Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 13 June 2013

တရားရုံးက စစ်ဆေးအပြီး လူတစ်ဦး ဦးနှောက်သွေးကြောပေါက်သေ

 မရမ်းကုန်းတရားရုံးတွင် တရားရင်ဆိုင်နေရသော ပြည်သူ့ဝန်ထမ်း ယောင်ဆောင်မှု၊ လိမ်လည်မှုတို့ဖြင့် စွပ်စွဲခံထားရသူ တစ်ဦး တရားသူကြီးက စစ်ဆေးအပြီးတွင် ဦးနှောက် သွေးကြောပေါက် သေဆုံးမှုတစ်ခု ဇွန် ၁၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သေဆုံးသူမှာ အမှုရင်ဆိုင်ဆဲကာလ၌ အင်းစိန်ထောင်တွင် အချုပ်ကျခံထားနေရသည့် အသက် ၅၄ နှစ်အရွယ်ရှိ ဦးသန့်ဇင် (ခ) ဦးအောင်စိုးဖြစ်ပြီး မရမ်းကုန်းမြို့နယ် နေသူဖြစ်ကြောင်း ရဲဌာနက ဆိုသည်။

ထိုနေ့က တရားသူကြီးက အမှုစစ်ဆေးပြီး၍ သူ့ကို အင်းစိန်အကျဉ်းထောင်သို့ ပြန်မပို့မီ တရားရုံး အချုပ်ခန်းအတွင်း ၌ အော့အန်ပြီး ချွဲများကပ်လာသဖြင့် သူ့ကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရာမှ ည ၉ နာရီ မိနစ် ၂ဝ အချိန်တွင် ဦးနှောက်သွေးကြောပေါက် ရောဂါဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။

၎င်း၏ အလောင်းအား ဓမ္မတာတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သေချာစစ်ဆေးနိုင်ရန် ဆေးရုံတွင် ဆက်လက် ထားရှိပြီး မရမ်းကုန်းရဲစခန်းက သေမှုသေခင်းအဖြစ်အမှုဖွင့် စစ်ဆေးလျှက်ရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့