Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 25 June 2013

ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ အတွက် မလေးရှားနိုင်ငံမှ အကျိုးတူ ပူးပေါင်း သွားမည်

ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ တိုးတက်ဖို့ အတွက် မလေးရှား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပြီး အဲ့ဒီလို အကျိုးတူ
ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အတွက် တွေ့ဆုံ ဆွေးနွေးပွဲ ကိုတော့ ဇွန်လ ၂၄ ရက်နေ့က Summit Parkview Hotel မှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ မလေးရှား နိုင်ငံမှ စီးပွားရေး လုပ်ငန်း ၁၅ ခုနဲ့ ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များကို တိုက်ရိုက် တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။

အခုလို မလေးရှား နိုင်ငံမှ လာရောက် ဆွေးနွေးတဲ့ စီးပွားရေး ကုမ္ပဏီတွေ ကတော့ သစ်လုပ်ငန်း၊ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ခြင်း လုပ်ငန်း၊ စတီးပစ္စည်း လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ အလူမီနီယမ် ထုတ်လုပ်ရေး လုပ်ငန်း၊ ပရိဘောဂ လုပ်ငန်း၊ ၀ါယာကြိုး လုပ်ငန်း၊ ဓာတုကုန်ထုတ် လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း အစရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ လာရောက် ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင် တွေများနဲ့ အဓိက လာရောက် ဆွေးနွေးတဲ့ စီးပွားရေး လုပ်ငန်းတွေ ကတော့ Construction, Pakageing, Communication, Education အစရှိတဲ့ လုပ်ငန်းပိုင်း တွေကို လာရောက် ဆွေးနွေးတာ ဖြစ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့