Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 24 March 2012

ခွေးတစ်ယောက်နှင့် လူတစ်ကောင်...


                         `` ညီလေး မေမေ့အတွက် အားကိုးစရာ မင်းပဲရှိတော့တယ်. မင်းတစ်ယောက်ထဲပဲ မေမေ့ကို ဂရုစိုက်နိုင်မှာ. အကို့ကို
တော့ ထည့်မတွေးပါနဲ့ကွာ... မင်းညီလေးကလဲ ငယ်သေးတယ်... အကို့အိမ်မှာတော့ ညီလေးမြင်တဲ့ အတိုင်းပဲလေ.... အကြွေးတွေကလဲ
တစ်ယောက်ပြီး တစ်ယောက်လာတောင်းနေတာ... ´´ အစ်ကိုဖြစ်သူသည်.. ရစ်ဝဲနေသော မျက်ရည်များဖြင့် ညီဖြစ်သူအား ပြောကြားနေ
သည်။ ညီသည် အစ်ကိုဖြစ်သူ မျက်နှာကို နွမ်းလျစွာ ကြည့်ရင်း စိတ်မကောင်းဖြစ်နေသည်။
                         `` ရပါတယ် ကိုကို..... ညီလေးရှိသလောက်နဲ့ လိုက်သွားလိုက်မယ်... မေမေအားငယ်နေလိမ့်မယ်.... မနက်ဖြန်သွား
လိုက်မယ်.... ကိုကိုလဲ စိတ်မကောင်း မဖြစ်နေပါနဲ့... အငယ်ကောင်ကိုတော့ ထားဝယ်ကို ပြန်ခိုင်းလိုက်ပြီ.... ညီလေး သွားမယ်နော်......
ဘာမှ မပူနဲ့ စိတ်ချ...´´ ပြောရင်းညီလုပ်သူ နှုတ်ဆက်ထွက်ခွါသွားသည်....၊ အစ်ကိုဖြစ်သူသည် မျက်ရည်များနှင့်ကျန်ရစ်သည်.. မရီးဖြစ်
သူလည်း မျက်စိမျက်နှာ ပျက်လျှက်ကျန်ရစ်သည်။
                          သူတို့က ထားဝယ်မှာ နေကြတယ်တဲ့.. သူတို့ ညီအစ်ကို(၃)ယောက်လုံး ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသည်...အစ်ကို
အကြီးဆုံးကတော့ အိမ်ထောင်ကျပြီး မိသားစုနှင့်ဖြစ်နေသည်၊ ညီ အငယ်ဆုံးကလဲ အလုပ်ကောင်းကောင်းမရသေး.... သူတို့ဖေဖေ နေမ
ကောင်းဖြစ်နေသည်မှာ တစ်လကျော်ပြီ.. သားအလတ်သာ ရသမျှရှာဖွေစုဆောင်း၍ ပို့ရသည်၊ ရောဂါသည်းလာသောအခါ ရန်ကုန်မြို့သို့
ပို့ဆောင်ကုသရသည်... အစ်ကို အကြီးဆုံးက ရှာဖွေနေသော်လည်း သူ့မိသားစုအတွက်ပင် မလောက်ငှကြောင်း သိရသဖြင့် သားအလတ်
ကသာ ဖြစ်သမျှ ရင်စည်း ခံခဲ့သည်...... အခုတော့ သူ့ဖေဖေဆုံးသွားပြီတဲ့..... သူ့ဖေဖေ အသုဘအတွက် မေမေ့တွင် ငွေမရှိကြောင်းကို
အားလုံးသိကြသည်။
                            သားအလတ်သည် ရသမျှ ချေးငှား၍ လိုက်သွားခဲ့သည်..... ဖေဖေ့အသုဘပြီးလျှင်တော့ ပြန်လာမည်ဟု ပြင်ဆင်
ထားကြသည်။ ကျွန်တော့်ကိုလဲ နှုတ်ဆက်သွားသည်....... ကျွန်တော် စဉ်းစားကြည့်နေသည်...... ။
                            သူတို့မိသားစု အကြောင်း ကျွန်တော်ကောင်းကောင်း သိခဲ့သည်..... အစ်ကို အကြီးဆုံးသည် ဟိတ်၊ ဟန်ကြီးသည်၊
လူထင်သေးမှာလဲ ကြောက်တတ်သည်၊ အလုပ်အကိုင်လဲကောင်းကောင်း ရခဲ့သည်။ သူက ပညာတတ်ပေးကိုး၊ မာနလဲကြီးသည်၊မိဘများ
ကလည်း အကြီးဆုံးသား ဖြစ်သဖြင့် ရနိုင်သမျှ ပံ့ပိုးပေးခဲ့ကြသည်၊ နောက်တော့ အလုပ်ရပြီး မကြာခင် အိမ်ထောင်ပြုသွားခဲ့သည်၊ မိဘ
များထံ တစ်ပြားမှ မထောက်ပံ့နိုင်ခဲ့......
                            အလတ်ကောင်သည်  အလုပ်ကြိုးစားသည်၊  ပေပေတေတေ နေသည်၊ တစ်ခါက အရက်သေစာ သောက်စားလာ
သဖြင့် ကျွန်တော်ပင် ဆူဆဲခဲ့ဘူးသည်၊ သူသည် ရသမျှကို မိဘထံပို့ပေးသည်၊ အိမ်ထောင်လဲမပြုခဲ့၊ အ၀တ်အစားမှ အစအသစ်မ၀ယ်ခဲ့..
တစ်ခုပဲရှိသည်၊ မဟုတ်မခံနှင့် ဂျစ်တီးဂျစ်ကန်နေတတ်ခြင်းပင်။
                           အငယ်ဆုံးအကောင်...... ဒီကောင်လေးကတော့ စည်းကမ်းလဲမရှိ၊ ပေါ့ပျက်ပျက်ဖြင့် လက်ကြောလဲမတင်း အစ်ကို
အကြီးဆုံး၏ စတိုင်များအတိုင်းလဲ လိုက်လုပ်တတ်သေးသည်၊ ပြောရလျှင် အလတ်ကောင်အတွက် ကူဖော်လောင်ဘက်မဖြစ်ခဲ့......
                        အလတ်ကောင် လိုက်သွားပြီးနောက်..... အခြေအနေလေးသိချင်နေသဖြင့် အကြီးကောင်၏ အိမ်သို့   သတင်းမေးရန်
ထွက်လာခဲ့သည်.... အိမ်ရှေ့မရောက်မီပင်..... သူတို့မိသားစု၏ ပွဲကျနေသော စကားပြောရယ်မောသံများကို ကြားနေရသည်၊ ကျွန်တော်
ခြေလှမ်းလေးများကို ရပ်တန့်မိခဲ့သည်။ ဆက်သွားရန်လဲ တွေဝေနေမိသည်၊ တစ်နေ့က ဖခင်ဆုံးသဖြင့် မျက်ရည်များစို့ဝိုင်းကာ  ငိုကြွေးခဲ့
သော သားအကြီးဆုံးသည် ဖခင်ရက်မလည်မီ တစ်ရက်ခြားတွင်..... ပျော်ရွှင်စွာရယ်မောနေနိုင်ပြီဖြစ်သည်.....။
                      ကျွန်တော် ဆက်စဉ်းစားကြည့်မိသည် ဒီအချိန်ဆိုလျှင်သောကရောက်နေသောမိခင်ဖြစ်သူနှင့်သားအလတ်ကောင်သည်
ဆွေမျိုးမရှိသော ရန်ကုန်မြို့တွင် ဖခင်၏ အသုဘ ကိစ္စဖြင့် မည်မျှ ပင်ပန်းခက်ခဲနေမည်လဲဟု..... စိတ်ထဲတွင် မည်သို့ ဖြစ်သွားသည်မိသ
ကျွန်တော် အိမ်ထဲသို့ ဆက်မ၀င် ဖြစ်တော့......။
                       ကျွန်တော် ပြန်လှည့်လာစဉ်....  လမ်းတွင် ကားတိုက်ခံလိုက်ရသော    ခွေးမကြီးတစ်ကောင်အား ဆန့်ငင် ဆန့်ငင် ဖြင့်
တွေ့ရသည်.. ခွေးမကြီး၏နံဘေးတွင် သူ၏ သားဖြစ်ဟန်တူသော ခွေးလေးသည် သွေးသံရဲရဲဖြင့်တွန့်လိမ်နေသော  မိခင်ခွေးမကြီးဘေး
တွင် ဟောင်လိုက်၊ ဟိုဟို သည်သည် ပြေးလိုက်၊ ပြန်လာလိုက်၊ ဒဏ်ရာများကို လျှာဖြင့် လျှက်ပေးလိုက်နှင့် ယောက်ယက်ခတ်နေသည်
နောက်ဆုံးခွေးမကြီး သေဆုံးငြိမ်သက်သွားသောအခါမှသာ တိုးတိုးညင်းညင်း အီ သံပေး၍ ဖြည်းငြင်းစွာ ထွက်ခွါသွားခဲ့လေသည်။
                        `` ဘယ်လိုလဲ အကြီးကောင်...... အခြေအနေ..´´ လမ်းတွင် အကြီးကောင်နှင့် ဆုံသဖြင့် ကျွန်တော်လှမ်းမေးလိုက်
သည်။ ``အဆင်ပြေတယ်အကိုကြီး ကျွန်တော်လဲ ပိုက်ဆံရှာနေတယ်..... ရက်လည်ဆွမ်းသွတ် မီအောင်လေ.... အရမ်းဝမ်းနည်းမိတယ်
အကိုကြီးရာ..... ကျွန်တော့်လုပ်စာကို ဖေဖေ တစ်ပြားမှ စားမသွားရရှာဘူး......´´ ပြောရင်း သူမျက်ရည်ကျလုနီးနီး ဖြစ်လာသဖြင့်လည်း
``အေးပါကွာ...... ပိုက်ဆံရရင် ပို့ပေးလိုက်ပေါ့... စိတ်မကောင်းမဖြစ်ပါနဲ့... ´´ နှစ်သိမ့်ပေးရင်း ပုခုံးကို ပုတ်ပေးလိုက်ရသည်.. ``ဟုတ်
ကျွန်တော့်သွားမယ် အကိုကြီး.....´´ ပြောရင်းသူထွက်သွားသည်။
                           ကျွန်တော် အကြီးကောင်ကို ကြည့်ရင်း စဉ်းစားဖြစ်သည်.....  အကြီးကောင်၏ ယောက္ခမဖြစ်သူသည် မကြာမီသေး
သော လွန်ခဲ့သည့်  တစ်နှစ်ခန့်က ဆုံးသွားခဲ့သည်....... အဲဒီတုန်းက သူတို့ လင်မယား လိုက်သွားခဲ့ကြသည်၊ ကောင်းမွန်စွာ သဂြီ င်္ုဟ်ပေး
ခဲ့သည်ဟုလည်း သိရသည်၊ အဲဒီတုန်းက သူတို့ စီးပွါးရေး ကောင်းသည်တဲ့........
                           ယခု သူတို့ စီးပွါးရေး မကောင်းကြောင်း ကြားနေရသည်... တကယ်ပင် စီးပွါးရေး မကောင်းဟု ထား..... ချေးငှား၍
ရ/မရ ကျွန်တော်မသိပါ....... ကျွန်တော် မေးချင်လွန်းလှသည်....... မမေးရက်ခဲ့ပါ....... ဘာဘဲဖြစ်ဖြစ် ဒီတာဝန်သည် သားအကြီးဆုံး၏
တာဝန်ဖြစ်သည်၊ သူလိုက်မသွားနိုင်လျှင်သော်မှ ငွေကြေးစီစဉ်ပေးသင့်သည်...... မည်သည့် နည်းဖြင့် မဆိုပေါ့....... သူ့ဖေဖေသည် ပင်
ပန်းဆင်းရဲသည့်ကြားမှ ပုဆိုးလေးတစ်ထည်ရ တစ်ထည် သားအကြီးကို ရွေးချယ်ပေးခဲ့သည်။ အင်မတန်လဲ ချစ်ခဲ့ကြောင်း ကျွန်တော်...
ကောင်းကောင်း သိခဲ့သည်။
                          ဟိုစဉ်းစား ဒီစဉ်းစားဖြင့် တစ်ခါက အလတ်ကောင် ပြောသွားသော စကားတစ်ချို့ကို သတိရမိသည်....`` ကိုကို့ အ
မျိုးသမီးက မလွယ်ဘူး အကိုကြီးရေ...... သူ့ပိုက်ဆံကို အရမ်း သိတာ....  ဖေဖေ့အတွက် ဆေးဖိုးလိုလို့ ကိုကို့ကို ပြောတာဗျာ.... သူက
ဝင်ပြီး ငိုပြလိုက်တာ..... ကျွန်တော်တောင် ပြန်ပေးရမလိုလိုပဲ´´ တဲ့........
                          ဒါဆို အခု ပိုက်ဆံ မရှိဘူးဆိုတာရော...... အဆင်မပြေဘူး ဆိုတာရော...... အကြီးကောင်ကတော့ ဒီလောက်အထိ
မိုက်မဲမည် မထင်ပါ.....
                          ဆက်လဲ မတွေးရဲပါ.... ကျွန်တော်သည် ကားတိုက်ခံရသော ခွေးမကြီးကို မြင်ယောင်မိသည်..... သူ့သားလေးကိုလဲ
မြင်ယောင်မိသည်။ သူ့မေမေ သေဆုံးသွားသောအခါ လူကဲ့သို့ ပြုဖွယ် ကိစ္စများ မရှိသဖြင့် နမ်းရှိုက်၍ တစ်နည်းအားဖြင့် သေဆုံးခြင်းကို
အနံ့ခံ အတည်ပြု၍ တအီအီဖြင့် အသံပေးကာ ထွက်ခွါသွားခဲ့သည်။ သူကြေကွဲနေလား၊ ၀မ်းနည်းနေလား ကျွန်တော် မသိခဲ့.. သို့သော်
သူသည် ခွေးကလေး ဖြစ်နေသဖြင့် ဤမျှသာ တတ်နိုင်ခဲ့သည်ပဲ........။ ယခု..... အကြီးကောင်သည် ခွေးကလေးကဲ့သို့ ပြုမူသွားပြီလား
သို့မဟုတ် အလတ်ကောင်ကို လုံးဝတာဝန်လွှဲချလိုက်ပြီလား မသိတော့......
                           ခွေးလေးသည် မိခင် ဒဏ်ရာဖြင့် လဲနေစဉ်...... သွေးသံရဲရဲဖြင့်တွန့်လိမ်နေသော မိခင်ခွေးမကြီးဘေးတွင် ဟောင်
လိုက်၊ ဟိုဟို သည်သည် ပြေးလိုက်၊ ပြန်လာလိုက်၊ ဒဏ်ရာများကို လျှာဖြင့် လျှက်ပေးလိုက်နှင့် ယောက်ယက်ခတ်နေခဲ့သည်။ လူလိုပြော
ရလျှင် ဒဏ်ရာရသူ၊ နေမကောင်းသူ မိခင်ကို ပြုစုသကဲ့သို့ ဖြစ်ပါသည်။
                           အကြီးကောင်နှင့် အလတ်ကောင်၊ ခွေးကလေးနှင့် အကြီးကောင်တို့အကြောင်းကို  သေချာ စဉ်းစားမိသောအခါ......
ကျွန်တော် မြင်လိုက်သည်မှာ ခွေးတစ်ယောက်နှင့် လူတစ်ကောင်သာ ဖြစ်နေခဲ့ပါတော့သည်.........
                           မြင့်မိုရ်တောင်ထက်ကြီးမားသော မိဘ၏ မေတ္တာများအား အားလုံး မြင်တွေ့နိုင်ကြပါစေဗျာ........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့