ပန်းပိတောက်တို့ ရွှေရည်လူး
နှစ်ကူးအတာ သင်္ကြန်ခါမှာ
နွေရဲ့ တန်ခူး တမူထူးတဲ့
သင်္ကြန်ရေတို့ ဖျန်းပက်စိုတော့
ရင်ဝယ်အေးမြ ကြည်နူးခဲ့ရ
အတာတန်ခူး မမေ့နိုင်ဘူး
ပင်ယံထက်က ပိတောက်ဝါတို့
ဖူးပွင့်ဝေဆာ မြိုင်မြိုင်လှလို့
ရွှေရောင်ငုဝါ ပန်းတို့မှာလည်း
တန်ခူးရာသီ ခါမှီပွင့်ဖို့
နွေရဲ့ သခင် တန်ခူးရင်ခွင်
ယှဉ်ကာဖော်ကျူး အလှထူးတဲ့
ပိတောက်ငုဝါ ပွင့်ချိန်ခါကို
ရင်ခုန်စွာနဲ့ ကမ်းလင့်လို့ကြိုနေပါတယ်
ချစ်သော သင်္ကြန်ရေ...........
နှစ်ကူးအတာ သင်္ကြန်ခါမှာ
နွေရဲ့ တန်ခူး တမူထူးတဲ့
သင်္ကြန်ရေတို့ ဖျန်းပက်စိုတော့
ရင်ဝယ်အေးမြ ကြည်နူးခဲ့ရ
အတာတန်ခူး မမေ့နိုင်ဘူး
ပင်ယံထက်က ပိတောက်ဝါတို့
ဖူးပွင့်ဝေဆာ မြိုင်မြိုင်လှလို့
ရွှေရောင်ငုဝါ ပန်းတို့မှာလည်း
တန်ခူးရာသီ ခါမှီပွင့်ဖို့
နွေရဲ့ သခင် တန်ခူးရင်ခွင်
ယှဉ်ကာဖော်ကျူး အလှထူးတဲ့
ပိတောက်ငုဝါ ပွင့်ချိန်ခါကို
ရင်ခုန်စွာနဲ့ ကမ်းလင့်လို့ကြိုနေပါတယ်
ချစ်သော သင်္ကြန်ရေ...........
No comments:
Post a Comment