
*** တစ်ခါတစ်လေတော့လည်း ........
ဟိုးးး အရင်လိုပဲရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့
နင့်အချစ်တွေမှာပျော်ဝင်နေချင်တယ် ....။
*** တစ်ခါတစ်လေတော့လည်း...
ငါ့အသဲနှလုံးကိုလှည့်မကြည့်
အပျော်တုတွေဖန်တီးပြီး ထင်ရာစိုင်းနေချင်တယ် .....။
*** တစ်ခါတစ်လေတော့လည်း.....
နင့်နံရိုးပိုင်ရှင်ဟာငါ ဖြစ်ပြီး...
နင်ကျွေး တဲ့အဆိပ်သီးစားပြီး နင့်ရဲ့ဘေးမှာရူး နေချင်တယ် ....။
*** တစ်ခါတစ်လေတော့လည်း
အလင်းရှိပြီးမှောင်နေတဲ့ငါ့ကမ္ဘာထဲ
နင့် ရဲ့ ကြယ်အရောင်နဲ့လည်းနေချင်တယ်......။
*** တစ်ခါတစ်လေတော့လည်း
ကမ္ဘာကျော်အလှအပတွေမကြည့်ရလည်း
ငါချစ်တဲ့နင့်မျက်လုံးတွေကြည့်နေပြီးငါကျေနပ်နေချင်တယ်.....။
*** တစ်ခါတစ်လေတော့လည်း
အချိုဆုံးအသံတွေမကြား ရလည်း
ဒေါသနဲ့နင့်စကားတွေ လည်း ငါ ကြားချင်နေတယ်...။
*** တစ်ခါတစ်လေတော့လည်း .....
ငါ့ခေါင်းထဲမှာအရာအားလုံးမေ့လို့
ဘ၀အသစ်တစ်ခုမှာနင့်တစ်ယောက်သာမှတ်မိနေချင်တော့တယ်.....။
No comments:
Post a Comment