖက်က အမွှေးလေးတွေ ဖွာလန်ကြဲပြီး ညစ်ထေးနေတဲ့ မွှေးပွရုပ်လေးကို ပွေ့ရင်း
ကျွန်မရဲ့ သားသမီးနှစ်ယောက်နဲ့အတူ
အပြင်ကို ပေါ့ပါးစွာ ပြေးထွက်သွားတဲ့ ယွန်းလေးရဲ့ ကျောပြင်ကို ကြည့်ရင်း
အပြင်ကို ပေါ့ပါးစွာ ပြေးထွက်သွားတဲ့ ယွန်းလေးရဲ့ ကျောပြင်ကို ကြည့်ရင်း
ကျွန်မရင်ထဲ အကြိမ်ကြိမ် သက်ပြင်းချမိပါရဲ့ .....
ချစ်ခြင်းရဲ့ ဝဋ်ကြွေးတွေ မြန်မြန်ကုန်ဆုံးလိုက်ပါတော့ ယွန်းလေးရယ်.....
အသက်ရှင်ရက်နဲ့ စိတ်သေဆုံးနေရတဲ့ ဘဝလေးထဲမှာ
ကွယ်လွန်ခြင်းရဲ့ ကမ္ဘာတစ်ဖက်က ယွန်းလေးရဲ့ အဖြစ်တွေကို
မြင်ကူလှည့်ပါတော့ ညီသုတရယ်.....
No comments:
Post a Comment