Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 20 March 2012

လူ (သို့မဟုတ်) အပူတွင်ပျော်သူများ

၁။ အချစ်ရေ………..
သောကအပူတွေကို
မျှဝေယူမယ့်သူ
ဘယ်သူမှလည်း………..မရှိပါဘူး
(ရှာလည်းမရှိ ရှိလည်း မရှာလိုတော့ပါ…..)
၂။ ရင်ထဲမှာ မှန်တာပြောရရင်
မဦးမဖျား……….ဆိုပေမယ့်
ထူးထူးခြားခြား
ရူးသွားမတတ်ဖြစ်
သံယောဇဉ်……….ရစ်ပတ်မိတာလည်း အမှန်ပါပဲ………….
၃။ သံသရာ ခြားရဟတ်
တစ်ပတ်ကျော့လို့မဆုံးခင်
ရင်ထဲမှာ ခင်တွယ်မိ
အပူနဲ့ ငြိမိတာ
ဘာသာဝေခွဲလို့မရ
အစလည်း ရှာမရခဲ့
ကြေကွဲခြင်း ဘ၀ရဲ့
ရှတတ………..အရသာ
ခံစားရတာ………တစ်ကယ်ခက်
မကွယ် မ၀ှက်ပဲ ပြောပါရစေ……..
၎။ အရှေ့က…………..နေထွက်
အနောက်ဘက်မှာ……….နေ၀င်
သံသရာက…..ဆင်….တဲ့
ဇာတ်ကွက်ရဲ့ သဘောမှာ
ပြောမရတဲ့ သောကလည်း
ကျောချမှ….. ဓားပြမှန်း.သဘောပေါက်
တစ်ယောက်ပြီး တစ်ယောက်
လမ်းလျှောက်လို့ ငိုငြီး
အပူမီးလောင်ကျွမ်း
ကယောင်ကတမ်းနဲ့
အမှောင်လမ်းမှာ
စိန်ပြေးတမ်း……ကစားနေကြတဲ့သူ
လူ……..လူ…….လူ……လူ သည်လူတွေလေ………..
၅။ နောက်ထပ်တစ်ခါ
အနောက်ဘက်မှာ…..နေ၀င်
အရှေ့တစ်ခွင်က…….နေထွက်
တွက်ချက်ရခက်တဲ့
ကြေကွဲမှုနဲ့ ၀မ်းနည်းမှု
ဆုံးရှုံးမှုနဲ့ စွန့်လွှတ်ပေးဆပ်မှု
ဒီအရာ…….အစုစုကို
မူပိုင်ခွင့်ပြုဖို့
အလုအယက်…….တောင်းဆိုနေကြတဲ့သူ
လူ…………လူ……….လူ………..လူ
သည်လူတွေလေ………….
၆။ အို……….. တောင်အရပ်တစ်ခိုနဲ့
မြောက်အရပ် နေညိုညိုမှာလည်း
သည်လိုပါပဲလား
လှုပ်ရှားနေသူ သည်လူတွေလေ…….
၇။ ကမ္ဘာကြီးရဲ့
ဝင်ရိုးစွန်းနှစ်ဖက်မှာလည်း
အချစ်အတွက်နဲ့ အသည်းကွဲ
ခံစားရဲတဲ့သူတွေ ရှိခဲ့ဘူးသတဲ့….။
၈။ သြော်……….. လူ……လူ…….လူ……လူ
သည်လူတွေအတွက်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့