Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

အတိတ်ဟောင်းက သူငယ်ချင်း ကောင်းသို့……

အတိတ်ဟောင်းက သူငယ်ချင်း ကောင်းသို့………(သို့မဟုတ်)   ဖြောင့်ချက်


ပေါက်ကရလေးဆယ်အမြဲပြောပြီး အတည် ပြောလေ့မရှိတဲ့ကျွန်တော်
ကူညီနိုင်တာရှိရင် စိတ်ရင်းနဲ့ကူညီပေးတတ်တာ ကျွန်တော့် စေတနာပါ (ဘာအကျိုးမှ မမျှော်လင့်ခဲ့ဘူး)
အမြဲပျော်ပျော်နေတတ်တာ ကျွန်တော့် အကျင့်ပါ
အသိတွေ့ရင်အမြဲပြုံးပြတတ်တာ….မသိစိတ်ကပါ
သူ များလိုက်ပြိုင်ရတာတော့ ၀ါသနာကို မပါတာ (အများအကြိုက်လည်း follow မလိုက်တတ်ဘူး )
အချိုးမပြေတာတော့ ကျွန်တော့် ဗီဇ ကြောင့်ပါ
ခင်မင်သူတွေ ပေါတာ ကျွန်တော့် ကုသိုလ်ပါ
အခြား လူတွေ ထက်မတော်ရင်နေမယ် သူများထက် မညံ့တာ…ကျွန်တော့် ပါရမီပါ…..(အဓိပတိ ကတော့ ဒဂုံရောက်တယ်…….:P  )
တစ်ခါတစ်ခါ နေရာတကာ ဘုကလန့် လုပ်ပြီးဆန့်ကျင်တာမဟုတ်ပါဘူး ပြောသမျှ လွယ်လွယ်ယုံပြီး ယောင်နန နဲ့ follow မလိုက်တတ်တဲ့  ကျွန်တော့် စိတ် အခြေအနေကြောင့်ပါ
အဲတော့ ခင်ဗျား ကျွန်တော့်ကို မနာလို တိုရှည်တွေ ဖြစ်နေစရာမလိုပါဘူး
မကျေနပ်ရင် အသေလာသတ်သွားလို့ရတယ်  >,/p>
ကျွန်တော် အကြောက်ဆုံးအရာထဲမှာ ခင်ဗျားအမုန်း မပါဘူး
ကျွန်တော့်  အမုန်းဆုံးစာရင်းထဲမှာ လည်း ခင်ဗျားမပါဘူး……..:D

ဘာမှတော့ စိတ်ထဲမရှိပါဘူး ဒါပေမယ့် တစ်ခါတစ်လေ သိချင်စိတ်နဲ့ ဘာကြောင့် ဆိုတဲ့ မေးခွန်းအတွက်….ခိုင်လုံတဲ့ အကြောင်းပြချက် တောင်းခဲ့မိတယ်
ခင်ဗျားတို့ဆီကရလာ အကြောင်းပြချက်မဟုတ်ဘူး ဆင်ခြေ ဆင်လက်မှန်း သိတဲ့အခါ
ကျွန်တော်ဘာဆက်လုပ်ရမှာလဲ…….ဘာလဲ   !_!  ဆင်ခြေထောက်စွပ်ပြုတ်လုပ်သောက်ရမှာလား.???.......:P
(အဲလိုအချိုးမပြေတာတွေကြောင့်လည်း ခံရပေါင်းများပြီ ဟီးဟီး……)

ခင်ဗျားပိုက်ဆံရှိရင် စိတ်ချမ်းသလောက် စားချင်ရာ ၀ယ်စား ရတယ်
ဒါပေမယ့် သူများ ဦးနှောက် ဖောက်စားတာတော့ မကောင်းပါဘူး
ဘာလဲ…..ခင်ဗျား ဦးနှောက် က သိပ်အဖိုးတန်နေလို့ သော့ခတ်သိမ်းထားတာလား
ဒါဆိုလည်း ပြတိုက်ပို့လိုက်လေ…ဆွေးပြိး ဟောင်းသွားရင် ….ဈေးကောင်းရနိုင်တယ်…….:D

∫ ……∫ ……..∫…… .∫ငါလေ အမျိုးမျိုး ………..မပြောင်းပါ…..
တချို့တချို့ တွေက……….. အတိတ်ဟောင်းမှာ…….∫  …..∫………..  ∫



BY:  ရေးချင်ရာတွေ လျှောက်ရေးပြီးရင် စိတ်ထဲမှာ ဘာမှ မရှိတဲ့ ကမ္ဘာ ကြီးရဲ့ တစ်ထောင့်တစ်နေရာက  ခပ်ပေါပေါ ကောင်မလေးတစ်ယောက်….:P

(ဘယ်သူမှ မရည်ရွယ်ပါဘူး တိုက်ဆိုင်သူများ ခွင့်လွှတ်ပါရန်…..@_@   )

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့