ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ င၀န်မြစ်အတွင်း လက်ထိတ်တန်းလန်းဖြင့် သေဆုံးနေသော အမျိုးသမီးအလောင်း ဇွန် ၁၉ ရက်နေ့က ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းမှ ဒု ရဲအုပ် တဦးအပါအ၀င် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၅ ဦးအား ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သတင်းရရှိသည်။
ဖမ်းဆီး ထိမ်းသိမ်းခံထားရသည့် ရဲတပ်ဖွဲ့ဝင်များမှာ လက်ထိတ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ အမှုအား ကိုင်တွယ် စစ်ဆေးနေသည့် ဒုရဲအုပ် နိုင်အောင်ကျော်၊ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်း နှင့် ဒုတပ်ကြပ် ကျော်လင်းနိုင်တို့ဖြစ်ပြီး ၎င်းတို့အား ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအတွင်း ချုပ်နှောင်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
“ကောင်မလေး သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ ၅ ဦးကို တိုင်းရဲရုံးမှာ ချုပ်ထားတယ်။ တိုင်းရဲမင်းကြီး အမိန့်နဲ့ ဖမ်းတာလား၊ ရဲချုပ်အမိန့်နဲ့ ဖမ်းတာလားတော့ မသိဘူး။ ရဲဥပဒေ အရတော့ သူတို့ ရာထူးက ပြုတ်ဖို့များတယ်။ ထောင်လည်း ကျနိုင်တယ်။ လက်ရှိမှာ စခန်းမှူးကိုလည်း မြို့နယ်ရဲမှူးက ခေါ်စစ်နေတယ်” ဟု သူက ရှင်းပြသည်။
လက်ထိတ်တန်းလန်းဖြင့် သေဆုံးခဲ့သူ မသန်းသန်းအေးမှာ ပုသိမ်မြို့နယ် ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာတွင် ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းနှင့်အတူ နေထိုင်သူဖြစ်ပြီး ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာနေ ဦးအုန်းမြင့်၊ ဒေါ်မြင့်မြင့်တို့ နေအိမ်မှ ရွှေထည်ပစ္စည်း ၁၀ ကျပ်သား ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ခင်ပွန်းဖြစ်သူ အဖမ်းခံခဲ့ရပြီးနောက် ၃ ရက်အကြာ ဇွန်လ ၁၁ ရက်နေ့တွင် မသန်းသန်းအေးအား သင်္ဘောကျင်း ရဲစခန်းမှ ဒုရဲအုပ် နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် များက လာရောက် ဖမ်းဆီးခဲ့သည်။
“သူ့ယောက်ျား အဖမ်းခံရတော့ ကျနော့်သမီးကို ကျနော်နေတဲ့ ထိန်ချောင်အုပ်စု လက်ပံရွာကို ခေါ်ထားတယ်။ နောက်ရက် လည်း ကျရော ရဲ ၇ ယောက်က သေနတ်တွေနဲ့ ကျနော့်တဲကို လာဝိုင်းတယ်။ ပြီးတော့ တဲထဲမှာ ရွှေတွေကို ၀င်ရှာတယ်၊ မတွေ့ဘူး။ မတွေ့တော့ ပြန်ခါနီးမှာ ကျနော့်သမီး မသန်းသန်းအေးကို ခဏ မေးစရာရှိလို့ပါ၊ ဘာမှ မဖြစ်စေရဘူး၊ ညတွင်းချင်း ပြန်ပို့ပေးပါမယ်ဆိုပြီး ဒုရဲအုပ် နိုင်အောင်ကျော်က အာမခံတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မှတ်ကလည်း တာဝန် ယူပါတယ်ဆိုလို့ သူတို့နဲ့ ထည့်ပေးလိုက်တယ်” ဟု မသန်းသန်းအေး၏ ဖခင် ဦးပြည်သိမ်းက ဧရာဝတီကို ပြောသည်။
မသန်းသန်းအေးအား ရဲများက ခေါ်ဆောင်သွားပြီးနောက် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (မြက်တိုစခန်း)၊ အမှတ် – ၁ (အသည်ကြီးစခန်း)၊ ပုသိမ်တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းတို့တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရွှေထည် ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ချုပ်နှောင်စစ်ဆေးခဲ့ကြောင်း ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အဲဒီ ၁၇ ရက်နေ့က သပြေပင်ရွာမှာ ကောင်မလေးက ပစ္စည်းလိုက်ပြတော့ ရေငုပ်သမားတွေ ခေါ်ပြီးသွားတယ်။ ရွာ ရောက်တော့ ကောင်မလေးပြတဲ့ နေရာမှာ ငုပ်တယ်။ ရွှေထည် ပစ္စည်းတွေ မတွေ့ဘူး။ နောက်ထပ် ၂ နေရာလောက် ပြတယ်၊ ငုပ်တယ်၊ မတွေ့ဘူး။ အဲဒါနဲ့ မှောင်လာတော့ ရွာကပြန်လာကြတယ်။ ကြက်တန်းကူးတို့နား ရောက်တော့ ကောင်မလေး ခြေထောက်က ခြေကျင်းကို ညာဘက်က ကွင်းဖြုတ်ပြီး ဘယ်ဘက်မှာ ၂ ကွင်း ခတ်လိုက်တယ်။ လက်မှာက ရိုးရိုးလက်ထိတ် ၁ ကွင်း၊ ကြိုးလက်ထိတ်က ၁ ကွင်း ခတ်ထားတယ်။ အဲဒါနဲ့ ကောင်မလေးက ရဲတွေအလစ်မှာ လှေနံရံပေါ်ကနေ ရေထဲကို ပက်လက် လှန်ချလိုက်တာ လိုက်ဆွဲတာ မမီတော့ဘူး။ အဲဒါနဲ့ ရဲတွေလည်း ဒိုက်ဗင်ထိုးပြီး ရေထဲ လိုက်ဆယ်ပေမယ့် မမီတော့ဘူး” ဟု အခင်းဖြစ်ခဲ့သည့် စက်လှေပေါ်တွင် အတူလိုက်ပါ စီးနင်းခဲ့သူ ပုသိမ်မြို့တဘက်ကမ်း အမှတ် ၉ ရပ်ကွက်မှ ဆယ်အိမ်မှူး ကိုငယ်ဇော်က ပြောသည်။
၁၇ ရက်နေ့ညတွင် မသန်းသန်းအေး ရေထဲ ကျသွားသည့်ဖြစ်ရပ်အား သင်္ဘောကျင်း စခန်းမှ ရဲအရာရှိများက သက်ဆိုင်ရာ မိဘဆွေမျိုးများထံ လုံးဝ အကြောင်းကြားခြင်း မရှိခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးပြည်သိမ်းက ဆိုသည်။
“ကျနော့်သမီးကို မြက်တိုကနေ အသည်ကြီးစခန်း (အမှတ် ၁ ရဲစခန်း) ကို ရွှေ့ထားတုန်းက အချုပ်မို့လို့ ထမင်းကို နေ့တိုင်း လာပို့ပါဆိုလို့ ထမင်းနေ့တိုင်း ပို့တယ်။ ဒါပေမယ့် သမီးကိုတော့ တွေ့ခွင့်မရခဲ့ဘူး။ ၁၈ ရက်နေ့ကျတော့ သင်္ဘောကျင်း စခန်းမှာ ထမင်း လာပို့တော့ ဟိုဘက်ကမ်းက ထောင်ကြီးချုပ်ကို ပို့ထားလိုက်ပြီ၊ နောက်နေ့တွေ ထမင်း လာမပို့နဲ့တော့လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်တို့လည်း ရွာပြန်ရောက်ရော ဘေးကနေ သူများပြောလို့ လူကိုယ်တိုင် လိုက်လာပြီးစုံစမ်းတော့မှ ကျနော့်သမီး ဆုံးပြီဆိုတာ သိတာ။ ရဲက ကျနော်တို့ဆီ လုံးဝ အကြောင်းမကြားခဲ့ပါဘူး” ဟု သူက ပြောသည်။
ဇွန် ၁၇ ရက်နေ့ ည ၇ နာရီဝန်းကျင် ခန့်က ရေနစ်သေဆုံးသွားခဲ့သည့် မသန်းသန်းအေး၏ သက်မဲ့ ခန္ဓာကိုယ်မှာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် လက်ထိတ် ၃ ခု ခတ်လျှက်သား အနေအထားဖြင့် ပြန်ပေါ်လာခဲ့ပြီး ပုသိမ်မြို့ခံများ ရာနှင့်ချီ၍ လာရောက် ကြည့်ရှုကြသည်။
ရွှေထည်ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ မသန်းသန်းအေးအား ဒုရဲအုပ် နိုင်အောင်ကျော်က ရိုက်နှက် စစ်ဆေးနေသည်ကို မြင်တွေ့ခဲ့သည့် မျက်မြင်သက်သေများ သပြေပင် ကျေးရွာတွင် ရှိကြောင်း၊ ရိုက်နှက်သည့် ဒဏ်ကို မခံနိုင်သည့် အဆုံး ယခုကဲ့သို့ ရေထဲခုန်ချ အဆုံးစီရင် သွားသည်ဟု ထင်မိကြောင်း မသန်းသန်းအေး၏ မိသားစုဝင်များက ပြောသည်။
ကွယ်လွန်သူ မသန်းသန်းအေး၏ ဖခင် ဦးပြည်သိမ်းနှင့် အစ်မဖြစ်သူ မမွှေးမွှေးဦး တို့အား ပုသိမ်ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးဇော်ဝင်းကျော်က ယမန်နေ့တွင် ခရိုင်ရဲရုံးသို့ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။
“သူ အားလုံးကို စိစစ်ပေးပါ့မယ်၊ အမှန်အတိုင်း ဖြစ်စေရမယ်၊ ဥပဒေအရ အရေးယူပေးပါ့မယ်လို့ ပြောတယ်။ ကျနော့် သမီးနဲ့ ပတ်သက်လို့ ငွေကြေးတစုံတရာ ကူညီထောက်ပံ့ခြင်းတော့ မရှိပါဘူး” ဟု ဦးပြည်သိမ်းက ပြောသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များအပေါ် အရေးယူ ဆောင်ရွက်ထားမှုများ၊ မသန်းသန်းအေး၏ အမှုဖြစ်စဉ်များ သိရှိ နိုင်ရန်အတွက်ပုသိမ်ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးဇော်ဝင်းကျော်အား တွေ့ဆုံမေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဦးဇော်ဝင်းကျော်က လက်ခံတွေ့ဆုံခြင်း မရှိပေ။
ကွယ်လွန်ခဲ့ပြီဖြစ်သည့် မသန်းသန်းအေး၏ ရုပ်အလောင်းအား ယမန်နေ့ နေ့လည် ၂ နာရီက ပုသိမ်မြို့ရှိ လူမှုကွန်ရက်များ၊ မြို့ခံများနှင့် ဂရုဏာ နာရေးကူညီမှုအသင်းတို့ ပူးပေါင်းကာ သင်္ဂြိုဟ်ကုန်း သုဿာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြသည်။
သင်္ဘောကျင်း ရဲစခန်းမှ “ပြစ်မှုအမှတ် ၄၂/ ၂၀၁၃၊ ပုဒ်မ ၃၀၈ တို့ဖြင့်စွဲ၍ တရားခံအဖြစ် ဖမ်းဆီးခံထားရသော မအသန်း (ခ) မသန်းသန်းအေးသည် ဇွန်လ ၁၇ ရက်နေ့က ဘ၀တပါးသို့ ကူးပြောင်းသွားသည့်အတွက် ၎င်းအား ချုပ်နှောင်ထားသော အချုပ်မှ လွှတ်လိုက်သည်” ဟူ၍ အမိန့်ပြန်တမ်း ထုတ်ပေးခဲ့သော်လည်း သုဿာန်တွင် မြေချချိန်၌ ပြန်တမ်းလိုက်ပါ ရွတ်ပေးခြင်း မရှိသည့်အတွက် ပုသိမ်မြို့မှ ကွန်ရက်အဖွဲ့ဝင် တဦးက ပြန်တမ်းကို ဖတ်ကြားပေးခဲ့ရသည်။
လက်ရှိတွင် မသန်းသန်းအေး၏ ခင်ပွန်း ကိုနန်းဝင်းအား ပုသိမ်မြို့ရှိ ထောင်ကြီးချုပ်တွင် ချုပ်နှောင်ထားပြီး ယခုလ ၂၅ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Sunday, 23 June 2013
လက်ထိတ်တန်းလန်းနှင့် အမျိုးသမီးအလောင်း ငဝန်မြစ်အတွင်း ပေါ်မှု ရဲ ၅ ဦးကို ဖမ်းပြီ
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
June
(427)
- အကြမ်းဖက်အထိကရုံန်း လက်သယ် ဘယ်သူလဲ? ဖေါ်လိုက်ပြီ ကဲ...
- အိမ်ထောင်ရှင်မ ဖြစ်တော့မည့် ၀ိသာခါကို သူ့မိဘများ မ...
- ဂေါတမမြတ်စွာဘုရားအလောင်းတော် သောဘိတမြတ်စွာဘုရားရှင...
- "ငါနင့်ကို အရမ်းချစ်တယ်"
- 'မထားခဲ့ပါနဲ့'
- မိဂဒါဝုန်မှာ မြတ်စွာဘုရား အသုံးချခဲ့တဲ့မူ'
- Coppy ကူးတာကိုသာမာန်ထက်အဆပေါင်းများစွာမြန်စေမဲ့(Ex...
- အရေးကြီး Folder လေးတစ်ခု ဘယ်သူမှမသိအောင်ဖွက်ကြရအောင်'
- မျိုးစောင့်ဥပဒေအပေါ် နိုင်ငံရေးပါတီတွေ့ရဲ့အမြင်
- ဒဂုံမြို့သစ်မှာ တောင်သူ ၃ဝဝ ကျော် ဆန္ဒပြ (ရုပ်/သံ)
- ဒဂုံမြို့သစ်မှာ တောင်သူ ၃ဝဝ ကျော် ဆန္ဒပြ
- ဇွန်လ (၂၈)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ
- ဇွန်လ (၂၈)ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၄၇
- စည်ပင်သက်တမ်းတိုးမပေး၍ ရေခဲကမ္ဘာပိတ်မည်
- နှစ်နိုင်ငံသဘောတူညီချက်အရ စေလွှတ်ထားသည့် အလုပ်သမာ...
- လက်ကိုင်ဖုန်းပြောဆိုခ များ တစ်မိနစ်လျင် ၅ ကျပ် နှု...
- မြေပိုင်ဆိုင်မှုအတုဖြင့် ဂျပန်နိုင်ငံသားထံမှ လိမ်လည...
- တက္ကစီများကို CNG ထပ်မပေးတော့ဟုဆို
- မိုးသည်း မှိုင်းထမှုကြောင့် ကားမှောက် ၊ ဒရိုင်ဗာ နှ...
- မွေးကင်းစ ကလေးငယ်အလောင်းအား စွန့်ပစ်ထားသည်ကို တွေ့ရှိ
- အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး ...
- ဇွန်လ (၂၉)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင...
- တပ်ကုန်းရေမရသဖြင့် ထွေအုပ်ဝန်ထမ်းအား တပ်ရင်းမှူးရု...
- တပ်သိမ်းလယ်မြေအားလုံး ဇူလိုင် ပြန်ပေးမည်
- ထိုင်းဘုရင် သင်္ချိုင်းတော်ရှေ့ လုပ်ငန်းစဉ်များနှင့...
- ဇွန်လ (၂၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဇွန်လ (၂၈)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- ကလေးအလုပ်သမားကိစ္စဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲ
- လွှတ်တော်နဲ့ အစိုးရကြား ကောလဟာလတွေ ကို ဂရုမစိုက်ဖို...
- ကလေးနဲ့တမူးခရိုင်တွေမှာ အရာရှိသစ်တွေနဲ့ အစားထိုး...
- မိုဘိုင်းဖုန်း မြန်မြန် သုံးနိုင်အောင် လုပ်မယ်လို့...
- အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိမှုကို ယာဉ်ပိုင်ရ...
- တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမေရိကန် ဒေါ်လာ ၇၆.၇...
- ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် လိုင်စင် ၂ ခု ...
- စွမ်းအင် ကုန်းတွင်း လုပ်ကွက်များ အတွက် နောက်ဆုံး အ...
- တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်းများ ထုတ်ပေးမှု...
- ဇွန်လ (၃၀)ရက်နေ့ ထုတ် Reporter News Journal Issue...
- တရုတ်နိုင်ငံ လူမျိုးရေးအဓိကရုဏ်း ၃၅ ယောက်သေ
- ပုလဲလူသတ်မှု ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်
- တစ်ဦးတည်းပိုင် ကုန်သွယ်ခွင့်ကဒ် သက်တမ်း ကျော်လွန်ပ...
- IT နည်းပညာများ တိုးတက်စေရန် Technoprenership ပြိုင...
- ၆ ဘာသာဂုဏ်ထူးရှင်၂ ဦး အပါအ၀င် ၂၂ ဦး ထူးခြားစွာ အော...
- ဆက်သွယ်ရေး လိုင်စင်ရ ကုမ္ပဏီ နှစ်ခု အကြောင်း
- အမေရိကန် မြန်မာပူးပေါင်းကူညီမှု သဘောတူလက်မှတ်ထိုး
- တိုင်းမ်မဂ္ဂဇင်း ရေးသားချက် သံဃာ့ညီလာခံ ကန့်ကွက်
- ဖမ်းဆီးခံ လယ်သမား ၃၆ ဦး အာမခံရရှိ
- နိုင်ငံရေးပါတီများ သင်ထောက်ကူပစ္စည်းများ လှူဒါန်းလု...
- ဇွန်လ (၂၈)ရက်နေ့ ထုတ် EURO SPORTS ဂျာနယ် အတွဲ(၄) အ...
- ဇွန်လ (၂၈)ရက်နေ့ ထုတ် Auto World ဂျာနယ် အတွဲ(၂) အမ...
- မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကန့်ကွက်တဲ့အမတ် ၂ဝ၁...
- တပ်သိမ်းမြေအရေး လျော်ကြေးပေးရန် မိကျောင်းကန်ပြည်သူ...
- တယ်လီနော်ကုမ္ပဏီက မြန်မာဝန်ထမ်းများကို အများဆုံး ခန...
- အမျိုးစောင့် ဥပဒေပေါ်ပေါက်ရေး ကြိုးပမ်းမှု ရည်ရွယ်ချ...
- မလေးထိန်းသိမ်းရေးစခန်းက မြန်မာ ၂၀၀ ကို လေယာဉ်စင်းလ...
- ဇွန်လ (၂၇)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ် အတွဲ(...
- အပြန်စရိတ်မရှိသည့် အလုပ်သမားများကို လေယာဉ် အခမဲ့စီ...
- စဥ့်ကူးတွင် ကောလာဟလကြောင့် အစ္စလာမ်ဘာသာဝင်အချို့ တိ...
- ဆက်သွယ်ရေး တင်ဒါ Telenor (နော်ဝေ) နှင့် QTel (Oore...
- ရွှေဆိုင်ချင်း စကားများ ကြားလူအုပ် ဝင်လု
- အသိမ်းခံရသောမြေတွင် ပြန်ထွန်ယက်သည့် နောင်ချို တောင...
- ကလေးမြို့သာဓကနှင့် အကျင့်ပျက် ခြစားမှု ပြဿနာ ဘယ်လို...
- ဆက်သွယ်ရေး ၀န်ကြီး ဦးမြတ်ဟိန်း မီဒီယာတွေနဲ့ တွေ့ ဆ...
- တင်ဒါကိစ္စ ၀န်ကြီး ဦးမြတ်ဟိန်း လွှတ်တော်မှာ ရှင်းလင်...
- တင်ဒါအောင်တဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ အသစ်ထွက်လာမယ့်...
- ရန်ကုန်မြစ်ဖြတ် ဒလတံတား တောင်ကိုရီးယား ဆောက်ပေးမည်...
- တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု လေးပုံတစ်ပုံ ကျဆင်း
- ဇိမ်ခံကားများ နယ်စပ်မှ တင်သွင်းခွင့်ပြုရန် အစီအစဉ်...
- ဇွန်လ (၂၆)ရက်နေ့ ထုတ် 7 Days News Vol 12 No 16
- ဆက်သွယ်ရေးတင်ဒါကို နိုင်ငံတကာစံနှုန်းနှင့်အညီ ဆောင်...
- ရွေးချယ်ပြီးဖြစ်သည့် ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုအမ...
- ဇွန်လ (၂၇)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- ဇွန်လ (၂၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းပြီးမှ ရင်းနှီးမြှုပ်နှံမှု ခွင...
- အနာဂတ်မရေရာသည့် မြန်မာ့ခရီးသွားလုပ်ငန်း
- ဒေါ်အောင်ဆန်းစုကြည် သမ္မတ ယှဉ်ပြိုင်ခွင့်မရှိပါက၂၀၁၅...
- ပြည်ခိုင်ဖြိုး ဝန်ကြီးတွေ ဗဟိုကော်မီတီကနေ နုတ်ထွက်
- ကမ်းလွန် လုပ်ကွက်များ လုပ်ကိုင်ရန် အတွက် နိုင်ငံတက...
- ဆေးလိပ်၊ ဆေးရွက်ကြီး ကြော်ငြာခြင်းနှင့် သောက်သုံြး...
- ဖမ်းဆီးရမိ ထားသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်...
- ပုဂ္ဂလိက အာမခံ ကုမ္ပဏီများအား သက်ဆိုင်ရာ ၀န်ကြီးဌာနမ...
- တိုင်းဒေသကြီး အလိုက် အနည်းဆုံး လုပ်ခလစာ သတ်မှတ် သွ...
- မြန်မာအမျိုးသမီးများနေ့ ၀တ်စား ဆင်ယင်ထုံးဖွဲ့မှုပြပ...
- Export-Import Bank of India ၏ ကိုယ်စားလှယ် ရုံးခွဲ...
- ရန်ကုန်-ဒလမြစ်ကူး တံတားအား ဒေါ်လာ သန်းပေါင်း ၁၅၀ ကေ...
- ဒီဂျစ်တယ် မီတာစနစ်ဖြင့် ပိုမိုတိကျတဲ့ ဓာတ်အားကောက်...
- မြောက်ဦးယဉ်ကျေးမှုကို မထိန်းသိမ်းက ကမ္ဘာ့အမွေအနှစ်စာ...
- ဇွန်လ (၂၉)ရက်နေ့ ထုတ် Netguide ဂျာနယ် အတွဲ ၂၊ အမှတ...
- ဇွန်လ (၂၈)ရက်နေ့ ထုတ် The Hot News Weekly ဂျာနယ် အ...
- မြန်မာနိုင်ငံမှာ ကလေးစစ်သား ဆက်ရှိနေဆဲ
- လက်ကိုင်ဖုန်း လုပ်ငန်း လွှတ်တော် တားမြစ်
- ဆက်သွယ်ရေး ဥပဒေ နှင့် ရင်းနှီးမြုပ်နှံမှု (ရုပ်/သံ)
- မန္တလေးတောင်က ဈေးသည်တွေနဲ့ ဂေါပက ပဋိပက္ခ(ရုပ်/သံ)
- ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ပိုများလာ
- မြောက်ဥက္ကလာနဲ့ မင်္ဂလာဒုံ မြေသိမ်းခံ လယ်သမား ၁၀၀ ကျေ...
- တိုင်းမ်မဂ္ဂဇင်း ရေးသားချက် RNDP ပါတီ ကန့်ကွက်ရှုတ်ချ
- လက်ထပ်ထိမ်းများခြင်း ဥပဒေ ပြင်ဆင်ရေးဆွဲဖို့ NDFပါတ...
- စိတ်ကြွဆေးပြားသုံးစွဲ၍ မိဘအိမ်ကို မီးရှို့ ဖျက်ဆီြး...
- ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းပြီးမှ ရင်းနှီးမြှုပ်နှံမှု ခွင...
- ပင်စင်လာထုတ်သည့်အဘိုးအို ဘဏ်ရှေ့ လဲကျသေဆုံး
- ဆွမ်းစားပြန် သံဃာများ စီးလာသည့်ယာဉ် ပေ၂၀၀ကျော် ချေ...
-
▼
June
(427)

No comments:
Post a Comment