“ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရရဲ့ ဘူးသီးတောင် မောင်တောမှာ ထုတ်ပြန်ထားတဲ့ ဘင်္ဂါလီမိသားစုများ တစ်အိမ်ထောင် ကလေးနှစ်ဦး မွေးဖွားခွင့် ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း သံဃာတော်အပါး ၃၀၀ လောက်က ဦးဆောင်ပြီး လှည့်လည်ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ လူအင်အား ၂၀၀၀ ကျော် ပါဝင်ပါတယ်။ ၀င်္ကဘာလမ်းကနေ စထွက်ပါတယ်။ မင်းဘာကြီးလမ်းကို ၀င်ပြီး မင်းဘာကြီးလမ်းကနေ မြောက်ဘက်ကိုသွားပြီး လမ်းမကြီးကနေပြီးတော့ ၀င်္ကဘာလမ်းကို ပြန်ဝင်ပါမယ်”ဟု လှည့်လည်ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
ဘူသီးတောင် မောင်တောဒေသတွင် ဘင်္ဂါလီလူဦးရေမှာ ရခိုင်ဒေသခံများထက် အဆပေါင်းများစွာ ပိုမိုနေပြီး လူဦးရေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ရှိနေကြောင်း၊ ဘင်္ဂါလီမိသားစုများအနေဖြင့် တစ်အိမ်ထောင်လျှင် ကလေးနှစ်ဦးသာမွေးဖွားခွင့် ဒေသန္တရအမိန့်ကို ၁၉၉၅ ခုနှစ်ကပင် စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment