Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 14 June 2013

ကြည့်မြင်တိုင် မြို့နယ်တွင် ဆက်သွယ်ရေး (၅) ဝန်ထမ်း အဆောက်အအုံ ပြိုကျ

ရန်ကုန် ဇွန် ၁၃

ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၌ ယနေ့ ညနေ ၄ နာရီခွဲတွင် အိုးဘိုရပ်ကွက်ရှိ ဆက်သွယ်ရေး နှင့် စာတိုက်ရုံး အဆောက်အအုံရှိ ဆက်သွယ်ရေး (၅) ဝန်ထမ်းနေအိမ် နှစ်ထပ် အုတ်ညှပ် အဆောက်အအုံ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံသည် အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် တင်ပြထားပြီး ဖြစ်၍ နေထိုင်သည့် ဝန်ထမ်းများအား ယာယီ ကြိုတင် ရွှေ့ပြောင်းထားပြီး ဖြစ်သဖြင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားရာ နေရာသို့ ကြည့်မြင်တိုင်မြို့နယ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ (ယာ/အုံ) ဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ စခန်းမှူး ဦးသန်းထက်အောင်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ လာရောက်၍ ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့