Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 21 June 2013

နတ်တွေမှာသော စကားသုံးခွန်း"

သဒ္ဓါရဲ့ တန်ဖိုးကို လူတွေထက် နတ်တွေက ပိုသိတယ်။
ဘာဖြစ်လို့  ပိုသိသလဲဆိုတော့ လူတွေက စီးပွားဥစ္စာကို
ကြိုးစားပြီးရှာကြတယ်၊ ကိုယ့်ရဲ့ လုံ.လ၀ီရိယကြောင့်
စီးပွားဥစ္စာတွေ တိုးတက်ကြတယ်ဆိုတော့ ကံ ကံရဲ့ အကျိုးကို
သိပ်ပြီးမယုံကြည်ဘူး၊ သဒ္ဓါရဲ့ စွမ်းအားကို သိပ်ပြီးမသိကြဘူး၊
နတ်တွေကျတော့ ကံ ကံရဲ့ အကျိုးကို သိပ်ပြီးယုံကြည်တယ်။
ဘာဖြစ်လို.လဲဆိုတော့ သူတို့ မှာက လုပ်ကိုင်ပြီး စားရတဲ့ဘ၀မှ
မဟုတ်တာ၊ ကံ ကံရဲ့ အကျိုးကြောင့် ရလာတဲ့ဘ၀သာဖြစ်တယ်။
အရာရာဟာ ကံပေါ်မှာ မူတည်နေတယ်၊ ကံမရှိရင် ဘာမှ မရပါဘူး။
လူ.ပြည်မှာလို အရောင်းအ၀ယ်လုပ်လို့ မရဘူး၊ နတ်ပြည်မှာ
ရွှေဆိုင်တွေ ဖွင့်လို့ ရတာ မဟုတ်ဘူး။ အဲဒီတော့ ကံပေးတာလေးပဲ
သူတို့ တတွေ ရကြတာနော်။

နတ်တွေက လူတွေနဲ့ မတူဘူး၊ ဖြစ်ပေါ်လာတဲ့ဘ၀တစ်ခုမှာ
သူတို့  နတ်သက်တမ်းတစ်လျှောက်လုံး ၀တ်ထားတဲ့အ၀တ်လည်း
ဘယ်တော့မှ ဖွတ်ရတယ်မရှိဘူး၊ ပန်ထားတဲ့ပန်းကလည်း
ဘယ်တော့မှ နွမ်းသွားတယ်မရှိဘူး၊ အို ပူလို့ အိုက်လို့ 
ချွေးထွက်တာလည်း မရှိဘူး၊ အမြဲတမ်း သန့် ရှင်း သန့် ပြန့် နေတယ်။ သဘာဝကိုက သန့် ပြန့် နေတယ်။

သို့ သော် နတ်တွေဟာ ကံကုန်တော့မယ်ဆိုရင် ၀တ်ထားတဲ့
အ၀တ်တွေ နွမ်းလာတယ်၊ ပန်ထားတဲ့ပန်းတွေ ညှိုးလာတယ်၊
ခန္ဓာကိုယ်ဟာလည်း စိုစိုပြေပြေ မရှိတော့ဘဲ မွဲမွဲခြောက်ခြောက်
ဖြစ်လာတယ်၊ ချိုင်းကြားကနေ ချွေးတွေဘာတွေ ထွက်လာတယ်၊
ဒါက သူတို.သေခါနီးပြီဆိုတဲ့ sign ပြတာလို့ ခေါ်တယ်။
အဲဒီလို အခြေအနေတွေပေါ်လာတဲ့ နတ်တွေကို မိတ်ဆွေနတ်က
နန္ဒ၀န်ဥယျာဉ်ထဲကို ဆွဲခေါ်သွားကြတယ်၊ ဆွဲခေါ်သွားပြီးတော့
စကား(၃)ခွန်းပြောဆိုမှာကြားကြတယ်။

"အေး ဘာမှမစိုးရိမ်ပါနဲ.၊ ဒီဘ၀ကသေသွားလို့ ရှိရင်
အကောင်းဆုံးဘုံကို ရောက်အောင်သွားပါ၊ အကောင်းဆုံးဘုံကို
ရောက်တဲ့အခါကျတော့ အကောင်းဆုံလက်ဆောင်ကို
ရအောင်ယူလာပါ၊ ရထားတဲ့ လာဘ်လာဘကို ခိုင်မာအောင်
ကြိုးစားပါ" ဆိုတဲ့ စကား (၃) ခွန်းကို ပြောလိုက်ကြတယ်။

စကား(၃)ခွန်းရဲ့ အဓိပ္ပါယ်က ဘာလဲဆိုရင်
အကောင်းဆုံးဘုံကို ရောက်အောင်သွားဆိုတာက
လူ့ ဘုံကို ရောက်အောင်သွားလို့  ပြောတာဖြစ်တယ်။
အကောင်းဆုံးလာဘ်ကို ရအောင်ယူဆိုတာ သဒ္ဓါတရားကို
ပြောတာဖြစ်တယ်၊ ခိုင်မာအောင်လုပ်ပါ ဆိုတာ အဲဒီရထားတဲ.
သဒ္ဓါတရားကို ခိုင်မာအောင်လုပ်ပါလို့  ဒီလိုဆိုလိုတာဖြစ်တယ်။

အဲဒီတော့ နတ်သားတစ်ယောက်၊ နတ်သမီးတစ်ယောက်
စုတေခါနီးပြီဆိုရင် နန္ဒ၀န်ဥယျာဉ်ကို ခေါ်သွားပြီးတော့
အဲဒီစကား(၃)ခွန်းကို မှာကြားကြပါတယ်။
အဲဒါကြောင့် သဒ္ဓါစွမ်းအားရဲ့ တန်ဖိုးကို သူတို့ ကပိုသိကြတယ်။
လူ့ ပြည်ရဲ.တန်ဖိုးကို သူတို့ ကပိုသိကြတယ်။
လူ့ ပြည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါးရှိတဲ့အတွက်
ကုသိုလ်ကောင်းမှုတွေ အကုန်လုံးလုပ်နိုင်တယ်။

လူ့ ပြည်မှာ ကုသိုလ်ကောင်းမှုများများလုပ်လာတဲ့ ပုဂ္ဂိုလ်သည်
နတ်ပြည်ရောက်တဲ့အခါမှာ သာမန်ထက်ပိုပြီး ထူးခြားတဲ.စည်းစိမ်
ခံစားရတယ်၊ ဒါကြောင့် သွားချင်ရင် ဘယ်မှမသွားပါနဲ့ ၊
လူ.ပြည်ကိုသွားပါ၊ သဒ္ဓါတရားရှိလာပြီဆိုရင် ဒီသဒ္ဓါစွမ်းအားကို
အကြောင်းပြုပြီးတော့ ကုသိုလ်များများလုပ်ပါ၊ လုပ်ပြီးရင်
တို့ နတ်ပြည်ကို ပြန်လာပါလို့  ဒီလိုမှာကြတယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
ဟောကြားသော (မြတ်သောဥစ္စာ စုဆောင်းပါ တရားတော် မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
See More

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့