Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 24 March 2012

အညာရနံ သင်းပျံပျံ

မှိုင်းရီလို့မှောင်
 
တောတောင်ညာတသိမ်က
 
သာဂိမှေ နွေရတုငယ်မို့
 
ကြွေလုဟန်စော
 
(မြင်ကွန်းမင်းသားကြီး)
 
 
 
.
ကျွန်တော်တို့ အိမ်ရှေ့ကမန်ကျည်းပင်ကြီးလည်းအကျီင်္အဟောင်းကိုလဲပြီ။ရွက်နုထိုးစပြုနေသော
 
အရွက်စိမ်းနုလေးများလည်း ခြုံနေကြပြီ။
.
"ဟေ့မိသန်းရေ.. ငါဖို့ရော မန်ကျည်းရွက်နု တလက်စာလောက် ပိုပြီး ခူးလိုက်စမ်းပါအေ..
 
"အင်းပါတော်..ခူးလိုက်ပါ့မယ်.. ဆွမ်းခံကိုယ်တော်တွေ ကြွလာတော့မှာမို့ မြန်မြန်ခူးနေတာတော့..
 
"အေးပါအေ.. လိမ့်ကျနေပါအုံးမယ်
 
"ရပါတယ်တော်.. ဒီအပင်က ကျုပ်တက်ခူးနေကြပါတော်..
 
"အေးအေး.. အဲဒါဆိုလဲ ပြီရော..
 
 
အန်တီသန်းတို့ မန်ကျည်းရွက်ခူးနေစဉ်
ကိုမျိုးရဲ့ ညီမ၀မ်းကွဲလဲ မန်ကျည်းပင်ပေါ်မှာ (ဒီနေ့တော့ မန်ကျည်းရွက်သုတ် နဲ့ မန်ကျည်းရွက်ချဉ်ရည်)
 

ဒီစကားသံတွေကြားတော့မှအိပ်ယာကလန့်နိုးပြီးသံဃာတော်တွေတောင်ဆွမ်းခံကြွချိန်ရောက်
 
နေပြီဆိုတာသတိထားမိတော့တယ်။သံဃာတော်များအားဆွမ်းလောင်းမည်ဟု နေ့ညကတည်းက
 
ပြောထားတာသတိရမိ။ အိမ်ယာကမြန်မြန်ထပြီး ပြင်ထားတဲ့ ဆွမ်းဟင်းတွေကိုထိုင်ကိုယ်တော်
 
လေးများအားလောင်းလှူ။
 

ထိုင်ကိုယ်တော်လေးများ ကြွလာစဉ်

ထိုင်ကိုယ်တော်လေးများ ကြွလာစဉ်


သံဃာတော်များ ဆွမ်းခံကြွမလာမီ သန့်ရှင်းထားကြစဉ်
ကြည်ညိုဖွယ်ရာ ဆွမ်းလောင်းလှူနေကြစဉ်
နေ့စဉ် နေ့တိုင်း ဒီအတိုင်း ဆွမ်းလောင်းလှူကြတယ်

သံဃာတော်များအား ဆွမ်းလောင်းလှူနေကြစဉ်

အမေက မှာလိုက်တယ်။ ငါ့သား စင်ကာပူပြန်ရောက်ရင်လဲ နေ့တိုင်း၊ မနက်တိုင်း ဆွမ်းလောင်းနော်တဲ့။
 
အိမ်ယာထ မပျင်းနဲ့တဲ့။ အမေရယ်.. ကျွန်တော်ရောက်နေတဲ့ စင်ကာပူက အခုလို ဆွမ်းလောင်းဖို့ သံဃာတော်တွေ
 
အိမ်ပေါက်ဝထိ ကြွမလာဘူးဗျ။ဖြစ်ရလေ ငါ့သားရယ်။ လူဖြစ်ရှုံးလိုက်လေတဲ့။ သံဃာတော်တွေကို မနက်တိုင်း
 
ဆွမ်းမလောင်းရတာလောက် ဘ၀မှာ လူဖြစ်ရှုံးရတာ မရှိဘူးတဲ့။ ဘယ်လိုအရပ်ဒေသကိုများ ငါ့သားရောက်နေတာလဲတော်။
 
 အဲဒီအရပ်ဒေသ ဘယ်လောက် ပိုက်ဆံရရ သွားမနေပါနဲ့တော့ ငါ့သားရယ်တဲ့။ အမေ့အိမ်မှာ နေလဲ ထမင်းမငတ်ပါဘူးတော်
 
 တဲ့။အမေရယ်..ကျနော်လဲ ဒီအရပ် ဒီဒေသကို ပျော်လို့ နေတာမှ မဟုတ်တာ။ မနက်အိပ်ယာထတိုင်း အလုပ်.. အလုပ် လို့ပဲ
 
ဲ နှလုံးသွင်းပြီး တနေကုန် အလုပ် လုပ်နေရတဲ့ဘ၀မို့တရက်ကလေးမှ မပျော်မိတာ အမှန်ပါ အမေရယ်။ ဒါပေမယ့် အမေရယ်..
 
 မနက်အိပ်ယာထတိုင်း ဘုရားဝတ်ပြုတယ်။ သောက်တော်ရေ ကပ်တယ်။ ဘုရားပန်းအိုး ရေလဲတယ်။ သတ္တ၀ါတွေအားလုံး
 
ကျန်းမာချမ်းသာကြပါစေလို့ နေ့စဉ်မေတ္တာပို့သနေပါတယ် အမေရယ်။
 
အမေ ကျေနပ်ပေးပါနော်။
 
 
 
ခင်မင်လေးစားစွာဖြင့်
 
 

   အညာရနံလေးတွေခံစားရင် ရပ်ဝေးရောက် ရွှေမြန်မာတို အလွမ်းပြေကာ ကြည်နူးနိုင်ကြပါစေ 

ပျော်ရာမှာမနေ  တော်ရာမှာနေရ၊ မွေးရပ်ဌာနေ မလွမ်းဘယ်သူရှိပါမယ်...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့