Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

အာဠာဝကအမေး မြတ်ဗုဒ္ဓအဖြေ

၁) မေး။ ။ လောကကမှာ ဘယ်အရာက အမြတ်ဆုံးဥစ္စာလဲ။
ဖြေ။ လောကီ၊ လောကုတ် နှစ်ဖြာသော သဒ္ဓါတရားက အမြတ်ဆုံးဥစ္စာဖြစ်တယ်။
(၂) မေး ။ ။ ဘယ်တရားကို နေ့ရှည်ရက်ဆက် လေ့ကျက်ပွားများရင် လူ၊ နတ်၊ နိဗ္ဗာန် ချမ်းသာသုံးမျိုးကို ပို့ဆောင်နိုင်သလဲ။
ဖြေ ။ ။ ကုသလကမ္မပထတရားဆယ်ပါး၊ (ဒါန၊ သီလ၊ ဘာဝနာ)တရားကို နေ့ရှည်ရက်ဆက် လေ့ကျက်ပွားများရင် လူ၊ နတ်၊ နိဗ္ဗာန် ချမ်းသာသုံးမျိုးကို ပို့ဆောင်နိုင်တယ်။
(၃) မေး ။ ။ အရသာတွေထဲမှာ ဘယ်အရသာက အချိုမြိန်ဆုံးပါလဲ။
ဖြေ ။ ။ အရသာတွေထဲမှာ ပရမတ္ထသစ္စာ၊ ၀ိရတီသစ္စာတရားဟာ အချိုမြိန်ဆုံးအရသာဖြစ်တယ်။
(၄) မေး။ ။ ဘယ်တရားနဲ့ အသက်ရှည်ရင် အမြတ်ဆုံးလဲ။
ဖြေ။ ။ သမ္မာပဋိပတ်အကျင့်မြတ်ကိုမပြတ်ပွားများ ပညာတရားဖြင့်အသက်ရှင်သူရဲ့ အသက်ရှင်မှုဟာ ချီးမွမ်းစရာအကောင်းဆုံး အမြတ်ဆုံးပါ။
(၅) မေး ။ ။ ဘယ်တရားနဲ့ သြဃလေးပါကို ကူးမြောက်နိုင်ပါသလဲ။
ဖြေ။ သဒ္ဓါတရားနဲ့ သြဃလေးပါးကို ကူမြောက်နိုင်တယ်။
(သဒ္ဓါတရားရှိမှ သောတာပတ္တိယင်္ဂတရားလေးပါးကို ဖြစ်စေနိုင်တယ်၊ ၁။ သူတော်ကောင်းကို ဆည်းကပ်ခြင်း၊ သူတော်ကောင်းတရားနာယူခြင်း၊ မှန်ကန်သောနှလုံးသွင်းမှုရှိခြင်း၊ လောကုတ္တရာတရား ကိုးပါးအားလျော်သော သမထ၊ ၀ိပဿနာ ဘာဝနာကို ပွားများအားထုတ်ခြင်း တရားလေးပါးဖြစ်ပွားပါမှ သောတာပတ္တိမဂ်ရနိုင်ပါတယ်။)
(၆) မေး ။ ။ ဘယ်တရားနဲ့ ဘ၀သံသရာ သမုဒြာကို ကူးမြောက်နိုင်သလဲ။
ဖြေ။ ကုသိုလ်ဆယ်ပါးကို အဖန်ဖန်ပွားများတဲ့ အပ္ပမာဒတရားနဲ့ ဘ၀သံသရာသမုဒြာကို ကူးမြောက်နိုင်တယ်။
(၇) မေး ။ ။ ဘယ်တရားနဲ့ ၀ဋ်ဒုက္ခက လွတ်မြောက်နိုင်သလဲ။
ဖြေ။ ၀ီရိယတရားနဲ့ ၀ဋ်ဒုက္ခကလွတ်မြောက်နိုင်တယ်။
(၈) မေး ။ ။ ဘယ်တရားနဲ့ ကိလေသအညစ်အကြေးက စင်ကြယ်ကင်းဝေးနိုင်ပါသလဲ။
ဖြေ။ ပညာတရားနဲ့ ကိလေသာအညစ်အကြေးမှ ကင်းဝေးစင်ကြယ်နိုင်တယ်။
(၉) မေး ။ ။ အဘယ့်ကြောင့် လောကီလောကုတ္တရာပညာနှစ်ပါးကို ရနိုင်ပါသလဲ။
ဖြေ။ ၁။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့ရဲ နိဗ္ဗာန်ရောက်ခြင်း၏ အကြောင်းရင်းမှန်တဲ့ သုစရိုက်ဆယ်ပါး ဗောဓိပက္ခိယတရား(၃၇)ပါး တရားအစိုကို မမှိတ်မသုန် ယုံကြည်ရမယ်၊
၂။ ယုံကြည်ရုံမျှမကဘဲ ပညာရှိထံမှာ ကျိုးနွံရိုသေစွာ နာခံမှတ်သားရမယ်၊
၃။ နာယူမှတ်သားထားတဲ့ တရားတောတို့ကို မပျောက်ပျက်အောင် မမေ့မလျော့ မပေါ့မဆ တက်သန်တဲ့သတိနဲ့ ဆောင်ထားရမယ်။
၎။ ဆင်ခြင်တုံတရားနဲ့ ဆောင်ထားတဲ့တရားတို့ကို လေးလေးနက်နက် အဓိပ္ပာယ်ကို ဆင်ခြင်စဉ်းစားရမယ်။ ဒီတရားလေးပါးကြောင့် လောကီလောကုတ်ပညာကိုရနိုင်ပါတယ်။
(၁၀) မေး ။ ။ အဘယ်အကြောင်းကြောင့် လောကီလောကုတ္တရာဥစ္စာနှစ်ပါးကို ရနိုင်ပါသလဲ။
ဖြေ။ ၁။ ဥစ္စာရကြောင်း နည်းလမ်းကောင်းကို အရပ်ဒေသ၊ အချိန်အခါ ခေတ်ကာလအလိုက် ပြုတတ်ရမယ်၊
၂။ စေတသိက၀ီရိယ(စိတ်နဲ့တာဝန်ကို ပစ်မထားပဲ အမြဲတာဝန်ယူနိုင်ရမယ်)
၃။ ကာယိက၀ီရိယ(အလျော့မပေးဘဲ ထကြွနိုင်းကြား ကြိုးစားမှု အားထုတ်မှုရှိရမယ်) ဒီတရားသုံးပါးကြောင့် လောကီလောကုတ္တရာ ဥစ္စာနှစ်ပါးကို ရနိုင်ပါတယ်။
(၁၁) မေး ။ ။ အဘယ်အကြောင့်ကြောင့် ကျော်စောခြင်းသို့ ရောက်နိုင်ပါသလဲ။
ဖြေ။ ၀စီသစ္စာ(မလိမ်ညာတတ်ခြင်းကြောင့်) ပရမတ္ထသစ္စာနိဗ္ဗာန်တရားကြောင့် ကျော်စောခြင်းသို့ရောက်နိုင်ပါတယ်။
(၁၂) မေး ။ ။ ဘယ်တရားကြောင့် အဆွေခင်ပွန်းတို့ကို လက်မလွတ်အောင် ဖွဲ့ချည် ထားနိုင်ပါသလဲ။
ဖြေ။ တဖက်သားလိုလားတဲ့အရာ တောင့်တတဲ့အရာဝတ္ထုကို ပေးကမ်းခြင်းကြောင့် အဆွေခင်ပွန်းတို့ကို လက်မလွတ်အောင် ဖွဲ့ချည်ထားနိုင်ပါတယ်။
(၁၃) မေး ။ ။ ဘယ်အကြောင်းတရားကြောင့် ခုဘ၀မှ နောက်ဘ၀သို့ရောက်ရသည်ဖြစ်သော် မစိုးရိမ်မပူပန်ရပါသလဲ။
ဖြေ ။ သဒ္ဓါတရားနှင့်ပြည့်စုံသူသန္တာန်မှာ---
၁။ မှန်ကန်စွာပြောဆိုမှု(၀စီသစ္စာ၊ ပရမတ္ထသစ္စာ)၊
၂။ ပညာတရား(ဓမ္မ)
၃။ ကာယိက၀ီရိယ၊ စေတသိက၀ီရိယ(ဓိတိ)၊
၎။ စွန့်ကြဲပေးကမ်း၊ လှူဒါန်းခြင်း(စာဂ) ဒီတရားလေးပါးနှင့် ပြည့်စုံပါက ခုဘ၀မှ နောက်ဘ၀သို့ရောက်ရသည်ဖြစ်သော် မစိုးရိမ်မပူပန်ရတော့ပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့