Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 19 March 2012

သုံးရာသီ အလွမ်း

မိုးထဲလေထဲ ငါပျံဝဲ
ငါနာကျင်စွာ ပျံဝဲ
ကြင်နာတာကို
မေ့ရတ်သူ
တစ်ချိန်က ချစ်သူ
ငါ့ချစ်သူ
ဆီးနှင်းဝေဆဲ ကြေကွဲ
ငါနာကျင်စွာ ကြေကွဲ
ငါ့နှလုံးသားကို
ဖဲ့ခြွေယူ
အသည်းခွဲသူ
ရတ်စက်သူ
နွေလယ်ညထဲ တစ်ယောက်ပဲ
ငါအထီးကျန်စွာ တစ်ယောက်ထဲ
အသက်ထပ်တူ
ချစ်ခဲ့သူ
ထာဝရ ချစ်သူ
မေ့မရသူ
သုံးရာသီထဲ တမ်းတဆဲ
လွမ်းဆွတ်သတိရ တမ်းတဆဲ
ငါကြင်နာတာ
အပြစ်မှတ်ယူ
မလွမ်းသင့်သူ
မေ့မရသူ ....
မကောင်းတာကို သည်းခံ ဖတ်ပေးလို့ ကျေးဇူးပါဗျာ ( ခံစားချက်တွေ ပွင့်ထွက်လာလို့ )

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့