Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 16 June 2013

ရွှေတိဂုံစေတီတွင် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦး ပန်းကြဲ

 မြန်မာနိုင်ငံ၏ အထင်ရှားဆုံး စေတီဖြစ်သော ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်း ရင်ပြင်တော်တွင် ဇွန်လ ၁၄ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က အသက် ၃၈ နှစ်အရွယ် စိတ်မနှံ့သူ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးသည် နှင်းဆီပန်းများကို ကြဲချခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက လုံခြုံရေးရုံးမှ သိရသည်။

အဆိုပါ အမျိုးသမီးနှင့် အတူ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး အဖော်ပါပြီး အရှေ့ဘက်မုခ်မှ နှင်းဆီပန်းငါးစည်းကို ငွေကျပ်တစ်သောင်းဖြင့် ဝယ်ယူ၍ ဘုရားရင်ပြင်ထောင့် တွင် ပန်းကြဲကာ ဓာတ်ပုံအရိုက်ခံပြီး ထွက်ပြေးခြင်းကြောင့် ဘုရားဂေါပက လုံခြုံရေးအဖွဲ့က ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဘုရားပေါ်ရှိ မျက်မြင်သက်သေများ၏ ပြောဆိုချက်များအရ သိရသည်။

ယင်းအမျိုးသမီးသည် ရှမ်းတိုင်းရင်းသူ ဒေါ်ခင်မျိုးဖြစ်ကာ ၄င်း၏ခင်ပွန်းမှာ ရခိုင်ပြည်နယ် မောင်တောမြို့မှ ဖြစ်ပြီး ရန်ကုန်မြို့သို့ အလည်လာချိန် ရွှေတိဂုံ စေတီတော်သို့ ရောက်ရှိကာ အထက်ပါအတိုင်း လုပ်ဆောင်သောကြောင့် ဂေါပက လုံခြုံရေးရုံးက ခေါ်ယူစစ်ဆေးခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။

၎င်းတို့နှစ်ဦးသည် အရှေ့ဘက် စောင်းတန်းသို့ ပြေးဆင်းသွားသဖြင့် ရွှေတိဂုံစေတီ ဂေါပကအဖွဲ့နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့က ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် သုံးနာရီခန့် အကြာတွင် ပြန်လွှတ်ပေးလိုက် ကြောင်း ယင်းရုံးရှေ့တွင် စောင့်ကြည့်နေ သူများက ပြောဆိုသည်။

ရွှေတိဂုံစေတီတော် ဂေါပကလုံခြုံ ရေးရုံးခန်းတွင် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးက
"စိတ်မနှံ့တဲ့ အမျိုးသမီးပါ။ ဒါကြောင့် လွှတ်လိုက်တာပါ" ဟု The Voice သို့ ပြောကြားသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးမှာ လက်ရှိ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၁၉) ရပ်ကွက်တွင် ခေတ္တတည်းခိုပြီး ရွှေတိဂုံစေတီသို့ လာရောက်ခြင်းဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက လုံခြုံရေးရုံးထံမှ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့