Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

ဆွတ်ပျံ့ စရာလေး

ဆွတ်ပျံ့ စရာလေး

ဇတ်လမ်းလေးတစ်ပုဒ်ပါ သူငယ်ချင်းတစ်ယောက်နဲ့  သူ့ ရဲ့ ရွာကို ရောက်သွားတဲ့ အချိန်လေးမှာ မြင်လိုက်ရ တဲ့ မြင်ကွင်း
နဲ့  ကြုံရတာလေးကို ပြောခြင်တာပါ။


ပြီးခဲ့တဲ့ နှင်းတွေဝေတဲ့ ဆောင်းရက်တစ်ရက်မှာ ရွာကိုရောက်တာလည်း နှစ်ရက်လောက်ရှိတဲ့ အချိန်မှာပေါ့။


ပျင်းပျင်းနဲ့  လျှောက်လာလိုက်တာ ရွာပြင်ကိုရောက်မှန်းမသိရောက်ခဲ့ရင်း တောစပ်တနေရာမှာ မြင်လိုက် မိတာ ခြံဝန်း
လေးတစ်ခု ခြံလေးက သီးပင်စားပင် လေးတွေနဲ့  နေခြင်စရာလေးပါ။ အိမ်ရှေ့မှာ ကွပ်ပျစ်တစ်လုံးရှိပြီး ကွပ်ပျစ် ပေါ်မှာ
အဖိုးအရွယ် တစ်ဦး လဲလျောင်း နေပြီး အဖွားအရွယ်တစ်ဦးက ယပ်ခပ်ပေးရင်း တရားစာလေးတွေ ကိုရွတ်ဖက်နေတဲ့
မြင်ကွင်းလေးပါ။ ကြည့်နေရင်းနဲ့  ဘုန်းကြီးတစ်ပါး နဲ့ ကပ္ပိယ တစ်ယောက်တို့  ဆွမ်းခံကြွလာတာ မြင်လိုက်တယ်။
အဖွားအရွယ်က ကုတင်ပေါ်က မုန့် ထုပ်လေးကို ယူပြီး ဘုန်းကြီးကို ကပ်နေသလို အဖိုးအရွယ်က ရင်ဖက်ပေါ်မှာ လက်
အုပ်ကလေးချီပြီး တရားမှတ်နေရှာတယ်။

ကျွန်တော်လည်း အနားကို တိုးမှန်းမသိ တိုးသွားတဲ့ အချိန်မှာပဲ ။


“ သာဓု ၊ သာဓု ၊ သာဓု…… ” ဆိုရင်း အဖိုးအရွယ် ဘကြီးက ခေါင်းလေးလည်ဆင်းသွားတယ်။ သူ့  ခမျာ အမျှ လေး
တောင် မဆို လိုက်နိုင်ဘူး ။ဘုန်းကြီးက မြင်ပေမဲ့ မမြင်ခြင်ယောင် ဆောင်ပြီး ဒကာမကြီးကို တရားသဘော လေးတွေ
ဆက်ပြော ပြီးတရားကိုနိဂုံး ချုပ်လိုက်တယ် ဆိုရင်ပဲ ….


“အမျှ ၊ အမျှ ၊ အမျှ……. ”လို့  ဆိုရင်း အဖွားအရွယ်ကြီး လဲ တုန်းလုန်းလဲသွားရှာတယ်။ ဒီတော့မှ ဘုန်းကြီးက

“ ဟဲ့ ကပ္ပိယ ”

“ ဘုရား ”

“သေသေချာချာ စမ်းကြည့်စမ်း ”

“ဘုရား အသက်မရှိတော့ပါ ဘူး ”

“ အော်…… ဆုံးသွားပြီကို ဖြစ်မှ ဖြစ်ရလေ။ ဒကာ ဒကာမကြီးတွေ ကောင်းရာသုကတိ လားပါစေ လို့ ဘုန်းဘုန်း
ဆုတောင်းလိုက်ပါတယ်ကွယ် ။ ဟဲ့ ကပ္ပိယ ”

“ ဘုရား ”

“ရွာကို အကြောင်းကြား ဒကာကြီးတို့ လင်မယားနှစ်ယောက်လုံး ဆုံးသွားပြီ ဆိုတဲ့ အကြောင်း ”

“တင့်ပါ ” ဒီအချိန်မှာပဲ ကျွန်တော်က ထူးဆန်းမှု့ တွေများနေလို့ 

“အရှင်ဘုရား တပည့်တော် နည်းနည်းလောက် မေးခြင်လို့ ပါ ”

“ဟဲ့ ဒကာက ဘယ်ကတုန်း ရွာမှလည်း မမြင်ဘူးပါလား ”

“တင့်ပါ တပည့်တော်ရန်ကုန်ကပါ ဘုရား သူငယ်ချင်းဆီလာလည်တာပါ ဒီဖက်လျှောက်လာရင်းနဲ့  ဒီမြင်ကွင်း
လေးကို မြင်လို့  တပည့်တော် စပ်စုကြည့်တာပါဘုရား”


“အေးးးးး သူစိမ်းဆိုရင်တော့ ထူးဆန်းနေမှာပေါ့ ဘုန်းကြီးကတော့ အစအဆုံး သိပါတယ် သို့ ပေမယ့် လောကီကိစ္စ
ဆိုတော့ ဟိုမှာတွေ့ လား ပုထုဇဉ်ပီပီ ငိုနေတဲ့ ကပ္ပိယ ကြီးကို သာမေးကြည့်တော့ ။ဒကာကြီး အတွက် သံဝေဂ ရစရာ
တွေ ကြားရလိမ့်မယ် ဘုန်းကြီးလည်း အာသဝေါ မကုန်သေးသူမို့  ပွင့်ပွင့်လင်းလင်း ပြောရရင် စိတ်မကောင်းဘူး
ဒကာကြီး ဘယ်သူ့ မပြု မိမိမှု့  ဆိုပေမဲ့ ဒီလိုဆိုတော့လည်း သနားမိတယ် ။ အော်….. ဘ၀ တွေ ဘ၀တွေ ”


ပြောပြောဆိုဆို လမ်းလျှောက်ထွက်သွားတဲ့ ဘုန်းကြီးအား ကြည့်ရင်း ကြည့်ရင်း မျက်ရည်တွေ ၀ိုင်းနေတဲ့ ကပ္ပိယ ကြီး
ကို လှမ်းကြည့် မိတယ် ပြီးမှ…


“ကပ္ပိယကြီး ရွာကို အကြောင်းကြားလိုက်အုံး ကျွန်တော စောင့်ပေးမယ် ”

“ အေး အေး ကျေးဇူးပဲ ကောင်လေး မင်းသိခြင်တဲ့ အကြောင်းကို ပြန်လာမှ အေးအေးဆေးဆေး ပြောပြမယ်”


ခဏနေတော့ ရွာသားတွေရောက်လာပြီး ၀ိုင်းကူလုပ်တာကိုကြည့်ရင်း မနေနိုင်တာနဲ့ ကျွန်တော်ပါ ၀ိုင်းကူလုပ် လိုက်တာ
အလောင်းမြေကျတော့မှပဲ နားရတော့တယ်။ ခဏနားပြီးတာနဲ့  ရေမိုးချိုး လိုက်တယ် သူငယ်ချင်းဆီမှာ ထမင်းစားပြီး
တစ်ယောက်ထဲပဲ ဘုန်းကြီးကျောင်းထွက်လာခဲ့တယ်။ ကျောင်းရောက်တော့ ကပ္ပိယကြီး နဲ့  အဆင်သင့်တွေ့ လိုက်တယ်။


“လာ လာ လာ လူလေး ကပ္ပိယကြီး လူလေးကို ခေါ်ခိုင်းတော့မို့  နာရေးအိမ်မှာ ကူနေတယ်ဆိုတာနဲ့  မခေါ်ခိုင်းဖြစ်တော့
တာ လူလေး ဂျင်းသုပ်စား ရေနွေးလည်းသောက် ပြီးမှ လူလေးသိချင်တာပြောပြမယ်။”

“ဟုပ်ကဲ့ပါ ကပ္ပိယကြီး ”

“လူလေးက ဧည့်သည်ဆိုတော့ ထူးဆန်းနေမှာပေါ့ အသုဘ ပို့ တာ လူစုံရဲ့လား ”

“လူကတော့ ကြိတ်ကြိတ်တိုးပဲ တစ်ချို့ ဆို ငိုနေတာလည်းတွေ့ တယ် လိုက်ပို့ တဲ့ လူတွေများများ ငိုတာ
ဒီအသုဘပဲ တွေ့  ဖူးသေးတယ် ”


“အေး ပေါ့ ကွယ် ငိုရှာမှာပေါ့ လူလေးရယ် ကောင်းမှု့ ကုသိုလ် လုပ်တက်တဲ့ လူတွေကို လူတိုင်းသတိရတက်တာ မစမ်း
ဘူးလူလေး လူကဘ၀မှာ တစ်ခါသေရတယ် နောက်ဆိုတာ ဘာမှန်းမသိခင် အခုဘ၀မှာ ကောင်းအောင်လုပ်တယ်
ကောင်းတဲ့ အရာတွေ လုပ်တဲ့ သူအနေနဲ့ လူတိုင်းသတိရသင့်ပါတယ်။ သူ့ တို့  လင်မယားက ဘ၀မှာ ဘာမှလိုခြင်ဟန်
မတူဘူး ဘာမှကို လောဘမရှိတော့တာ ဘုရားအလုပ်လုပ်တယ် နေ့  လွဲညစာ မစားဘူး သက်သက်လွတ်စားတယ် ရွာ
မှာ သာရေးနာရေးဆိုရင် သူတို့ ပဲဦးဆောင်တယ် သေတဲ့မိသားစုက ဆင်းရဲရင် ငွေလုတယ် အသုဘကုန်ကျစရိတ်
အားလုံးကို လုတယ် အခက်အခဲရှိရင် သူ့  ကိုပြော အကြံကောင်းညဏ်ကောင်းပေးတက်သလို မှားတာရှိရင်မှားတယ်
လို့ ပြောတယ်။ ရှင်းရှင်းပြောရရင် ရွာမှာ လူကြီးက နာမည်ခံပဲရှိတာ သူပြီးမှ အားလုံးပြီးတာ ။ သူတို့ လင်မယား
အကြောင်းရွာထဲမှာ ကြိုက်တဲ့သူကိုမေးအကောင်းပဲပြောလိုက်မယ် လူလေး ဒါပေမယ့် လူမသိသေးတဲ့ သူတို့ ဘ၀ရဲ့
အမှားကို ဦးဇင်းနဲ့ ငါ့ကို ပြောပြဘူးတယ် သနားဖို့ ကောင်းသလို ယူတက်ရင် သင်ခန်းစာရနိုင်တာမို့  ဦးဇင်းက လူလေး
ကို ဖွင့်ပြောပြတာ သေလည်းသေသွားပါပြီလေ။


သူတို့ လင်မယားက ဘဏ်တိုးနဲ့ ထိုင်စားတာ အလုပ်လုပ်စရာလဲ မလို့ တော့ အပူအပင်ဆိုတာ ကင်းတာပေါ့ မသေခင်
တစ်ရက်က ကျောင်းကိုလာပြီး ဘဏ်မှာ အပ်ထားတဲ့ ကျန်တဲ့ ပိုက်ဆံ သိန်းငါးဆယ် နဲ့  ပိုင်ဆိုင်သမျှအားလုံးကျောင်းမှာ
ရေစက်ချ ပြီးလုသွားပြီးပြီး ဘ၀ကူးကောင်းမှာ ပါ သေမှာကိုလည်း ကြိုသိနေသလိုပါပဲ လူလေးရယ် ။


ဒီလိုကွဲ့ လူလေးရဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ဆီကပေါ့ ကပ္ပိယကြီး တို့  ကျောင်းကို လင်မယားနှစ်ယောက် ရောက်လာ
ခဲ့တယ် ဘုန်းကြီးနဲ့ ဝင်တွေ့ ပြီး ဒီရွာမှာ အခြေခြပြီး နေခြင်တယ်ဆိုတာနဲ့ ဘုန်းကြီးလည်းရွာက လူကြီးတွေနဲ့ တွေ့ ပေး
ပြီး နေစရာပေးခိုင်းခဲ့တယ် သူတို့ က ရွာထဲမှာ မနေခြင်ဘူးဆိုတာနဲ့  ဘုန်းကြီးမျက်နှာနဲ့  ရွာပြင်မှာ ခြံခက်ပြီး နေခွင့်ပြု
ခဲ့တယ် ဒီအတွက် ရွာကိုတော့ ရန်ပုံငွေထည့်ခိုင်းရတာပေါ့ နောက်မှ ရင်းနှီးလာပြီး ဘုန်းကြီးကျောင်းမှာလည်း အမြဲ
ဝင်ထွက်နေတာတောင် သူ့ အကြောင်း မပြောခဲ့ဘူး မေးလိုက်ရင် စကားလမ်းကျောင်းလွဲသွားခဲ့တယ် လွန်ခဲ့တဲ့ နှစ်ကနဲ့ 
ဘုန်းကြီးနဲ့  ကပ္ပိယကြီးကို ဖွင့်ပြောပြတာ ။


သူ့ ကအိမ်ထောင်သည် လူလေး ရေ ။ ခလေးလည်းရှိတယ် ငယ်ရွယ်စဉ်က ဆင်းရဲတော့ အိမ်ထောင်ကျ တာတောင်
အိုးခွက်ပန်းကန်မရှိဘူး သူများအိမ်မှာ ကပ်နေရတာ ဒီလို နဲ့  ကြိုးစားရှာဖွေလိုက်တာ တော်တော်ချမ်းသာလာတယ်
သူကရှာဖွေတယ်ဆိုတဲ့ နေရာမှာ စည်းမရှိဘူး သူများမျက်ရည်ကြီးငယ် ကြလဲ ဂရုမစိုက်ဘူး လိုခြင်တာရဖို့ အတွက်ဘာ
ပဲ ရင်းရရင်းရဆိုတဲ့ လူပေါ့ကွယ်။ ဒီလိုနဲ့  တစ်ရက်မှာ သူ့ အသက် (၄၀) စွန်းစွန်းလေးမှာ အခုသူ့ ရဲ့ နောက်မိန်းမနဲ့ 
သိကျွမ်းခင်မင်တာကနေစပြီး အရမ်းချစ်သွားခဲ့တယ် ကောင်မလေးက သူ့ ရဲ့စိတ်ကိုအများကြီးပြောင်းလဲခဲ့တယ်။


စိတ်တွေပြောင်းလဲလာသလို အရမ်းလဲ တန်ဖိုးထားတက်သွားတယ် ။ ခက်တာက အိမ်ထောင်သည်ဖြစ်နေတယ် ။
ကောင်မလေးကလည်း အနေနီးလာတော့ သံယောဇဉ် ဖြစ်လာပြီး ချစ်ခြင်လာတယ် ။ နှစ်ယောက်စလုံးက
တစ်ယောက်နဲ့ တစ်ယောက် ဖွင့်တာမပြောတာ သံယောဇဉ်က ခိုင်မာလာခဲ့တယ်။ ပြီးတော့ ကောင်မလေးကြောင့်
စိတ်တွေပြောင်းလဲပြီး ဘာသာရေးတွေ လုပ်လာတော့ မဖြစ်သင့်တာကိုလည်းသိနေတယ်။ ခလေးမျက်နှာ မိန်းမမျက်
နှာကလည်း မြင်တွေ့ နေရတော့ တော်တော်တော့ ကြီးတဲ့ ဒုက္ခပဲနော် လူလေး။


တစ်ရက်မှာတော့ စားပွဲကနေ အရက်သောက်ပြီး အပြန်မှာ အင်ယျားကန်ဘောင်မှာ သွားထိုင်နေတဲ့ အချိန် ကောင်မ
လေးကလည်း ဘေးကထိုင်ခုံမှာ ထိုင်ပြီးငေးနေတယ်။ ညကနက်လာလို့ လူတွေတစ်ယောက်ပြီး ပြန်သွားလိုက်ကြတာ
ကန်ဘောင်မှာ လူတွေရှင်းသွားတော့မှ သူလည်းပြန်မယ်ဆို ပြီးအထမှာ ဟိုဘက်ခုံတန်းက ရှိုက်သံကြားလို့ လှည့်
ကြည့်တော့မှ ကောင်မလေးကို တွေ့ လိုက်ရတယ် ။ ခံစားချက်တွေပေါက်ကွဲထွက်သွားတဲ့ ညလို့ 
ပြောပြတယ်လူလေးရယ်။


တိုတိုပြောရရင် အိမ်ထောင်သည် တစ်ယောက်နဲ့  ချစ်ကြိုက်မိတဲ့ အပျိုစင် တစ်ယောက်ရဲ့ ခံစားချက် ပြီးတော့လည်း
ငယ်တော့တဲ့ အရွယ်လေးမဟုပ်တော့ ဘယ်သူမေးမေး အားလုံးကမှားတယ်လို့  ပြောမှာပဲ။ ဒီအချိန်မှာ အချစ်ဆိုတာ
နဲ့  ပက်သက်ပြီး သူပြောခဲ့တာက

“ကျွန်တော် ဒီအသက်အရွယ်မှာ ချစ်ခဲ့တဲ့ အချစ်မှာ SEX ကိစ္စ ကအဓိကမကျတော့ဘူး တစ်ယောက်ကို တစ်ယောက်
နားလည်မှု့ ၊ စာနာပေးမှု့ ၊ ဒါတွေကို တန်ဖိုးထားလာတာ နောက်တစ်ခုက ဒါတွေကို အခုလက်ရှိ ကျွန်တော်မိန်းမက
မပေးနိုင်ဘူး ဥပမာဗျာ အပြင်မှာ သူငယ်ချင်းတွေနဲ့  မဖြစ်မနေ အရက်သောက်ကို သောက်ရမယ်ဆိုရင် ဘယ်မိန်းမ
က ကြည်ဖြူမလဲ ဒါပေမယ့် ခေတ်အခြေအနေအရ ဒီလိုမှ မသောက်ရင် လုပ်ငန်းတွေ မရတော့ရင် ဘယ်သူနစ်နာမ
လဲ အဲဒီတော့ သောက်တယ် ။ အတိုင်းအတာထက် ကိုယ်ကမကျော်အောင်တော့ မိန်းမ ဖက်ကစိတ်ပှုမယ် ဆိုတာ
နားလည်ထားရင် ပြောစရာမလိုပါဘူး ။ ကိုယ့်ဘာသာကိုယ် ထိမ်းသိမ်းသွားတက်တယ်။ မိန်းမဖက်ကလည်း အော်ဒါ
က သူ့ မျာ မသောက်ခြင်လည်း လုပ်ငန်းအရ သောက်ရတာ ငါပြောလိုက်ရင် သူစိတ်ခုသွားပါမယ်လေ ဆိုတဲ့ စာနာမှု့ 
လေးကို တွေးတောထားနိုင်ရင် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ကောင်းမလဲ အိမ်ထောင်သည် ဘ၀မှာ
ကျွန်တော် ထင်တာတော့ ချစ်တာက အဓိက မကျတော့ဘူး အဓိကကျတာတော့ နားလည်ပေးမှု့ ၊စာနာပေးမှု့လို့ ထင်
တယ်။ သူ့ ဖက်ကိုယ့်ဖက် နားလည်မှု့ ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။”



နောက်ဆုံး ဘယ်သူမှ မထိခိုက်နိုင်တဲ့ PLAN လေးတစ်ခုချလိုက်တယ်။ သူ့ ရဲ့ ခလေးတွေ ကျောင်းပြီးတဲ့ အထိသူတို့ 
တွေအလုပ်လုပ်ကြမယ် တစ်လကို သူတို့ နှစ်ယောက် 1 သိန်း စုတယ် ကောင်မလေးလည်း မိဘကို လုပ်ကျွေး
သူလည်း မိသားစုနဲ့ အတူတူနေ လိုအပ်တာကို ဖြည့်ဆည်း မိန်းမဖြစ်သူကို စီးပွါးရေးတွေ အကြောင်းနားလည်
အောင်သင်ခိုင်း လိုက်တာ သားအကြီးဆုံးက ဆရာဝန်ဖြစ်ပြီး အငယ်ဆုံးလေး ဆယ်တန်းအောင်တဲ့ အချိန်က သူတို့ 
နှစ်ယောက် ပိုက်ဆံဆုတာ ၁၀ နှစ်တင်းတင်းပြည့် တဲ့အချိန်ပေါ့ ကောင်မလေး ကလည်း သူ့ မိခင်ကို သီလရှင်ဝတ်
ခိုင်း ပိုက်ဆံကို ဘဏ်မှာ အပ်ထားပေးပြီး တရားအလုပ်ကို မပှုမပင်လုပ်စေတယ်။


(၁၀)နှစ်ဆိုတဲ့ အတိုင်းအတာအထိ တစ်ယောက်ကိုတစ်ယောက် သစ္စာရှိကြတာတော့ အရမ်းကို လေးစားမိတယ် ဒီ
လောက်နှစ်တွေ ကြာတာတောင်မိသားစုတွေကို မပျက်စီးစေဘဲ လိုခြင်တာကို ဖြစ်အောင်လုပ်နိုင်ကြတဲ့ ခိုင်မြဲတဲ့ ရည်
ရွယ်ချက်နဲ့  သစ္စာတရားကိုလည်း လေးစားပါတယ် ဒါပေမယ့် အိမ်ထောင်သည်နဲ့  အပျိုစင် မှားနေတာတော့
အမှန်ပါပဲ လူလေးရေ။


အစီအစဉ်က သူတို့ ဆုထားတဲ့ ပိုက်ဆံ သိန်း ၁၂၀ ကိုယူပြီး ထွက်ပြေးကြမှာလေ။ဘယ်သူ့ ကိုမှ အသိမပေး သလို
ဘယ်သူ့ ကိုမှလည်း မပြောခဲ့ ဘူးတိတ်တိတ်လေး ထွက် နှစ်ဖက်သော လူတွေကိုလည်း ပြည့်စုံအောင်ထားပြီးမှ
ထွက်တာဆိုတော့ ဘာပြောရမှန်းတော့မသိဘူး။ အသက်အားဖြင့် အဖိုးကြီးက ၅၀ နှစ် အဖွားကြီးက ၄၅ နှစ် မငယ်
တော့ ပေမဲ့ သူတို့ အချစ်က ခိုင်မြဲတယ်နော်။


နောက်တော့ရှေ့ ကပြောတဲ့ အတိုင်း ရွာကိုရောက်လာခဲ့တော့တာပဲ နောက်ပိုင်းကတော့ လူလေးမြင်တဲ့ အတိုင်းပဲ
မကောင်းတာမလုပ်ဘဲ တကယ့်ကို တရားသမားလုပ်ခဲ့ပေမဲ့ ကိုယ့်လိပ်ပြာတော့ ကိုယ်မလုံလောက်ဘူး ဒါပေမယ့်
လက်တလော စိတ်ချမ်းသာတာတော့အမှန်ပဲ။


“ကပ္ပိယကြီး ပျော်တာတော့အမှန်ပါ ချစ်တဲ့သူ ကိုယ့် ကို နားလည်တဲ့သူနဲ့ အတူတူနေရတာလေ ရေပူရေချမ်း ပါရမီ
ဖြည့်ဖက် ပီသခဲ့ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ သူများတကာတွေက အိမ်ထောင်ရေးဖောက်ပြန်တာ နဲ့  ပတ်သက်
ပြီးတိုင်ပင်ရင် သားတွေကိုအရမ်း သတိရမိတယ် အကောင်းဆုံးဆိုတဲ့ အကြံညဏ်ကိုပေးခြင်ပေမဲ့  ကိုယ်ကိုတိုင်က
မှားနေတာလေ။ တခုပဲ ရှိတာပေါ့ စီပွါးရေးအကြောင်းနားလည်ပြီး ပြည့်စုံအောင်ထားပြီးမှ ထွက်ခဲ့တာပါ ။ခလေးတွေ
ဘ၀မှာ အဖေဆိုတဲ့ သူဘယ်ရောက်သွားမှန်းမသိတော့ ပတ်ဝန်းကျင်မှာ နာမည်မပျက်တော့ ဘူးလေ ။ နောက်မိန်းမ
ယူသွားတာထက်စာရင်တော့ ပျောက်သွားတာကတော့ ခံသာပါတယ်။ အချစ်ဆိုတဲ့ အရာဟာ အရမ်းထူးဆန်းပါတယ်
စဉ်းစားဆင်ခြင်ညဏ်နဲ့ ပြည့်စုံတဲ့ အချိန်မှာတွေ့ တဲ့ အချစ်ကိုတော့ အရမ်းလည်းတန်ဖိုးထားတက်ပါတယ်။
အိမ်ထောင်ရှိရက်နဲ့  နောက်အိမ်ထောင်ရှိတဲ့ သူတွေ ယူပြီး တစ်နှစ်လောက်ဆို ဘ၀ပျက် အိမ်ထောင်တွေပြန်ကွဲ
မိသားစုတွေလည်း ပျက်စီးကြတာများပါတယ် သူတို့  ကြတော့ နံပါတ်တစ်-ငွေ ၊ နံပါတ် နှစ် - SEX ဘယ်လာခိုင်မြဲမှာလဲ။

- ကျွန်တော်လုပ်တာ မှားပါတယ် သားသမီးတွေရှိရဲ့နဲ့  နောက်အိမ်ထောင်ပြုလို့ 

- ကျွန်တော်လုပ်တာ မှန်ပါတယ် သားသမီးနဲ့ ဇနီးကို ပြည့်စုံအောင်ထားပြီးမှ ထွက်ခဲ့လို့ 

- ကျွန်တော်လုပ်တာ မှားပါတယ် ဒီအသက် ၅၀ နှစ် အိုကြီးအိုမ ဖြစ်မှ အချစ်သစ်ရှာခဲ့တော့ သားသမီးတွေအတွက်
ဖခင်ကောင်း မဖြစ်ခဲ့လို့ 

- ကျွန်တော်လုပ်တာ မှန်ပါတယ် ဒီအသက် ၅၀ နှစ် သေတော့မှာလေ သေရင်ဘာမှ ယူမသွားနိုင်တဲ့ လောကကြီးမှာ
ဒီမိသားစုကို နှစ်ပေါင်း ၃၀ တိတိ ရှာဖွေ ကျွေးမွေးခဲ့ ပြီးပြီး ကျွန်တော့် ဘ၀အတွက် နောက်ဘ၀အတွက် ကျွန်တော်
ချစ်တဲ့ သူနဲ့ တစ်ရက်လောက် ချမ်းမြေ့စွာ တရားအားထုတ် ဘာသာတရားကို လေးစားလိုက်နာပြီး နောက်ဘ၀အတွက်
အထုပ်ကလေးတစ်ထုပ်လောက်တော့ ယူသွားခြင်တယ်။


ကဲဒီဆို လူလေးသိခြင်တာတွေ ပြည့်စုံပြီထင်တယ်”

“ဟုပ်ကဲ့ ပြည့်စုံပါပြီ ကပ္ပိယကြီး”

“လူလေး ဒီပြသနာမှာ ဘယ်သူမှားတယ်ထင်လဲ”

“မမှားပါဘူး မှန်ပါတယ် ကပ္ပိယကြီး သူ့ ဖက် ကိုယ့်ဖက် ကြည့်ရင်ပေါ့ သူက ဒီကောင်မလေးနဲ့ မယူဘူးဆိုရင်
ဒီလောက်လဲ ပျော်ရမှာ မဟုတ်သလို ကုသိုလ်တရားလည်း လုပ်ဖြစ်မှာမဟုတ်ဘူး မပျော်ရွှင်ဘဲ ဘ၀ရဲ့ ဘောင် တွေ
စည်းကမ်းတွေကြားမှာ နေသွားရမှာလေ။ ဒီလိုလုပ်လိုက်တော့ သူ့ ဖက်ကကြည့်ရင်မှန်ပါတယ်။ သားသမီးတွေ ဖက်
ကကြည့်ရင်တော့ မှားတာပေါ့ ဒါပေမယ် ဒီလိုဖြစ်သွားတာကို သူတို့ မသိခဲ့ဘူးလေ စိတ်ရှင်းရှင်းထားနိုင်ပါတယ်။
အဲလိုမဟုပ်လဲ အဖေဖြစ်သူ ထွက်သွားတဲ့ အချိန်မှာ အားလုံးက အရွယ်ရောက်နေပြီလေ။နှစ်ပေါင်း ၃၀ လောက်ရှာဖွေ
ကျွေးမွေး လာတာ ဒီတကြိမ်လောက်တော့ ခွင့်ပြုသင့်ပါတယ်။


ဒါပေမယ့် သူတို့ နေရာမှာ ကျွန်တော်ဆိုရင်တော့ ……………………”

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့