Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 22 March 2012

ဒီလိုအဖြစ်မျိုး....... မကြုံစေချင် ...

သူငယ်ချင်းအားလုံး မင်္ဂလာပါနော်
မီးသခင် ခုမှစာလေးပေလေးရေးကြည့်တာပါ တခါမှတော့ မရေးဖြစ်ခဲ့ပါဘူး ခုမှရေးဖြစ်လို
အမှားများပါမယ်ဆိုရင် .. ခွင့်လွှတ်နားလည်ပေးပါနော် ..........ခုရေးမှာကလဲ . မီးသခင်
အလွန်မှချစ်ခင်ရတဲ့ မမ တယောက် အကြောင်းပါ .သူက သူ့ရဲ့အဖြစ်အပျက်တွေကို
ပြောပြပြီး သူ့လို အဖြစ်အပျက်မျိုးနဲ့ မကြုံတွေ့စေလိုတဲ့စေတနာနဲ့ ရေးခိုင်းတာပါ ......
မီးသခင်ကတော့ . သူပြောပြတာကိုဝထ္တုတို တပုဒ်လိုပုံစံလေးနဲ့ေ၇းပြမှာပါ ဖြစ်ပုံက
ဒီလိုပါ ...
နာမည်က မမ မူယာ တဲ့ . . မမမူယာက ကုမ္ပဏီတခုမှာ အရေးပါတဲ့ဝန်ထမ်းတယောက်ပါ

. ရာထူးကြီးကြီးထဲကပေါ့..သူ့မှာက ယောင်္ကျားရှိတယ်။သူ့ အမျိုးသားကလဲတခြားမြို့တမြို့
ကကုမ္ပဏီတခု မှာ တာဝန်ခံတယောက်ဘဲ..သူတို့တွေကမင်္ဂလာဆောင်ပြီး1ပတ်လောက်ဘဲ
လင်မယားတူတူနေဖူးတယ် .... အဲဒီအချိန်ကနေတယောက်တနယ်စီခွဲပြီးနေနေကြရတာပါ
မမမူယာက အလွန်ချစ်ပါတယ် .သူ့ ယောင်္ကျားကို......သူ့ယောင်္ကျားကလဲအများအမြင်
မှာတော့သူ့ မိန်းမအပေါ်မှာအရမ်းချစ် တဲ့သူတယောက်ပေါ့ ......ဒါပေမဲ့နောက်ကွယ်မှာ
တော့ဘယ်သူမှမသိအောင်တော့ ခြေရှုပ်နေတယ်လေ...ဒီလိုနဲ့. တနေ့မှာ မမမူယာဆီကို
အမည်မသိတဲ့လူတယာက်က ဖုန်းဆက်လာပါလေရော.
'' ဟယ်လို .. မမူယာလားခင်ဗျား . အသိပေးစရာ၇ှိလို့ပါ ''
'' ဟုတ် . ကျမ မူယာပါ . ဘာများ ပြောစရာရှိလို့ပါလဲရှင် .''
'' ဟုတ်ကဲ့ .. အမယောင်္ကျား အကြောင်းပါ .. အမ ယောင်္ကျားကလေ တခြားမိန်းကလေးတယောက်နဲ့ . ပတ်သက်နေပါတယ် . ကျွန်တော်တို့က အမ အတွက် ကိုယ်ချင်းစာနာလို့ အသိပေးတာပါ ခင်ဗျာ ..''
'' ရှင် .''
'' ဟုတ်တယ် အမ တော်တော်လေးကို အခြေအနေမကောင်းလို့ပါ . အမစုံစမ်းကြည့်ပါ နော် . ဒါပါဘဲ .''
'' ဟယ်လို ..ဟယ်လို... '' အော် ဖုန်းက ချသွားပြီ. ဘယ် သူတွေလဲမသိဘူးနော် .
ငါ့ကိုဖုန်းဆက်ပြောတဲ့သူက .....
ဒီလိုနဲ့မမမူယာတယောက် သူ့ယောင်္ကျားဆီကိုဒုန်းဆိုင်းပြေးတော့တာပါဘဲ.ဟိုလဲရောက်
ေ၇ာ ..သူ့ယောင်္ကျားကလဲအံ့သြ နေတာပေါ့အကြောင်းမကြားဘာမကြားနဲ့ရောက်လာတဲ့
မိန်းမကိုကြည့်ပြီး.
'' မိန်းမ ဘာဖြစ်လို့လဲကွာ. ရေးကြီးသုပ်ပြာနဲ့ . ပြောပါဦး မောင့်ကို ''
''ဘာမှမဟုတ်ပါဘူးမောင်၇ယ် . သတိရလို့ လာခဲ့လိုက်တာပါ . ရုံးက ခွင့်လဲရလို့ လေ . ''
''ဟုတ်လားဘယ်တော့ပြန်မှာလဲ မိန်းမက ''
'' ဘယ်လိုပြောလိုက်တယ်မောင်.ရောက်တောင်မရောက်သေးဘူး မောင်က ပြန်မဲ့အကြောင်း
ကိုမေးနေတယ် .. ''
'' ဟာ. မဟုတ်ပါဘူး မိန်းမရယ် .. အထင် မလွဲပါနဲ့ .. မောင်က ဘာသဘောမှ
မဟုတ်ပါဘူး ကွာ..''
ယောင်္ကျားလုပ်သူက . သူ့အကြောင်းသူသိတော့ မျက်စိမျက်နှာ ပျက်နေတာပေါ့ ..
ဒါမေမဲ့မိန်းမလုပ်သူကတော့မသိချင်ယောင်ဆောင်ပြိး ဒေါသတွေကိုမြိုသိပ်ထားနေရတယ်
...ဒီလိုနဲ့ရောက်တဲ့နေ့ကစပြီး သူ့ယောင်္ကျားကိုလေ့လာအကဲခတ်နေတာပြန်တဲ့အထိပါ။
သို့ပေမဲ့ မမမူယာက ပြန်သာသွားတယ် သူ့ယောင်္ကျားရဲ့ ဖေါက်ပြန်မှုကို ကွဲကွဲပြားပြား
မသိသွားရဘူး လေ ... အဲဒီလိုနဲ့ဘဲ..ရက်ကနေလ .. လကနေနှစ်ပြောင်းလာလို့
အိမ်ထောင်သက် 1 နှစ် ကျော်လောက်ရောက်လာပါပြီ... တနေ့မှာတော့ .
မမမူယာကဘဲကံကောင်းတာလား . သူ့ယောင်္ကျားကဘဲကံဆိုးတာလားတော့ မသိဘူး
..မမမူယာယောင်္ကျားတယောက်ကုမ္ပဏီကနေထွက်ပြီး သူ့မိန်းမနေတဲ့မြို့မှာဘဲ
သူ့မိတ်ဆွေတယောက်ဆီမှာ အလုပ်ဝင်လုပ်နေရပါတယ် . အဲဒီမှာမှ ဇာတ်လမ်းက
စတော့တာဘဲ
'' မိန်းမရေ .မောင် မနက်ဖြန် နယ် သွားရမယ် ကွာ.အဲဒါ မောင် 1 ပတ်လောက်ကြာမယ် ''
မမမူယာကလဲ အဟုတ်မှတ်နေတာပေါ့. ဒီလိုနဲ့ သွားလိုက်တဲ့နယ်တွေ .. အိမ်မှာနေနေ
ရတယ်ကိုမရှိဘူး.မမမူယာလဲသူ့ယောင်္ကျားကိုမသင်္ကာတော့ဘူး သူယောက်ျားဖုန်းဝယ်ပေး
ပါဆိုလို့ မမမူယာ ခမျာ ရှိစုမဲ့စုလေးနဲ့ ယောင်္ကျားလုပ်သူကိုဝယ်ပေးလိုက်ပါတယ် .
ခုတော့ အဲဒီဖုန်းကိုဆက်သွယ်တော့လဲ မရ .ရပြန်တော့လဲဒီဖုန်းက သူ့ယောက်ျားဖုန်း
မဟုတ်တော့ဘဲပိုင်ရှင်ကအသစ်.ဘယ်ကိုလိုက်ရမှန်းလဲမသိတော့..သူ့ယောင်္ကျားအလုပ်လုပ်
တဲ့နေရာကိုလိုက်သွားပြီးစုံစမ်းတော့မှ အဖြေကပေါ်ပါလေေ၇ာ......

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့