Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 19 June 2013

» ရဲတပ်ဖွဲ့ဝင်တစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံး

 ၁၈.၆.၂၀၁၃ရက်နေ့ ၂၃၀၀ အချိန် လေဆိပ်နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်သက်လွင်သည် လမ်းကြောင်း လုံခြုံရေးတာဝန် ဆောင်ရွက်ပြီး လေဆိပ်နယ်မြေ ရဲစခန်းသို့ပြန်ရန်အတွက်
VIP ၀င်ပေါက်ဝဘေး လမ်းတစ်ဖက်တွင် ဆိုင်ကယ်အား ခွလျက်ရှိနေစဉ် လေဆိပ်ပြည်တွင်းဝင်ပေါက်ဘက် မှမောင်းနှင်ထွက်လာသော TAXIယာဉ်မှ ၎င်းအား တိုက်မိ ထွက်ပြေးသဖြင့် လေဆိပ်နယ်မြေ ရဲစခန်းမှူးနှင့် အဖွဲ့မှ လိုက်လံဖမ်းဆီးရာ ယာဉ်အမှတ် ကက/ ---- ၊ ယာဉ်မောင်းဖြစ်သူ မောင်မောင်ဦး၊ ၅၀နှစ်၊ (ဘ)ဦးမောင်ကြည်၊ စောရန်ပိုင်ရပ်ကွက်၊ အလုံမြို့နယ်နေသူအား ပြည်ပ VIP ဆောင်အနီးတွင် ဖမ်းဆီးရမိခဲ့ပါသည်။

ယာဉ်တိုက်ခံရသူ ရဲတပ်ကြပ်သက်လွင်မှာ ယာဉ်တိုက်ခံရသည့် ဒဏ်ရာများ ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးတွင် တင်ပို့ကုသလျက်ရှိရာမှ ၂၃၅၀ အချိန်တွင် သေဆုံးသွားသဖြင့် ယာဉ်မောင်းတရားခံ မောင်မောင်ဦးအား မင်္ဂလာဒုံမြို့မရဲစခန်း ယာဉ်(ပ)၄၄/၂၀၁၃ ၊ ပုဒ်မ ၃၀၄-က ဖြင့် အရေးယူထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ် ပြန်ထားပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့