Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 16 June 2013

သတင်းစာတိုက်အတွက် လယ်ဧက ၅၀၀ ခန့် သိမ်းဆည်း ထားသော်လည်း ဧက ၁၀၀ ခန့်သာ အသုံးပြု

 မြန်မာ့အလင်း၊ ကြေးမုံ၊ News Light of Myanmar သတင်းစာတိုက် ဆောက်လုပ်ရန်အတွက် နေပြည်တော် ပုဗ္ပသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာမှ တောင်သူများ၏ လယ်ယာမြေဧက ၅၀၀ ခန့် သိမ်းယူခဲ့သော်လည်း လက်ရှိအချိန်အထိ ဧက ၁၀၀ ခန့်သာ အသုံးပြုခြင်းကြောင့် ကျန်ရှိနေသည့်
လယ်ယာမြေ များကို ပြန်လည်လုပ်ကိုင်လိုကြောင်း သိမ်းဆည်းခံ တောင်သူများက ပြောသည်။

“၂၀၀၃-၂၀၀၄ ခုနှစ်မှာ လက်ရှိလုပ်နေတဲ့ ဒေသခံတောင်သူတွေကို သတင်းစာတိုက်ဆောက်ဖို့ဆိုပြီး ယာဧက ၁၀၀ ခန့် သိမ်းသွားခဲ့တယ်။ ၂၀၀၅-၂၀၀၆ မှာ ယာဧက ၃၀၀ ခန့် ထပ်ပြီးတော့ သိမ်းတယ်။
တောင်သူတွေကိုလည်း အသိပေးတာ၊ အသိအမှတ်ပြုတာမျိုး မလုပ်ခဲ့ဘူး။ သိမ်းဆည်းခံရတဲ့ တောင်သူ ၈၀၊ ၁၀၀ လောက်မှာ ၁၅ ဦးလောက်ပဲ လျော်ကြေးရခဲ့တယ်”ဟု ၀ဲကြီးကျေးရွာမှ တောင်သူ ကိုဇော်လတ်က ပြောသည်။

ကျန်ရှိသည့် ယာမြေများတွင် ၀င်ရောက်လုပ်ကိုင်ရာတွင် တားမြစ်ခဲ့ပြီး ဆွေးနွေးရန် အကြိမ်ကြိမ် ရက်ချိန်းပေးခဲ့သော်လည်း တကယ်တမ်းဆွေးနွေးရန် သွားရောက်ရာ အတွေ့မခံတော့ကြောင်း ၎င်းကပြောသည်။ လက်ရှိတွင် ၀ဲကြီးကျေးရွာမှ တောင်သူများမှာ ကျောက်ခွဲစက်အလုပ်သမား၊ ကျောက်ထု၊ ကျောက်တင်၊ ကျောက်သယ်အလုပ်သမားများအဖြစ် လုပ်ကိုင်နေ ရကြောင်း ပြောသည်။

“ဒီယာမြေတွေကို ဘာအကြောင်း ကြောင်းကြောင့် စုံစုံမင်မင် ခုံခုံမက်မက် သိမ်းထားရတာလည်း သိချင်ပါတယ်။ နစ်နာခဲ့တဲ့နှစ်တွေအတွက် သိမ်းဆည်းခံ ထားရတဲ့ တောင်သူတွေဘက်ကိုလည်း သနားငဲ့ညှာစေချင်ပါတယ်။ နစ်နာကြေး တွေ ဘယ်လောက်ပေးပေး တောင်သူက
တခြားအလုပ်တွေ မလုပ်တတ်တော့ လယ်လုပ်မှပဲ အဆင်ပြေမှာဆိုတော့ ယာမြေကိုပဲ ပြန်လိုချင်ပါတယ်”ဟု ကိုဇော်လတ်က ပြောသည်။ ၎င်းတို့ဘက်မှ တိကျသော အဖြေတစ်ခုမပေးပါက
တောင်သူများမှ သိမ်းဆည်းလယ်ယာမြေများတွင် ထွန်ယက်စိုက်ပျိုးမည်ဟု ပြောသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့