Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 19 June 2013

မြစ်ကြီးနားမြို့ လူတစ်ရာကျော် အစာအဆိပ်သင့်မှု ဗိုင်းရပ်စ်ပိုးကြောင့်ဟုဆို

Stapphylo coccus ဗိုင်းရပ်စ်ပိုး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်ရိုးရာ အိမ်ထောင်စု ဆုတောင်းပွဲ တွင် ကျွေးမွေးသည့် ကချင် ဒံပေါက်နှင့် အအေး စားသောက်သဖြင့် လူတစ်ရာကျော် အဆိပ်သင့်ခဲ့ခြင်းမှာ ဓာတုဗေဒ အဆိပ် မဟုတ်ဘဲ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ကြောင်း ကချင်ပြည်နယ် ကျန်းမာရေး ဦးစီးမှူး ဒေါ်ကြည်လွင်က အတည်ပြု ပြောကြားသည်။

ယင်း အစာအဆိပ်သင့်မှု ဖြစ်ပွားပြီးနောက် မြစ်ကြီးနားမြို့ပေါ်တွင် ဓာတုဗေဒ အဆိပ်ခတ်သည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ် နေသည့်အတွက် The Voice ၏ မေးမြန်းမှုကို အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"Stapphylo coccus ဆိုတဲ့ ဗိုင်းရပ်စ်ပိုး အစာ ထုတ်လွင့်မှုကြောင့် ဖြစ်နိုင် တယ်" ဟု ဆိုသည်။

ဇွန်လ ၁၆ ရက်နေ့က လူတစ်ရာကျော် အစာ အဆိပ်သင့်ခဲ့သည့် ကချင် ဒံပေါက်နှင့် အအေးများကို ဓာတ်ခွဲခန်းတွင် စမ်းသပ်နေပြီဖြစ်ပြီး အများပြည်သူ သိရှိစေရန် အတိအကျ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ှStapphylo coccus အမည်ရှိသော ဗိုင်းရပ်စ်ပိုးသည် ရာသီဥတု ပူပြင်းချိန် တွင် အကြောင်း အမျိုးမျိုးကြောင့် (ဥပမာ - လက် မသန့်ရှင်းခြင်း) အစား အသောက်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဓာတ်ပြုကာ အဆိပ်ထုတ်လွှတ် မှု ဖြစ်ပေါ်စေသည့်အပြင် အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်တွင် မျိုးပွားနိုင် သည့်အတွက် အစားအသောက် အနည်းအများပေါ် မူတည်၍ ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ပေါ်စေကြောင်း ဓာတ်ခွဲခန်း ဆရာဝန် တစ်ဦးက ရှင်းပြသည်။

လက်ရှိ အနေအထားအရ အစာ အဆိပ်သင့်မှု ဖြစ်ခဲ့သော လူ ၁၅၁ အနက် ၁၄၇ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး ကျန်လေးဦးမှာ စိုးရိမ်ဖွယ်ရာ အနေအထား မရှိကြောင်း မြစ်ကြီးနားဆေးရုံ ဆရာဝန်များ၏ ပြောဆိုချက် အရ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့