Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 14 June 2013

ရမည်းသင်းတွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

 မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပေါင်းလောင်းဒေသ စုပေါင်းကုမ္ပဏီ လုပ်ကွက်ရှိ အင်းအမှတ် (၁၀၄) တွင် ဇွန်လ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်က သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပေါင်းလောင်းဒေသ စုပေါင်း ကုမ္ပဏီလုပ်ကွက်ရှိ အင်းအမှတ် (၁၀၄) ရှိ အင်းလုပ်သမားများ စုပေါင်းနေထိုင်ရာ တဲတွင် အင်းလုပ်သားများဖြစ်သော ဦးသိန်းလွင် ၅၀ နှစ်၊ ဇော်ဇော်ဟန် ၃၃ နှစ်၊ မောင်သိန်း ၂၀ နှစ်၊ ရန်နိုင်ထွန်း ၁၈ နှစ်၊ တို့သည် တဲအတွင်း အိပ်ပျော်နေစဉ် လုပ်ငန်းအတူတူ အလုပ်လုပ်ကိုင်သူ အင်းလုပ်သား လင်းလင်း ၁၈ နှစ်က ဇွန်လ ၅ ရက်နေ့က ပေါင်းလောင်းဒေသ စုပေါင်း ကုမ္ပဏီဈေးတန်းရှိ ထမင်းဆိုင်တွင် ၄င်း၏အစ်ကို ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးသွားမှုနှင့် ပတ်သက်၍ သေဆုံးသူများနှင့် အချေအတင် စကားများခဲ့မှုအပေါ် မကျေနပ်သဖြင့် အရိုးအသွား ၁၃ လက်မခန့်ရှိသည့် ဓားဦးချွန်ဖြင့် လိုက်လံထိုးသွင်းရာ သုံးဦးမှာ ဓားဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး တစ်ဦးကို ရမည်းသင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

"သူတို့ဖြစ်တာက အပြင်မှာ ဖြစ်တာပါ။ သူတို့ဘာသာ စကားများပြီးရာမှ ဖြစ်ကြတာပါ၊ ကုမ္ပဏီနဲ့ ဘာမှမဆိုင်ပါဘူး" ဟု ပေါင်းလောင်းဒေသ စုပေါင်းကုမ္ပဏီ လုပ်ကွက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းမြင့် က ပြောကြားသည်။

တရားခံလင်းလင်းကို ရမည်းသင်း မြို့နယ် တူးကုန်းရဲစခန်းက (ပ) ၅၈/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂၊ ၃၂၆ အရ အမှုဖွင့်ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့