Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 16 June 2013

ကံစမ်းမဲပေါက်ကြောင်း ယုံကြည်အောင် ပြောဆိုပြီး ငွေလိမ်လည်မှု ကျူးလွန်သူအား ဖမ်းဆီးရမိ

 ၁၄-၆-၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ပျော်ဘွယ်မြို့နေ ကိုမျိုးဇော်မြင့်ထံသို့ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဦးကျော်ကျော်ဆိုသူက ဖုန်းဖြင့်ဆက်သွယ်လာပြီး ဖုန်းနံပါတ်ဖြင့် ကံစမ်းမဲဖေါက်သော အစီအစဉ်တွင် ငွေကျပ်သိန်း(၃၀၀)ရာ ကံစမ်းမဲပေါက်ကြောင်း၊ အခွန်ဆောင်ထားပြီး ဖြစ်ကြောင်း၊ ငွေကျပ်(၉)သိန်းအား ဒဂုံတောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်သို့ ဦးမောင်ဝင်း အမည်ဖြင့် လွှဲပေးရန် ပြောဆိုခဲ့၍ ငွေလွှဲပေးခဲ့ပြီး နောက်ပိုင်းတွင် လိမ်လည်သူများ ဖြစ်ကြောင်း သိရှိရသဖြင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့သို့ တရားခံအား ဖမ်းဆီးပေးရန် အကူအညီ တောင်းခံလာမှု အပေါ် ရန်ကုန်တိုင်း ဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ကမ္ဘောဇဘဏ်သို့ ၁၄၀၀အချိန် သွားရောက် စောင့်ဆိုင်းနေစဉ် ငွေလိမ်လည် လာရောက်ထုတ်ယူသူ သန်လျင်မြို့နယ်နေ ဟိန်းဝင်းထွေး၊ (၂၅)နှစ်၊ (ဘ)ဦးသန်းထွန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်နေ ကျော်သီဟ(ခ) ၀တုတ်၊ (၂၇)နှစ်၊ (ဘ)ဦးအောင်ဆန်းမြင့် တို့(၂)ဦးအား ဖမ်းဆီးရမိသဖြင့် တရားခံများအား မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိ ပါသည်။

ကံစမ်းမဲပေါက်သည်၊ ထီကံစမ်းမဲပေါက်သည်ဟု အကြောင်းပြ လိမ်လည်မှုများ မကြာခဏဖြစ်ပွါးနေ၍
ပြည်သူများအနေဖြင့် သတိပြုသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့